အမ်ိဳးသမီးမ်ားရဲ႕ ထဘီတန္း ေအာက္ဝင္ရင္ ဘုန္းနိမ့္လား ဘုရား

”နိမ့္တယ္ထင္ရင္ နိမ့္ပါတယ္ မနိမ့္ဘူးထင္ရင္ မနိမ့္ပါဘူး” ဘာေႀကာင့္လဲဆုိေတာ့ ထဘီေႀကာင့္ နိမ့္တာမဟုတ္ပဲ ”ထင္” ဆုိတဲ့ ဥပါဒါန္ေႀကာင့္သာ နိမ့္သြားတယ္လုိ႔ထင္တာပါ။

ပိတ္စတစ္ခုပဲျဖစ္တဲ့ ထဘီ လုိႏူးညံ့တဲ့ပိတ္စ တစ္ခုဟာ သင့္ကုိဘယ္လုိမ်ား ဒုကၡေရာက္ေစမလဲ။ ဘုန္းနိမ့္တယ္ဆုိတာက သင္ထင္သလုိမဟုတ္ျပန္ဘူး ”ဘုန္းနိမ့္ျပီဟဲ့” ဆုိတဲ့ သင့္ရဲ့ ခံစားခ်က္ဟာ negative feeling ဘက္ကုိ ေရာက္သြားတယ္။ စိတ္အလုိမက်ျဖစ္ေစတယ္… စိတ္ကုိ ေနာက္က်ိေစတယ္အဲ့ဒါဟာ စိတ္ပုိင္းဆုိင္ရာ အရည္အေသြး က်ဆင္းျခင္း စိတ္ပုိင္းဆုိင္ရာ ဘုန္းနိမ့္ျခင္းပါပဲ”

”ဒါဆုိ အရွင္ဘုရား ဝင္ခဲ့မိရင္ေရာ နိမ့္မွာလား”

”အဓိပၸာယ္မဲ့ ထဘီတန္းေအာက္ဝင္ဖုိ ့ေတာ့ စိတ္ကူးမရွိဘူးလုိအပ္ခဲ့လုိ ့ ဝင္ရျပီဆုိလည္း ဘုန္းနိမ့္တယ္လုိ ့ မယူဆပါဘူး။ရဟန္းတစ္ပါးရဲ့ အစြမ္းအစျဖစ္တဲ့ သီလသမာဓိပညာဟာ ဒီထဘီတန္းေႀကာင့္ က်ဆင္းစရာ မရွိပါဘူး”

”သကၤန္းဟာ ျမင့္ျမတ္ပါသလား၊ဘုရား.”

”သကၤန္းကျမင့္ျမတ္တာမဟုတ္ပဲ သကၤန္းဝတ္ဆင္ရျခင္း ရည္ရြယ္ခ်က္က ျမင့္ျမတ္ေနတာပါ’ ဒကာ။

”ဘာရည္ရြယ္ခ်က္မုိ ့လုိ ့လဲဘုရား”

”ေရာင့္ရဲ ျခိဳးျခံလုိျခင္း”

”တပည့္ေတာ္ ႀကားဖူးတာက မိန္းမဟာ ဘုန္းကံနိမ့္တဲ့အတြက္ မိန္းမ ေအာက္ပုိင္းဝတ္တဲ့ ထဘီတန္းေအာက္ဝင္ရင္ ဘုန္းနိမ့္တယ္လုိ ့ ၾကားဘူးထားပါတယ္ဘုရား”

”ဘုန္းဆုိတာကုိ ရွင္းမွ ရေတာ့မယ္ဒကာ ဘုန္းဆုိတာအက်ိ ဳးသေဘာတရားပါ။ အစြမ္းအစလည္းျဖစ္တယ္။ အားသာခ်က္လည္းျဖစ္တယ္ဒကာ။ အက်ိ ဳးသေဘာတရားေပါ့။ ဒါဟာအေႀကာင္းတရားလုပ္ေဆာင္ခ်က္ကုိ မူတည္ျပီး အက်ိ ဳးတရား ဘုန္းကံရယ္လုိ ့ ျဖစ္လာတယ္။ အေလးမျခင္း အေႀကာင္းဟာ သန္မာျခင္းအက်ိ ဳးကုိရမယ္။ သန္မာျခင္းဟာ ဘုန္းပဲ။ ေဖာ္ေရြပ်ဴ ငွာျခင္းအေႀကာင္းဟာ လူခ်စ္လူခင္မ်ားျခင္း အက်ိ ဳးကုိရမယ္။ ဒီလူခ်စ္လူခင္မ်ားျခင္းဟာ ဘုန္းပဲ။ ထဘီတန္းေအာက္ဝင္ျခင္းအေႀကာင္းေႀကာင့္ ဘယ္အက်ိ ဳးမ်ား ထိခုိက္ေစသလဲ။ ဒကာေတြးႀကည့္ပါ။ရက္ႀကာႀကာဝတ္ျပီး မေလ်ွာ္ရေသးတဲ့ ထဘီဆုိရင္ေတာ့ အနံ ့ အသက္ဆုိးတဲ့ ေဝဒနာကုိ ရခ်င္ရမွာေပါ့”

”ဘုန္းဘုန္း ခုနကေျပာတယ္ နိမ့္တယ္ထင္ရင္ နိမ့္တယ္ဆုိ”

”ဒါဟာ ထဘီတန္းေအာက္ဝင္ျခင္းေႀကာင့္ နိမ့္တာမဟုတ္ဘူး နိမ့္တယ္လုိ ့ ထင္မိတဲ့ ဥပါဒါန္အေႀကာင္းေႀကာင့္ပဲ။ စိတ္မသက္မသာခံစားရတယ္မဟုတ္လား… ဒါ သက္ေတာင့္သက္သာစိတ္ ပ်က္စီးသြားျခင္းေပါ့… စိတ္သက္ေတာင့္သက္သာျဖစ္တာ မေကာင္းဘူးလား”

”ေကာင္းပါတယ္ဘုရား”

”မိမိပုိင္ဆ္ုိင္ထားေသာ ေကာင္းေသာအရာတစ္ခု ပ်က္စီးယုတ္ေလ်ာ့ျခင္းဟာ ဘုန္းနိမ့္ျခင္းပါပဲ”

”ေရွးအဆက္ဆက္က ဒီလုိပဲေျပာလာႀကတာ ဘုရား… အရွင္ဘုရားလည္း သိမွာပါ ထဘီတန္းေအာက္ဝင္ရင္ ဘုန္းနိမ့္တယ္ဆုိတာ ေရွးကတည္းက အယူအဆပါ”

”ဗုဒၶက ကာလာမသုတ္ကုိေဟာတယ္ ေရွးကေျပာတဲ့စကားမုိ ့လုိ ့လည္း အမွန္မယူေလနဲ ့တဲ့’

”ေရွးထုံးကပယ္သင့္သလားဘုရား”

”ပယ္သင့္ျခင္းမပယ္သင့္ျခင္းဟာ ေရွးထုံးေတြ ဒီေန ့ေခတ္ထုံးေတြေပၚမွာမမူတည္ပါဘူး အမွန္အမွားေပၚသာမူတည္ပါတယ္ မွန္ရင္ယူမယ္ မွားရင္ပယ္မယ္ အမွန္အမွားကုိ ခြဲျခားဖုိ ့ သင့္မွာ ဥာဏ္ရည္ရွိတယ္ ဆင္ျခင္ႏုိင္စြမ္းလည္းရွိတယ္ သင္ေတြးႀကည့္ပါ ထဘီေအာက္ဝင္ရင္ ဘယ္လုိ အစြမ္းအစမ်ိ ဳး က်ဆင္းႏုိင္ပါသလဲ”

”မရွင္းတာေတြေမးဦးမယ္ဘုရား”

”ေမးပါ ဒကာ”

”တပည့္ေတာ္ တစ္ေန ့ကားစီးေတာ့ ဘုန္းႀကီး တစ္ပါးေဘးမွာ ထုိင္ျဖစ္တယ္ အဖြားအုိ တစ္ေယာက္တတ္လာေတာ့ က်ေနာ္ကေနရာေပးတယ္ အဖြားအုိက ျငင္းတယ္ ဘုန္းႀကီး ေဘးမုိ ့မထုိင္ရဲဘူးတဲ့ဘုရား”

ကားေပၚမွာ သံဃာေတာ္ ကုိ ဦးစားေပးတဲ့အယူအဆကုိ မွန္တယ္လုိ ့ အရွင္ဘုရားျမင္မိလား”

”ထုိင္ျခင္း ထျခင္းႏွစ္မ်ိ ဳးမွာ ထုိင္ျခင္းက ပုိသက္သာတယ္ဒကာ ထျခင္းဟာ ပုိ အားစုိက္ရတယ္ ဒီလုိဆုိေတာ့ အင္အားနည္းပါးသူဟာ ထုိင္ဖုိ ့ ပုိလုိအပ္တယ္…. ဒါေႀကာင့္ အင္အားနည္းသူကုိ ဦးစားေပးရမယ္… အကယ္၍အင္အားရွိသူခ်င္း ယွဥ္လာရင္ အိေျႏၵပုိထိန္းရသူကုိ ဦးစားေပးမယ္… ကားအလႈပ္မွာ ယုိင္ထုိးေနမယ္ ဆုိရင္အိေျႏၵထိပါတယ္။ သေဘာက ကေလးေခ်ာ္လဲတာ ရုပ္မပ်က္ေပမယ့္ လူႀကီးေခ်ာ္လဲေတာ့ ရုပ္ပ်က္တယ္။ ဒါေႀကာင့္ က်န္းမာေရးေႀကာင့္ အင္အားနည္းသူ အသက္အရြယ္ေႀကာင့္အင္အားနည္းသူကုိ ဦးစားေပးျပီးရင္ အိေျႏၵေဆာင္ ရဟန္းသံဃာကုိလည္း ဦးစားေပးသင့္ပါတယ္”

”ရဟန္းထက္ ပုိဦးစားေပးရတာ ရွိတဲ့သေဘာေပါ့”

”အေႀကာင္းအရာေပၚမူတည္ျပီး ဗုဒၶထက္ကုိ ပုိဦးစားေပးရတာေတြ ရွိပါတယ္ အားလုံးဟာ ဆင္ျခင္တုံတရားနဲ ့ ေတြးရင္ အေျဖထြက္ပါတယ္ဒကာ”

”ဘုန္းႀကီးပုံစံက ေရွးရုိးစြဲ ဗုဒၶဘာသာ နဲ ့ မူကြဲေနသလုိပဲ”

”ကြဲဖုိ ့လည္း ႀကိဳးစားျခင္းမဟုတ္သလုိ တူဖုိ ့လည္း ႀကိဳးစားေနျခင္းမဟုတ္ပါဒကာ ေရွးရုိးကုိ စြဲျပီဆုိရင္ ဗုဒၶဘာသာရယ္လုိ႔ မေခၚပါဘူး… ဘာကုိမွ စြဲေနလုိ ့မရဘူးဒကာ ဘုန္းဘုန္းတုိ ့က ေထရဝါဒဆုိတဲ့ ေခါင္းစဥ္အတြင္းမွာ နာမည္တပ္ခံထားရတယ္… ဒကာက ဘုန္းဘုန္းလုိ ့ေခၚတယ္ ဒီပညတ္ေတြကုိ အသည္းအသန္ ျငင္းဆန္ဖုိ ့မလုိလုိ ့ ဒီအတုိင္း လက္ခံထားတယ္… ဇာတကဝတၳဳေတြ ဇာတ္ႀကီးဆယ္ဘြဲ ့ ေတြသင္ႀကားရတယ္…

”ဒါကုိ သင္ႀကားရျခင္းကုိ ေရွးရုိးစြဲပါလုိ ့ လာေျပာလုိ ့မရဘူး အေႀကာင္းအရာကုိေတာ့ တူညီစြာသင္ခဲ့ရတယ္ သေဘာတရားကုိေတာ့ တစ္ဦးတစ္ေယာက္ခ်င္းစီရဲ့ ဆင္ျခင္တုံတရားနဲ ့ ယူပါတယ္… မဟာဇနက တကယ္လက္ပစ္ကူးခဲ့ မကူးခဲ့ဆုိတာကုိ ဘုန္းႀကီးမေတြးဘူး ဘာ message ေပးသလဲဆုိတာကုိ ဘုန္းႀကီးယူတယ္… ”မေသမခ်င္း အေလွ်ာ့မေပးနဲ ့ ”ဆုိတဲ့ message….

ဝမ္းဝေအာင္စားတယ္… ခါးဝတ္ကုိ ေရမဝင္ေအာင္ ဆီသုတ္တယ္ ခါးဝတ္ကုိ သက္ကယ္ေဘာလုိ လုပ္ျပီး ရွင္သန္ခြင့္ရွိသမ်ွ ရွင္သန္ဖုိ ့ ႀကိဳးစားတယ္ ေမခလာနဲ ့ ေတြ ့တာ မေတြ ့တာေနာက္ထား… သေဘၤာေပၚမွာ ဇနက အသက္အရွည္ဆုံးပဲမဟုတ္လား survival ရႏုိင္သမ်ွ ရေအာင္ ရွင္သန္ရဲရမယ္… သုတၱံေတြဟာ ဥပမာေဆာင္ျပီး ေဟာတဲ့တရားပါ အီစြပ္ပုံျပင္ေတြဟာ တကယ့္ျဖစ္ရပ္မဟုတ္သည့္တုိင္ ယူစရာ messageေတြရွိရဲ့မဟုတ္လားဒကာ”

”ဗုဒၶဘာသာ ဘုန္းႀကီး တစ္ပါးက မဟာဇနကဇာတ္ကုိ တကယ္ျဖစ္ခဲ့ မျဖစ္ခဲ့မေတြးဘူးဆုိေတာ့ ဒီ စကား တာဝန္မႀကီးဘူးလားဘုရား”

”ဗုဒၶဘာသာ မွာ ဘယ္သူကမွ က်မ္းဂန္လာေတြကုိ ယုံကုိယုုံရမယ္ဆုိတဲ့ တာဝန္ ရွိမေနဘူးဒကာ

ယုံျခင္းမယုံျခင္းဟာ မိမိအခြင့္အေရး ယုံျခင္း၏ေကာင္းက်ိ ဳး လည္းမိမိစံ ယုံျခင္း၏ဆုိးက်ိ ဳးလည္း မိမိခံ ဒါမ်ွတပါတယ္…

ေလ့လာႀကည့္ပါ ကုိယ္ယုံတာကုိ သူမ်ားလည္းယုံေစလုိတဲ့ အေရးအသားေတြျမင္ရမယ္ ကုိယ္ႀကည္ညိဳရာကုိ သူမ်ားလည္း ႀကည္ညိဳေစလုိတဲ့ အေရးအသားေတြျမင္ရမယ္ ဒါဟာ အႏုမာနသေဘာလည္းျဖစ္မယ္။ ကုိယ့္ဘာသာဝင္မ်ားေစခ်င္တဲ့ ေလာဘလည္း ျဖစ္မယ္။ ဒါမွမဟုတ္ ေကာင္းရာသုိ ့ အႀကံျပဳ လုိတဲ့ ေမတၱာလည္းျဖစ္မယ္…။

အတၱာဟိအတၱေနာနာေထာ သင္ဘယ္လုိယူမလဲ ဘယ္လုိဆင္ျခင္မလဲ။ ဒါသင့္အေပၚပဲမူတည္တယ္”

”တင္ပါ့ဘုရား”

Credit : Hlataw

(Unicode Version)

အမျိုးသမီးများရဲ့ ထဘီတန်းအောက်ဝင်ရင် ဘုန်းနိမ့်လား ဘုရား

”နိမ့်တယ်ထင်ရင် နိမ့်ပါတယ် မနိမ့်ဘူးထင်ရင် မနိမ့်ပါဘူး” ဘာကြောင့်လဲဆိုတော့ ထဘီကြောင့် နိမ့်တာမဟုတ်ပဲ ”ထင်”ဆိုတဲ့ ဥပါဒါန်ကြောင့်သာ နိမ့်သွားတယ်လို့ထင်တာပါ။

ပိတ်စတစ်ခုပဲဖြစ်တဲ့ ထဘီ လိုနူးညံ့တဲ့ပိတ်စ တစ်ခုဟာ သင့်ကိုဘယ်လိုများ ဒုက္ခရောက်စေမလဲ။ ဘုန်းနိမ့်တယ်ဆိုတာက သင်ထင်သလိုမဟုတ်ပြန်ဘူး ”ဘုန်းနိမ့်ပြီဟဲ့” ဆိုတဲ့ သင့်ရဲ့ ခံစားချက်ဟာ negative feeling ဘက်ကို ရောက်သွားတယ်။ စိတ်အလိုမကျဖြစ်စေတယ်… စိတ်ကို နောက်ကျိစေတယ်အဲ့ဒါဟာ စိတ်ပိုင်းဆိုင်ရာ အရည်အသွေး ကျဆင်းခြင်း စိတ်ပိုင်းဆိုင်ရာ ဘုန်းနိမ့်ခြင်းပါပဲ”

”ဒါဆို အရှင်ဘုရား ဝင်ခဲ့မိရင်ရော နိမ့်မှာလား”

”အဓိပ္ပာယ်မဲ့ ထဘီတန်းအောက်ဝင်ဖို ့တော့ စိတ်ကူးမရှိဘူးလိုအပ်ခဲ့လို ့ ဝင်ရပြီဆိုလည်း ဘုန်းနိမ့်တယ်လို ့ မယူဆပါဘူး။ရဟန်းတစ်ပါးရဲ့ အစွမ်းအစဖြစ်တဲ့ သီလသမာဓိပညာဟာ ဒီထဘီတန်းကြောင့် ကျဆင်းစရာ မရှိပါဘူး”

”သင်္ကန်းဟာ မြင့်မြတ်ပါသလား၊ဘုရား.”

”သင်္ကန်းကမြင့်မြတ်တာမဟုတ်ပဲ သင်္ကန်းဝတ်ဆင်ရခြင်း ရည်ရွယ်ချက်က မြင့်မြတ်နေတာပါ’ ဒကာ။

”ဘာရည်ရွယ်ချက်မို ့လို ့လဲဘုရား”

”ရောင့်ရဲ ခြိုးခြံလိုခြင်း”

”တပည့်တော် ကြားဖူးတာက မိန်းမဟာ ဘုန်းကံနိမ့်တဲ့အတွက် မိန်းမ အောက်ပိုင်းဝတ်တဲ့ ထဘီတန်းအောက်ဝင်ရင် ဘုန်းနိမ့်တယ်လို ့ ကြားဘူးထားပါတယ်ဘုရား”

”ဘုန်းဆိုတာကို ရှင်းမှ ရတော့မယ်ဒကာ ဘုန်းဆိုတာအကျိ ုးသဘောတရားပါ။ အစွမ်းအစလည်းဖြစ်တယ်။ အားသာချက်လည်းဖြစ်တယ်ဒကာ။ အကျိ ုးသဘောတရားပေါ့။ ဒါဟာအကြောင်းတရားလုပ်ဆောင်ချက်ကို မူတည်ပြီး အကျိ ုးတရား ဘုန်းကံရယ်လို ့ ဖြစ်လာတယ်။ အလေးမခြင်း အကြောင်းဟာ သန်မာခြင်းအကျိ ုးကိုရမယ်။ သန်မာခြင်းဟာ ဘုန်းပဲ။ ဖော်ရွေပျူ ငှာခြင်းအကြောင်းဟာ လူချစ်လူခင်များခြင်း အကျိ ုးကိုရမယ်။ ဒီလူချစ်လူခင်များခြင်းဟာ ဘုန်းပဲ။ ထဘီတန်းအောက်ဝင်ခြင်းအကြောင်းကြောင့် ဘယ်အကျိ ုးများ ထိခိုက်စေသလဲ။ ဒကာတွေးကြည့်ပါ။ရက်ကြာကြာဝတ်ပြီး မလျှော်ရသေးတဲ့ ထဘီဆိုရင်တော့ အနံ ့ အသက်ဆိုးတဲ့ ဝေဒနာကို ရချင်ရမှာပေါ့”

”ဘုန်းဘုန်း ခုနကပြောတယ် နိမ့်တယ်ထင်ရင် နိမ့်တယ်ဆို”

”ဒါဟာ ထဘီတန်းအောက်ဝင်ခြင်းကြောင့် နိမ့်တာမဟုတ်ဘူး နိမ့်တယ်လို ့ ထင်မိတဲ့ ဥပါဒါန်အကြောင်းကြောင့်ပဲ။ စိတ်မသက်မသာခံစားရတယ်မဟုတ်လား… ဒါ သက်တောင့်သက်သာစိတ် ပျက်စီးသွားခြင်းပေါ့… စိတ်သက်တောင့်သက်သာဖြစ်တာ မကောင်းဘူးလား”

”ကောင်းပါတယ်ဘုရား”

”မိမိပိုင်ဆ်ုိင်ထားသော ကောင်းသောအရာတစ်ခု ပျက်စီးယုတ်လျော့ခြင်းဟာ ဘုန်းနိမ့်ခြင်းပါပဲ”

”ရှေးအဆက်ဆက်က ဒီလိုပဲပြောလာကြတာ ဘုရား… အရှင်ဘုရားလည်း သိမှာပါ ထဘီတန်းအောက်ဝင်ရင် ဘုန်းနိမ့်တယ်ဆိုတာ ရှေးကတည်းက အယူအဆပါ”

”ဗုဒ္ဓက ကာလာမသုတ်ကိုဟောတယ် ရှေးကပြောတဲ့စကားမို ့လို ့လည်း အမှန်မယူလေနဲ ့တဲ့’

”ရှေးထုံးကပယ်သင့်သလားဘုရား”

”ပယ်သင့်ခြင်းမပယ်သင့်ခြင်းဟာ ရှေးထုံးတွေ ဒီနေ ့ခေတ်ထုံးတွေပေါ်မှာမမူတည်ပါဘူး အမှန်အမှားပေါ်သာမူတည်ပါတယ် မှန်ရင်ယူမယ် မှားရင်ပယ်မယ် အမှန်အမှားကို ခွဲခြားဖို ့ သင့်မှာ ဉာဏ်ရည်ရှိတယ် ဆင်ခြင်နိုင်စွမ်းလည်းရှိတယ် သင်တွေးကြည့်ပါ ထဘီအောက်ဝင်ရင် ဘယ်လို အစွမ်းအစမျိ ုး ကျဆင်းနိုင်ပါသလဲ”

”မရှင်းတာတွေမေးဦးမယ်ဘုရား”

”မေးပါ ဒကာ”

”တပည့်တော် တစ်နေ ့ကားစီးတော့ ဘုန်းကြီး တစ်ပါးဘေးမှာ ထိုင်ဖြစ်တယ် အဖွားအို တစ်ယောက်တတ်လာတော့ ကျနော်ကနေရာပေးတယ် အဖွားအိုက ငြင်းတယ် ဘုန်းကြီး ဘေးမို ့မထိုင်ရဲဘူးတဲ့ဘုရား”

ကားပေါ်မှာ သံဃာတော် ကို ဦးစားပေးတဲ့အယူအဆကို မှန်တယ်လို ့ အရှင်ဘုရားမြင်မိလား”

”ထိုင်ခြင်း ထခြင်းနှစ်မျိ ုးမှာ ထိုင်ခြင်းက ပိုသက်သာတယ်ဒကာ ထခြင်းဟာ ပို အားစိုက်ရတယ် ဒီလိုဆိုတော့ အင်အားနည်းပါးသူဟာ ထိုင်ဖို ့ ပိုလိုအပ်တယ်…. ဒါကြောင့် အင်အားနည်းသူကို ဦးစားပေးရမယ်… အကယ်၍အင်အားရှိသူချင်း ယှဉ်လာရင် အိန္ဒြေပိုထိန်းရသူကို ဦးစားပေးမယ်… ကားအလှုပ်မှာ ယိုင်ထိုးနေမယ် ဆိုရင်အိန္ဒြေထိပါတယ်။ သဘောက ကလေးချော်လဲတာ ရုပ်မပျက်ပေမယ့် လူကြီးချော်လဲတော့ ရုပ်ပျက်တယ်။ ဒါကြောင့် ကျန်းမာရေးကြောင့် အင်အားနည်းသူ အသက်အရွယ်ကြောင့်အင်အားနည်းသူကို ဦးစားပေးပြီးရင် အိန္ဒြေဆောင် ရဟန်းသံဃာကိုလည်း ဦးစားပေးသင့်ပါတယ်”

”ရဟန်းထက် ပိုဦးစားပေးရတာ ရှိတဲ့သဘောပေါ့”

”အကြောင်းအရာပေါ်မူတည်ပြီး ဗုဒ္ဓထက်ကို ပိုဦးစားပေးရတာတွေ ရှိပါတယ် အားလုံးဟာ ဆင်ခြင်တုံတရားနဲ ့ တွေးရင် အဖြေထွက်ပါတယ်ဒကာ”

”ဘုန်းကြီးပုံစံက ရှေးရိုးစွဲ ဗုဒ္ဓဘာသာ နဲ ့ မူကွဲနေသလိုပဲ”

”ကွဲဖို ့လည်း ကြိုးစားခြင်းမဟုတ်သလို တူဖို ့လည်း ကြိုးစားနေခြင်းမဟုတ်ပါဒကာ ရှေးရိုးကို စွဲပြီဆိုရင် ဗုဒ္ဓဘာသာရယ်လို့ မခေါ်ပါဘူး… ဘာကိုမှ စွဲနေလို ့မရဘူးဒကာ ဘုန်းဘုန်းတို ့က ထေရဝါဒဆိုတဲ့ ခေါင်းစဉ်အတွင်းမှာ နာမည်တပ်ခံထားရတယ်… ဒကာက ဘုန်းဘုန်းလို ့ခေါ်တယ် ဒီပညတ်တွေကို အသည်းအသန် ငြင်းဆန်ဖို ့မလိုလို ့ ဒီအတိုင်း လက်ခံထားတယ်… ဇာတကဝတ္ထုတွေ ဇာတ်ကြီးဆယ်ဘွဲ ့ တွေသင်ကြားရတယ်…

”ဒါကို သင်ကြားရခြင်းကို ရှေးရိုးစွဲပါလို ့ လာပြောလို ့မရဘူး အကြောင်းအရာကိုတော့ တူညီစွာသင်ခဲ့ရတယ် သဘောတရားကိုတော့ တစ်ဦးတစ်ယောက်ချင်းစီရဲ့ ဆင်ခြင်တုံတရားနဲ ့ ယူပါတယ်… မဟာဇနက တကယ်လက်ပစ်ကူးခဲ့ မကူးခဲ့ဆိုတာကို ဘုန်းကြီးမတွေးဘူး ဘာ message ပေးသလဲဆိုတာကို ဘုန်းကြီးယူတယ်… ”မသေမချင်း အလျှော့မပေးနဲ ့ ”ဆိုတဲ့ message….

ဝမ်းဝအောင်စားတယ်… ခါးဝတ်ကို ရေမဝင်အောင် ဆီသုတ်တယ် ခါးဝတ်ကို သက်ကယ်ဘောလို လုပ်ပြီး ရှင်သန်ခွင့်ရှိသမျှ ရှင်သန်ဖို ့ ကြိုးစားတယ် မေခလာနဲ ့ တွေ ့တာ မတွေ ့တာနောက်ထား… သင်္ဘောပေါ်မှာ ဇနက အသက်အရှည်ဆုံးပဲမဟုတ်လား survival ရနိုင်သမျှ ရအောင် ရှင်သန်ရဲရမယ်… သုတ္တံတွေဟာ ဥပမာဆောင်ပြီး ဟောတဲ့တရားပါ အီစွပ်ပုံပြင်တွေဟာ တကယ့်ဖြစ်ရပ်မဟုတ်သည့်တိုင် ယူစရာ messageတွေရှိရဲ့မဟုတ်လားဒကာ”

”ဗုဒ္ဓဘာသာ ဘုန်းကြီး တစ်ပါးက မဟာဇနကဇာတ်ကို တကယ်ဖြစ်ခဲ့ မဖြစ်ခဲ့မတွေးဘူးဆိုတော့ ဒီ စကား တာဝန်မကြီးဘူးလားဘုရား”

”ဗုဒ္ဓဘာသာ မှာ ဘယ်သူကမှ ကျမ်းဂန်လာတွေကို ယုံကိုယုုံရမယ်ဆိုတဲ့ တာဝန် ရှိမနေဘူးဒကာ

ယုံခြင်းမယုံခြင်းဟာ မိမိအခွင့်အရေး ယုံခြင်း၏ကောင်းကျိ ုး လည်းမိမိစံ ယုံခြင်း၏ဆိုးကျိ ုးလည်း မိမိခံ ဒါမျှတပါတယ်…

လေ့လာကြည့်ပါ ကိုယ်ယုံတာကို သူများလည်းယုံစေလိုတဲ့ အရေးအသားတွေမြင်ရမယ် ကိုယ်ကြည်ညိုရာကို သူများလည်း ကြည်ညိုစေလိုတဲ့ အရေးအသားတွေမြင်ရမယ် ဒါဟာ အနုမာနသဘောလည်းဖြစ်မယ်။ ကိုယ့်ဘာသာဝင်များစေချင်တဲ့ လောဘလည်း ဖြစ်မယ်။ ဒါမှမဟုတ် ကောင်းရာသို ့ အကြံပြု လိုတဲ့ မေတ္တာလည်းဖြစ်မယ်…။

အတ္တာဟိအတ္တနောနာထော သင်ဘယ်လိုယူမလဲ ဘယ်လိုဆင်ခြင်မလဲ။ ဒါသင့်အပေါ်ပဲမူတည်တယ်”

”တင်ပါ့ဘုရား”

Credit : Hlataw