


Source : Yan Myo Aung

(Unicode Version)

သမီး မချိုသော်နိုင်ကို စစ်ကိုင်းကနေ မြဝတီ မဲဆောက်အထိ လိုက်လာပြီး တစ်ဆိုင်ဝင် တစ်ဆိုင်ထွက် လိုက်ရှာနေတဲ့ သနားစရာ မိခင်တစ်ယောက်

သမီး ချိုသော်နိုင် ရေ အမေ စစ်ကိုင်းကနေ မြဝတီမဲဆောက်ကိုရောက်လာပြီး သမီးကို ရှာနေပါတယ်။ ခု ညနေ အမေ မော်လမြိုင်ကို ကားနဲ့ပြန်မယ် မော်လမြိုင်ကနေ ရထားနဲ့ စကိုင်းကို ပြန်တော့မယ် အမေ ကျန်းမာရေးလည်း မကောင်းဘူး သမီးပြန်လာပါတော့ အမေ အိမ်မှာ ပြန်စောင့်နေမယ်

သားနဲ့အမိ သမီးနဲ့အမေ ဖြစ်နေကြ ပုံမှန် ပြသနာမျိုး မဟုတ်တာကြောင့် ကျနော့် ကို ကူညီခွင့်ပြုပါ အရမ်းဝေးလွန်းတဲ့ ခရီးတခုကို ဆင်းရင်ခြင်းတွေနဲ့ တယောက်ထဲ သွားရတဲ့ ဒုက္ခရယ် ရာသီဥတုရဲ့ ရိုက်ခိုက်မှုတွေရယ် သမီးလေးကို တွေမလားဆိုတဲ့ မျော်လင့်ချက်တွေရယ် ရင်းနှီးမှု မရှိတဲ့ ပတ်ဝန်းကျင်အသစ်ရယ် အေးစက်စက်နဲ့ စာနာမှု အကြင်နာတရား မဲ့တက်တဲ့လူတွေကြားမှာဒီအမေအိုတယောက် ဝဠ်ဒုက္ခ ကို ကျနော် ခံစားကြည့်မိပါရဲ့.

Source : Yan Myo Aung