အေလာင္းေတာ္ ကႆပ လႈိဏ္ဂူအတြင္း ဝင္ေရာက္ ဖူးေမ်ာ္ႏိုင္ခဲ့ေသာ ေက်ာ္ေအာင္စံထား ဆရာေတာ္

အမရပူရၿမိဳ႕ သတၲမေျမာက္ ေက်ာ္ေအာင္စံထား ဆရာေတာ္ အရွင္ဝါယမာဘိဝံသ သည္ ၁၃၁၆ ခု တပို႕တြဲလဆန္း ၁ ရက္ေန႔တြင္ အေလာင္းေတာ္ ကႆပ လိႈဏ္ဂူရိွရာသို႕ စတင္ခရီးထြက္လာ၏။ ကပိုင္မွ တဆင့္ ေတာႀကီးအတြင္းသို႕ေျခလ်ွင္ ၾကြခဲ႕၏။ ေခ်ာင္းမႀကီးကို ျဖတ္ေက်ာ္ျပီး လူသြားလမ္းေလး အတိုင္းလာခဲ႔ရာ သစ္ပင္ကြယ္မွ ေခြးတစ္ေကာင္ထြက္လာျပီး ေရွ႕တည့္တည့္မွ လမ္းျပသြား၏။ေနာက္က်ေနလ်ွင္ ေစာင့္၏။ ေႀကးစည္သံ ႀကားရ၍ ဘုရားအာရုံခံေရွ႕ေရာက္၏။ ရဟႏၲာ အရွင္ျမတ္ႀကီး ပရိနိဗၺာန္ျပဳ ေနပံုအာရံုတြင္ကိုဖူးရ၏။

ထိုေနရာမွ ေအာက္လိွဳဏ္ဂူသို႕ ေက်ာက္တံုးမ်ား နင္းျပီး ဆင္းလာခဲ႕၏။ေမွာင္ေန၍ စမ္းတဝါးဝါးျဖင့္သာ။ ေအာက္သို႕ေရာက္လ်င္ လိွဳဏ္ဂူဝကိုို ေက်ာက္တံုးႀကီး တစ္ခုက လ်ွာထိုးသကဲ႕သို႕ ပိတ္ေန၏။ ေရစီးေႀကာင္းတစ္ခုက ေက်ာက္တံုးႀကီး ေအာက္ေျခအတြင္းစီးဝင္သြားျပီး တဖက္မွ ျပန္ထြက္ လာ၏။ ထိုေရစီးေႀကာင္းမ်ား ႀကားတြင္ ေရသႏုပ္ သင္းပိုင္ ကိုခင္းျပီး ရွိခိုး၏။ အမ်ွေဝ၏။အလင္းတိုင္ ၃ တုိင္ မီးပူေဇာ္၏ ။ သစၥာျပဳ၍ ပုတီး ၂ ပါတ္စိပ္၏။ ဂူအေပါက္ကလႈပ္ေန၏ ။ ေဆာင္းတြင္းျဖစ္ေသာ္လည္း ဂူတြင္ ေႏြးေန၏ ။ခရီးပန္းလာ၍ ေခတၱအိပ္လိုက္၏။ ႏုိးလာ ေသာအခါ ည ၁၂ နာရီ ရိွေန၏။၊

“သုဂေတာ ငါးခ်က္ ဂါထာကို ယေန႕မွ ၄၅ ရက္အတြင္း ပါတ္ေရ ကိုးေထာင္ ျပည့္ေအာင္စိပ္ပါမည္ဟုုသစၥာအဓိ႒ာန္ျပဳ ၏။ မွန္ကန္ေသာ သစၥာ စကားျဖစ္ပါက ၇ ရက္ အတြင္း ဂူ ပြင့္၍ အထဲဝင္ျပီး ပုတီးစိပ္ႏိုင္ပါေစသား ဟု ပ႒ာနျပဳလိုက္၏။ ထိုအခါဂူႀကီး တျဖစ္ျဖစ္ျမည္သြားေလ၏ ။

ဂူအမိုးက ေက်ာက္စက္ေရမ်ား က်ေန၏။ လင္းႏို႕ေခ်း နံ႔ ဆိုးရြား လွ၏။ သန္းေခါင္ေက်ာ္၌ ေအးစိမ့္လာ၏ ။ ႏွစ္ထပ္ သခၤန္းႀကီး ျခံဳ ထားသျဖင့္ ခံႏိုင္ေသး၏ ။ပုတီး ၆ ပါတ္စိတ္အျပီး ဂူအဝတြင္ လမ္းေလ်ွာက္၍ စိပ္၏ ။ဖေယာင္းတိုင္ ထြန္းထား၍ ျမင္ရ၏ ။ က်ား ဟိန္းသံမ်ား ေျမြတြန္သံမ်ား ပီပီသသ ႀကားရ၏ ။ ခႏၶာကိုယ္ကို ဘုရားလွဴ ထားျပီ ျဖစ္၍ေသရံုအျပင္ မပိုႏိုင္ဟု စိတ္တင္းထားျပီး ပုတီးကိုသာ တြင္တြင္စိတ္၏။ ပုတီး ၁၀ ပါတ္ ရေသာအခါ ေမတၱာပို႕ အမ်ွေဝ လိုက္၏ သာဓု ေခၚသံမ်ား တစ္ေတာေတာင္တစ္ခုလံုး ဆူညံစြာ ႀကားရ၏ ။ ပတ္ဝန္းက်င္မွာ နတ္ေတြ ရိွသားပဲဟု အားတက္လာ၏။ နံနက္ ေလးနာရီတြင္ သုဂေတာ ၅ ခ်က္ ထပ္မံစိတ္ျပန္၏ ။ နံနက္လင္းေသာ္ ေမတၱာပို႕ အမ်ွေဝ၏။

မ်က္ႏွာသစ္ျပီး္ စားစရာ ရွုာ ရ၏ ။ ဂူအထက္ ေျမာက္ဘက္သို႕သြားေသာ္ ငွက္ေပ်ာ ေတာႀကီး ေတြႈရ၏ ။ ငွက္ေပ်ာသီးမွည့္ ၂ ဖီးခူလာ၏ ။ ေရေဆးျပီးဆြမ္းေတာ္ကပ္၍ ၃ လံုးစားလိုက္၏။ စားျပီးလ်ွင္ ေရခ်ိဳး သင္းပိုင္ေနလွန္း ဧကသီကို တစ္ပိုင္းဝတ္ တစ္ပိုင္းျခံဳျပီး ေနပူဇာ လႈံရင္း ပုတီးစိတ္၏ ည ၁၂ နာရီထိုးေသာအခါ ပုတီးအပါတ္ေရ ေပါင္း ၃၆ ပါတ္ရ၏ ေမတၱာပို႕ အမ်ွေဝျပီး အိပ္လိုက္၏။ တစ္ခ်က္ခြဲေသာ္ ႏိုးလာျပီး ပုတီးဆက္စိပ္၏ ။ ပုတီး (၃ ) ပါတ္ေလာက္ေရာက္ေသာအခါ ေနာက္ ေက်ာကို တြန္းလိုက္သလိုခံစားရျပီး ေရွ႕စိုက္သြား၏။ နဖူးႏွင့္ ေျမႀကီးမထိေအာင္ ထိန္းထားရ၏။ လွည့္ႀကည့္ခ်င္ေသာ္လည္းအဓိ႒ာန္္ထားေသာေႀကာင့္ သီးခံလိုက္ရ၏။ ဆက္စိပ္၏။ ခင္းထိုင္ထားေသာ သင္းပိုင္ႏွင့္ အတူ လူပါႀကြတက္လာၿပီး အထက္ေျမာက္ေနသည္ဟု ထင္ရ၏ ။

ပုတီးပါတ္ေရ မပ်က္ေအာင္ အေတာ္ သတိထားရ၏ ။တဖန္ ေရသႏုပ္သင္းပိုင္က ပူလာ၏ ။ထိုင္ခြင္ဖ်က္ခ်င္ ေလာက္ေအာင္ ပူလာေသာ္လည္း ဆက္စိပ္၏ ။၉ ပါတ္ရ၍ အဓိ႒ာန္ခ်ျပီး ေမတၱာပို႕ အမ်ွေဝလိုက္ရာ ယက္ဟက္ပက္ပက္ ရယ္သံမ်ား ၾကားရ၏ ။ ၃ နာရီထိုးခါနီးျပီ ။ဆက္ျပီး ၉ပါတ္စိပ္၏ ၃ ပါတ္ေလာက္ ေရာက္ေသာအခါ ေရွ႔တည့္တည့္က ဝင္းကနဲျဖစ္သြား၏။ မ်က္လံုးဖြင့္ႀကည့္မိ၏။ဝင္းလက္ေတာက္ ပျပီး ႏြားမ်က္လံုးေလာက္ မ်က္လံုးႏွစ္လံုးကိုေတြ႕ရ၏ ။စူးရွေသာ အလင္းေရာင္ေႀကာင့္ မ်က္လံုး ဖြင့္လိုက္ပိတ္လိုက္ လုပ္ျပီးစိတ္ရ၏ ။ အလင္းေရာင္က ေရွ႕တိုးလာလိုက္ ေနာက္ဆုတ္လိုက္ျဖင့္ မ်ားစြာေႏွာင့္ယွက္ေန၏။ ျဖစ္ခ်င္ရာျဖစ္ ပုတီးေတာ့အပ်က္မခံႏိုင္ဆိုျပီး အထူးဂရုစိုက္စိတ္ေန၏ ။

ပုတီး ၉ ပါတ္ျပည့္ေသာအခါ ထိုင္ခြင္ျဖဳတ္၍ ေက်ာခ်အေညာင္း ဆန္႕မိ၏ ။ ပက္လက္ ေစာင္းလ်ွက္ ဘာမွမျဖစ္။ ေမွာက္လိုက္ ေသာအခါ ေက်ာေပၚ ခြစီးထားသလိုျဖစ္ျပီးမထႏိုင္ေတာ့ေခ် ။ ပုတီးဆက္စိပ္ေန၏ ။ပုတီး ၃ ပါတ္ရေသာအခါ တစ္ကိုယ္လံုး ေပါ့ပါးသြား၏။အာရံု လာခါနီးတြင္ ပုတီးဆက္စိပ္၏။ ေမာသလိုျဖစ္လာေသာ္လည္းဆက္စိပ္၏ ၆ ပါ္တ္ခန္ ရေနခ်ီန္တြင္ လူဘယ္လိုျဖစ္သြားမွန္း မသိ။ကိုယ္ေတာ္ ထ ထ ဟုအသံႀကားရ၍ ႀကည့္လိုက္ ေသာအခါ ဘုန္းေတာ္ႀကီး တစ္ပါးက ကြ်ႏု္ပ္ ေခါင္း လက္ ရင္ဘတ္တို႕ကို ေဆးလူး ေပးေနသည္ကို ေတြ႕ရ၏ “ဘာျဖစ္လို႕ပါလဲ ဘုရား ဟုေမးလိုက္ ေသာအခါ “ဒါ အေလာင္းေတာ္ကႆပ ေတာစိုး နတ္ က ေကာင္း တာ က်င့္ ေနတာကိုမႀကိဳက္လို႕။ အရက္ေသာက္ ၊ကာမ အေႀကာင္း ေျပာသူေတြမွ သေဘာက်တာ။ ကိုယ္ေတာ္ေလးက ေမတၱာပို႔။ အမ်ွေဝ။ နတ္မ်ားက ေမတၱာခံယူႀက ဖူးေမ်ာ္ႀကေတာ့ သုတို႕မေနႏိုင္ဘူး။ နတ္မ်ားရွင္းတဲ႔အခိုက္ မူးေမ့ထံုထိုင္းေစတဲ႕ အသးီမ်ားကို ေလအထက္က အခိုးလြွတ္ျပီး မူးေမ့ေစတယ္။ တပည့္ေတာ္သိလို႕သာေပါ့။ ႏို႕မို႕ မလြယ္ဘူး ။ မွတ္ ေလာက္သားေလာက္ေအာင္ဆံုးမရမယ္ဟုေျပာ၏။

ဘယ္ကၾကြလာေၾကာင္း ေမးေလ်ာက္ရာေျမာက္ဘက္ မိုင္ ၃၀ ေလာက္ေဝးတဲ႔ မဟာျမိဳင္ေတာမွာ သီတင္းသံုးတဲ႔ မဟာျမိဳင္ ဆရာေတာ္ ျဖစ္ေၾကာင္သိရ၏။။ ပဥၨင္းေလး အဓိ႒ာန္ေႀကာင့္ မနက္ျဖန္္ အာရုဏ္တက္ေလာက္မွာ ဂူေပါက္ပြင့္ လိမ့္မယ္ ။ နမကၠာရထဲက “တဟိ ံ တဟိ ံ ပါရမီ သဥၥရံ စရံ ၊ သဗၺိသုခ ပဒံ ပဒံ ၊ နရာ နရာနံ သုခံ သမၻဝံ ဘဝံ ၊နေမာ နမာနံ ဇိန ပုံဂံ ဂဝံ ” ဂါထာ ကိုဂူေပါက္မွွာထိုင္ျပီး ၉ ပါတ္စိပ္ပါ။ျပီးမွ အဓိ႒ာန္ ပုတီးဆက္စိပ္ရန္ မွာ၏။က ၁၁ နာရီ ထိုးခါနီးတြင္ ျပန္ ႀကြသြား၏။ ေရွ႔မွာတင္ ေပ်ာက္ သြား၏ ။အံ႕ႀသေနမိ၏။

ငွက္ေပ်ာသီး ၂ လံုးစား၏ ေရေသာက္ျပီး ေရခ်ိဳးလိုက္၏ ။ ေတာစိုးနတ္ႀကီးကို ေက်းဇူးတင္မိ၏ ။ သူေၾကာင့္သာ မဟာၿမိဳင္ ကိုယ္ေတာ္ႀကီးနဲ႕ေတြ႕ရ၏။ ေမာင္မင္းႀကီးသားေတာဆိုးနတ္ကို ေက်းဇူးတင္မဆံုး ျဖစ္မိ၏ ။ ဂူဝေရွ႕ တြင္ သုဂေတာ ၅ ခ်က္ ၁၂ ပါတ္စိပ္၏ ။ (တဟိ ံ တဟိ ံ) ၉ ပါတ္စိပ္၏ ။ညေနပိုင္းတြင္ ထိုင္လ်ွက္ ထလ်ွက္ ပုတီးစိပ္၏။ ၁၅ ပါတ္ရ၏ ။ ညပိုင္းတြင္ ဖေယာင္းတိုင္ ထြန္း၏ ။

ေနာက္ေန႕ နံနက္ ဂူေပါက္မွာ ( တဟိ ံတဟိ ံ)ပုတီး၉ပါတ္စိပ္၏ ျပီးလ်ွင္ သုဂေတာ ၅ ခ်က္ဆက္စိပ္၏။အာရံု ထဲတြင္ ဘုရားေလးဆူ ဝန္းရံေနပံု ဖူးရ၏။သုဂေတာ ၁၈ ပါတ္အၿပီး ဂူေပါက္ဝမွ လ်ွပ္စီးလက္သလို ဝင္းခနဲ ျဖစ္သြား၍ ကြ်ႏု္ပ္ ေနာက္လန္သြား၏ ။ ည ပိုင္းတြင္ပုတီး ၉ ပါတ္ရ၏ ဂူထိပ္က ေျမြဆင္းလာသကဲ႕သို႕ တေဝါေဝါ အသံႀကားရ၏။ေတာင္ထိပ္ကဇရပ္ ၿပိဳလဲသကဲ႕သို႕ႀကားရ၏။ ေနာက္ကလည္း လူေလ်ွက္ေနသကဲ႕သို႔ ထင္ရ၏ ။ပုတီး ဆက္စိပ္ေန၏ ။ ပုတီးပတ္ ၁၅ ပါတ္ျပီ္ေသာအခါ နံနက္ ၄ နာရီ ခန္႔ ရိွေန၏။

ထိုအခိုက္ေလတိုက္လာ၍ ဖေယာင္းတိုင္ ျငီမ္းသြား၏ “ဂ်ိန္း ဂ်ိန္း မည္သံႀကား၍ ႀကည့္လိုက္ေသာ္အခါ တစ္ေပခန္႕ ေက်ာက္ဂူ တံခါး ႀကီးပြင့္ေနသည္ကို ေတြ႕လိုက္ရ၏ ။ ဝမ္းသာလိုက္သည့္ ျဖစ္ျခင္း။ ဂူ အတြင္းမွ အလင္းေရာင္ထြက္ေနျပီး လင္းထိန္ေန၏။ ဖေယာင္းတိုင္ ျငိမ္းသြားေသာ္လည္းဂူ အတြင္းမွ ထြက္ေသာ အလင္းေရာင္ေႀကာင့္ အာလံုးကို ျမင္ေနရသည္။ လြယ္အိတ္၊ သင္းပိုင္၊ ႏွစ္ထပ္ သကၤန္းကို ယူ၍ ဂူေပါက္ထဲသို႕ ေဘးေစာင္း ဝင္လိုက္၏။ ေခ်ာင္ေခ်ာင္ဝင္ႏိုင္၏။ အျပင္တြင္ ေအးသေလာက္ အထဲတြင္ ေႏြးေန၏။

ေလ်ာင္းေတာ္မူေနေသာ အရွင္မဟာကႆ ပထံ ခ်ဥ္းကပ္လ်ွက္ အားပါးတရ ဝပ္တြား ၍သက္ေစ့ အႀကီမ္ေပါင္း ၃၀ ထိျခင္း ငါးျဖာျဖင့္ ဝပ္ခ်၏။ ပရိကံယူျပီးပုတီး ၂၇ ပါတ္ စိတ္၏။ (၁၃၁၆ ခု တပို႕တြဲလဆန္း ၅ ရက္ ေသာႀကာေန႔ နံက့္ ၉:၄၅) အေလာင္းေတာ္မွာ ေက်ာက္ညိဳျပားေပၚ၌ ပက္လက္ရွိ ေန၏။ ထို ထုု ၁ ေတာင္၊ အလ်ား ၉ ေတာင္၊ အနံ ၄ ေတာင္၂ မိုက္ရိွ ေက်ာက္ညိဳၿပားေပၚတြင္ ပတၱျမား ျမ စိန္ ပုလဲစေသာ ရတနာ အျပည့္ ရွိ၏။ ေရာင္စဥ္မ်ား တျဖတ္ျဖတ္ႏွင့္ေတာက္ပ ဖ်ာထြက္ ္ေန၏။ ဝတ္ရံုထားေသာ သကၤန္းမွာ သစ္ေခါက္အေရာင္ဆိုး ျဖစ္၍ ေဆြးေျမ႕ေန၏ ။ ဦးေခါင္းေတာ္တြင္ ဆံအံုက ဆန္ေကာဝိုင္း ပမာဏရိွ၍ ရႈပ္ေထြးေန၏။ နဖူးေပၚက် ေနေသာ ဆံေတာ္ကို တိုင္းႀကည့္ရာ ၅ ေတာင္ႏွင့္ လက္ ၃ လံုးရိွ၏။ မ်က္လံုး မိွတ္ ေန၏။ နထင္နရင္းမ်ားမက်ေပ။ လူရွင္တစ္ေယာက္ အိပ္ေန သကဲ႕သို႔ ျဖစ္၏။

ႏႈတ္ခမ္းေမြးမ်ားလည္းရွည္ထြက္ေနႀက၏။ေခ် ၊လက္္မ်ားကလူရွင္ သကဲ႔သို႔ ေကြး၍ရ၏။ အသားအေရ ကလည္း ေပ်ာ့ေျပာင္း ေန၏။ လက္သည္း ၂ လက္မခန့္ ရွည္ေန၏။ ဘုရားထုရန္လက္သည္းမ်ား ညွပ္ယူခဲ႕၏။ေျခသည္းမ်ားလည္း ရွည္ေနသျဖင့္ျဖတ္ေပး၏။(ေနာင္အခါ ဘုရားထုလုပ္ေသာအခါ ဌာပနာအျဖစ္ ထည့္သြင္း ထားလိုက္၏)

အလြန္ပီတိျဖစ္၍ ႀကည္ညိဳလွသျဖင့္ ႏွစ္ထပ္ သကၤန္ႀကီးကို လႊမ္းလွဴလိုက္၏။ အလ်ားလိုက္လြႊမ္းက ဒူးဆစ္ေအာက္ ခန္႔သာ ေရာက္၏။ အနံလိုက္ လြွမ္းေသာအခါ ေျခသလံုး သံုးခ်ိဳးတစ္ ခ်ီဳး ေလာက္အထိက်၏။ အလြန္အံ႕ႀသမိ၏ ။ကိုယ္ေတာႀ္ကီး အရပ္၆ ေတာင္ ၁ ထြာႏွင့္ လက္ ၃ လံုး ရိွ၏ ။ ေျမသပိတ္ေတာ္က၊ သပိတ္ဖုံး၊သပိတ္ေျခ မရိွ ။ အဝမွာ ၂ ေတာင္ျပည့္ရန္ လက္ ၁ လံုးေလ်ာ့၏။ ကိုယ္ေတာ္ ႏွင့္ ၃ ေတာင္ အကြာတြင္ အၿမဲလင္းေနေသာ ေက်ာက္ ္ဖေယာင္း တိုင္ႀကီး ၃ တိုင္က လူ႕တစ္ရပ္ခန္႔္႔ ျမင့္၏။ လံုးပတ္ ၂ထြာႏွင့္ လက္ ၁ အုပ္ ္ရိွ၏။ ေအာက္ေျခတြင္ အင္တံုပက္ႀကီးမ်ား ခံထား၏။ ေခါင္းရင္း တြင္ လွည္းဘီးခန္႔ ပန္းဆိုင္းႀကီး ၂ ခုကို တြဲလြဲ ဆြဲ ထား၏။ လတ္ဆတ္ေသာ ပန္းနံ႔မ်ား လိုဏ္ဂူအတြင္း ေမႊးပ်ံ႕ေန၏။

ၾကားဖူး ထားသည္မွာ ဂူေပါက္အဝင္ ဝ ေရစီးေႀကာင္းးတြင္ သစ္သားျပား အေပၚ လွဴ ရန္ရတနာပစၥည္း တင္ျပီး ေမ်ွာပါက ွျပန္ထြက္လာ ေသာအခါ ထိုရတနာပစၥည္း ျပန္ပါမလာဟု ႀကားဖူး၏ ။နတ္မ်ားက ေဆာင္ယူလွဴဒါန္းေပးဟန္တူ၏ ။ ဤနည္းျဖင့္ လွဴ ဒါန္း ထားဟန္ရိွေသာ ေရြႊဆြဲႀကိဳး လက္ေကာ္ လက္စြပ္ ေျခက်င္း နားေဋာင္း ေရြွျပား ေငြျပားမ်ားမွာ လွည္း ၅ စီးတိုက္ခန္႔ ရိွမည္ထင္၏ ။ေရြွ ေငြပန္းခိုင္ တံခြန္ ကုကၠား မ်ားက ငါးဆယ္ ခန္႔ ရိွမည္။ ေႀကးစည္ အႀကီး အေသး အထပ္က လူ႕တစ္ရပ္ခန္႔ ရိွမည္။ ေရြႊခြက္ ေငြခြက္ မ်ားလည္း အမ်ားအျပားေတြ႕ရ၏ ။

မ်က္ႏွာၾကက္တြင္ ရုပ္ေသးရုပ္မ်ား ေက်ာက္ေမာင္းမ်ား တြဲလြဲ က်ေန၏ ။ ရွင္သူငယ္ အလင္း အေပါက္မွာ ၂ ေတာင္ခန္႔က်ယ္၍ အျမင့္ ေပ ၂၀ ခန္႔၌ ရွိ၏။ ထိုအေပါက္မွ ေနေရာင္ဝင္၏ ။ နံရံမ်ား တြင္ ေရြွခ်ထားေသာ ဘုရားပံုေတာ္မ်ား ကြက္တိကြက္ႀကား ရိွေနေသး၏ ။ ဂူႀကီးမွာ အလ်ား ၄၇ ေတာင္ အနံ ၃၇ ေတာင္ ခန္႕ရိွ၏။ ေရြႊပံု ႀကီး ေနရာတြင္ ဆက္တိုင္း၍မရေတာ့ပါ။ႀကည္ညိဳ စိတ္ျဖင့္ တိုင္းထြာခ်ိန္ တစ္နာရီ ေက်ာ္သြား၏ ။ငွက္ေပ်ာတစ္ဖီး ေရေဆး၍ ဆြမ္းကပ္လွဳလိုက္၏ ။

ပီတိ ေထာမနႆ ျဖင့္အဓိ႒ာန္ စခန္းကို ဆက္ရပါေတာ့မည္ ။ က်ြႏ္ုပ္သည္ အေလာင္းေတာ္ ကႆပ လိွဴ င္္ဂူေတာ္အတြင္း ဝင္ေရာက္ႏိုင္ခဲ႕ျပီး ၄၅ ရက္အဓိဌာန္ ပုတီးအားလံုးျပီး၍ အဓိဌာန္ခ်ျပီး ကုသိုလ္အဘို႔ကို ၃၁ဘံုသားတို႔အား စံုစံုလင္လင္ အမ်ွေပးေဝလိုက္ေသာအခါ တေတာလံုးတေတာင္လံုး ပဲ႕တင္ထပ္ေအာင္ သာဓုေခၚသံမ်ားႀကားရေတာ့၏။ သာဓုသံမ်ားသည္ ၅ မိနစ္ခန္႕ႀကာသည္အထိ ႀကားေနရ၏။ အသံမ်ားျငိမ္သြားေသာအခါ အေလာင္ေတာ္ ကႆပကိုယ္ေတာ္ျမတ္ႀကီးအား လွဴ ဒါန္းထား ေသာ ႏွစ္ထပ္သကၤန္းႀကီးကိုခါ၍ ေသသပ္စြာ ျခံဳေပးျပီး ကိုယ္ ေတာ္ျမတ္ႀကီးေရွ႕တြင္ ပရိတ္မ်ား၊ ဘုရားရွိခိုး ဂါထာ ၁၀၀ေက်ာ္ျဖင့္ အားရေအာင္ ရွစ္ခိုးျပီး ၅၂၈ သြယ္ ေမတၲာပို႕ ေကာင္းမႈ႕မ်ားကို အမ်ွေဝျပီး နံနက္၆နာရီထိုးေပျပီ။

အားရစြာကန္ေတာ့ျပီး ေနာက္လွည့္ႀကည့္ လိုက္ေသာအခါ လူတစ္ေယာက္ကိုေတြ႕ရ၏။ “အသင္ဘယ္သူလဲ” ဟုေမးေတာ့ “ဤေတာင္ေစာင့္နတ္ပါ” ဟုေျပာ၏။ ထိုနတ္က “တပည့္ေတာ္ အရွင္ျမတ္ကို ျပစ္မွားမိသမ်ွ ေတာင္းပန္ပါတယ္ ” ဟုေျပာျပီး ငိုေတာ႔၏။ “ဘာျပဳလိုငိုတာလဲ ” ေမးေတာ့ “အရွင္ဘုရားက ဒီေန႔ျပန္မွာ ဆိုေတာ့ တပည့္ေတာ္တို႕မွာ ဝမ္းနည္းလြန္းလို႔ပါ ဘုရား ” ဟုဆိုျပီးငို ေတာ့၏။ က်ြႏု္ပ္က တရားေဟာျပီး ႏွစ္သိမ့္ရ၏။ ကိုယ္က အေလာင္းေတာ္ ကႆပ ကိုယ္ေတာ္ႀကီး ႏွင့္ ခြဲရမွာမို႕စိတ္မေကာင္းျဖစ္ေနတဲ႕ အထဲ သူကလာငိုေနျပန္၏။စိတ္ကို မနည္း ထိမ္းခ်ဳပ္ထားရ၏။ စိတ္မေကာင္းျဖစ္မိ၏။ အားတင္း၍ ကိုယ္ေတာ ္ျမတ္ႀကီးကို ကန္ေတာ့ဆုေတာင္ျပီး အေပါက္ဝဘက္ လွည့္လိုက္၏။ ထိုအခိုက္ ဝင္းခနဲျဖစ္သြား၍ ကိုယ္ေတာ္ ္ျမတ္ႀကီး ဘက္လွည့္၍ႀကည့္လိုက္ ေသာအခါ ေရာင္ျခည္ေတာ္မွာ အေလာင္းေတာ္ ကႆပ ဦးေခါင္ေတာ္မွ တျဖတ္ျဖတ္လက္ကာ ထြက္ေပၚေနျခင္း ျဖစ္၏။ က်ြႏု္ပ္က ျပန္လွည့္လာျပီးလက္အုပ္ခ်ီ၍ ဖူးေနမိ၏။ ေရာင္ျခည္ေတာ္မွာ ေခါင္းေတာ္မွ ရင္ဘတ္ေတာ္၊ ရင္ဘတ္ေတာ္မွ ညာလက္ေတာ္၊ ညာလက္ေတာ္မွဘယ္လက္ေတာ္၊ ဘယ္လက္ေတာ္မွ ဝမ္းေတာ္၊ ဝမ္းေတာ္မွ ေပါင္ေတာ္၊ ေျခသလံုးေတာ္၊ ေျခဖ်ားေတာ္မ်ား တိုင္ေအာင္ အစဥ္ေလ်ွာက္ျပီး လူးလားေခါက္ပ်ံ ျပဳေန၏။

က်ြႏု္ပ္လည္းဖူး၍မဝေအာင္ျဖစ္ေနမိ၏။ အလင္း ေရာင္ျခည္ေတာ္ ္သည္ အစိမ္းေရာင္ႏွင့္ အျဖဴေရာင္မ်ားျဖစ္၏။ မီးညြွန္႔ကဲ႔သို႔ တျဖတ္ျဖတ္ႏွင့္ ေတာက္ပေန၏။ ေနာက္ဆံုး ေျခဖ်ားေတာ္ ေရာက္မွ ေပ်ာက္သြားေလ၏။ ေပၚလာေလဦး မလား ဟု ေစာင့္ႀကည့္ ေနေသး၏။ ေနာက္ဆံုးေပၚမလာေတာ့မွ အေပါက္ဘက္ ထြက္လာေတာ့၏။ ဂူေပါက္ဝ အျပင္လည္း ရပ္လိုက္ေရာ ေအာင္ျပီ ေအာင္ျပီ ေအာင္ျပီ ဟူေသာ အသံႀကီး သံုးခြန္း ေအာ္သံႀကားရ၏။ က်ြႏ္ုပ္မွာႀကက္သီးမ်ား တျဖန္းျဖန္းထေနမိေတာ့၏။

ဤမွတ္စုကိုဖတ္မိေသာ သူေတာ္ေကာင္းအေပါင္းတို႕ကိုလည္း က်ြႏ္ုပ္က အမ်ွေပးေဝပါ၏။ အမ်ွရ၍ က်န္းမာ ခ်မ္းသာျခင္းသည္ ေဟာတု ျဖစ္ႀကပါေစကုန္သတည္း။

ကုသိုလ္ အမ်ွ အမ်ွ အမ်ွ ။

ေက်ာ္ေအာင္စံထားဆရာေတာ္ အရွင္ ဝါယာမာ ဘိဝံသ

သာဓု သာဓု သာဓုပါအရွင္ျမတ္ႀကီးဘုရား။

ယခုအခါ အမရပူရျမိဳ႕သတၱမေျမာက္ ေက်ာ္ေအာင္စံထား ဆရာေတာ္ အရွင္ဝါ ယာမာ ဘိဝံသ သည္ပ်ံလြန္ေတာ္မူသြားျပီ ျဖစ္ပါသည္။ဤစာစုျဖင့္ ဆရာေတာ္အား ကန္ေတာ့လိုက္ရပါသည္။

Credit : Original Writer

(Unicode Version)

အလောင်းတော် ကဿပ လှိုဏ်ဂူအတွင်း ဝင်ရောက် ဖူးမျော်နိုင်ခဲ့သော ကျော်အောင်စံထား ဆရာတော်

အမရပူရမြို့ သတ္တမမြောက် ကျော်အောင်စံထား ဆရာတော် အရှင်ဝါယမာဘိဝံသ သည် ၁၃၁၆ ခု တပို့တွဲလဆန်း ၁ ရက်နေ့တွင် အလောင်းတော် ကဿပ လှိုဏ်ဂူရှိရာသို့ စတင်ခရီးထွက်လာ၏။ ကပိုင်မှ တဆင့် တောကြီးအတွင်းသို့ခြေလျှင် ကြွခဲ့၏။ ချောင်းမကြီးကို ဖြတ်ကျော်ပြီး လူသွားလမ်းလေး အတိုင်းလာခဲ့ရာ သစ်ပင်ကွယ်မှ ခွေးတစ်ကောင်ထွက်လာပြီး ရှေ့တည့်တည့်မှ လမ်းပြသွား၏။နောက်ကျနေလျှင် စောင့်၏။ ကြေးစည်သံ ကြားရ၍ ဘုရားအာရုံခံရှေ့ရောက်၏။ ရဟန္တာ အရှင်မြတ်ကြီး ပရိနိဗ္ဗာန်ပြု နေပုံအာရုံတွင်ကိုဖူးရ၏။

ထိုနေရာမှ အောက်လှိုဏ်ဂူသို့ ကျောက်တုံးများ နင်းပြီး ဆင်းလာခဲ့၏။မှောင်နေ၍ စမ်းတဝါးဝါးဖြင့်သာ။ အောက်သို့ရောက်လျင် လှိုဏ်ဂူဝကိိုု ကျောက်တုံးကြီး တစ်ခုက လျှာထိုးသကဲ့သို့ ပိတ်နေ၏။ ရေစီးကြောင်းတစ်ခုက ကျောက်တုံးကြီး အောက်ခြေအတွင်းစီးဝင်သွားပြီး တဖက်မှ ပြန်ထွက် လာ၏။ ထိုရေစီးကြောင်းများ ကြားတွင် ရေသနုပ် သင်းပိုင် ကိုခင်းပြီး ရှိခိုး၏။ အမျှဝေ၏။အလင်းတိုင် ၃ တိုင် မီးပူဇော်၏ ။ သစ္စာပြု၍ ပုတီး ၂ ပါတ်စိပ်၏။ ဂူအပေါက်ကလှုပ်နေ၏ ။ ဆောင်းတွင်းဖြစ်သော်လည်း ဂူတွင် နွေးနေ၏ ။ခရီးပန်းလာ၍ ခေတ္တအိပ်လိုက်၏။ နိုးလာ သောအခါ ည ၁၂ နာရီ ရှိနေ၏။၊

“သုဂတော ငါးချက် ဂါထာကို ယနေ့မှ ၄၅ ရက်အတွင်း ပါတ်ရေ ကိုးထောင် ပြည့်အောင်စိပ်ပါမည်ဟုုသစ္စာအဓိဋ္ဌာန်ပြု ၏။ မှန်ကန်သော သစ္စာ စကားဖြစ်ပါက ရ ရက် အတွင်း ဂူ ပွင့်၍ အထဲဝင်ပြီး ပုတီးစိပ်နိုင်ပါစေသား ဟု ပဋ္ဌာနပြုလိုက်၏။ ထိုအခါဂူကြီး တဖြစ်ဖြစ်မြည်သွားလေ၏ ။

ဂူအမိုးက ကျောက်စက်ရေများ ကျနေ၏။ လင်းနို့ချေး နံ့ ဆိုးရွား လှ၏။ သန်းခေါင်ကျော်၌ အေးစိမ့်လာ၏ ။ နှစ်ထပ် သင်္ခန်းကြီး ခြုံ ထားသဖြင့် ခံနိုင်သေး၏ ။ပုတီး ၆ ပါတ်စိတ်အပြီး ဂူအဝတွင် လမ်းလျှောက်၍ စိပ်၏ ။ဖယောင်းတိုင် ထွန်းထား၍ မြင်ရ၏ ။ ကျား ဟိန်းသံများ မြွေတွန်သံများ ပီပီသသ ကြားရ၏ ။ ခန္ဓာကိုယ်ကို ဘုရားလှူ ထားပြီ ဖြစ်၍သေရုံအပြင် မပိုနိုင်ဟု စိတ်တင်းထားပြီး ပုတီးကိုသာ တွင်တွင်စိတ်၏။ ပုတီး ၁၀ ပါတ် ရသောအခါ မေတ္တာပို့ အမျှဝေ လိုက်၏ သာဓု ခေါ်သံများ တစ်တောတောင်တစ်ခုလုံး ဆူညံစွာ ကြားရ၏ ။ ပတ်ဝန်းကျင်မှာ နတ်တွေ ရှိသားပဲဟု အားတက်လာ၏။ နံနက် လေးနာရီတွင် သုဂတော ၅ ချက် ထပ်မံစိတ်ပြန်၏ ။ နံနက်လင်းသော် မေတ္တာပို့ အမျှဝေ၏။

မျက်နှာသစ်ပြီး် စားစရာ ရှုာ ရ၏ ။ ဂူအထက် မြောက်ဘက်သို့သွားသော် ငှက်ပျော တောကြီး တွှေုရ၏ ။ ငှက်ပျောသီးမှည့် ၂ ဖီးခူလာ၏ ။ ရေဆေးပြီးဆွမ်းတော်ကပ်၍ ၃ လုံးစားလိုက်၏။ စားပြီးလျှင် ရေချိုး သင်းပိုင်နေလှန်း ဧကသီကို တစ်ပိုင်းဝတ် တစ်ပိုင်းခြံုပြီး နေပူဇာ လှုံရင်း ပုတီးစိတ်၏ ည ၁၂ နာရီထိုးသောအခါ ပုတီးအပါတ်ရေ ပေါင်း ၃၆ ပါတ်ရ၏ မေတ္တာပို့ အမျှဝေပြီး အိပ်လိုက်၏။ တစ်ချက်ခွဲသော် နိုးလာပြီး ပုတီးဆက်စိပ်၏ ။ ပုတီး (၃ ) ပါတ်လောက်ရောက်သောအခါ နောက် ကျောကို တွန်းလိုက်သလိုခံစားရပြီး ရှေ့စိုက်သွား၏။ နဖူးနှင့် မြေကြီးမထိအောင် ထိန်းထားရ၏။ လှည့်ကြည့်ချင်သော်လည်းအဓိဋ္ဌာန််ထားသောကြောင့် သီးခံလိုက်ရ၏။ ဆက်စိပ်၏။ ခင်းထိုင်ထားသော သင်းပိုင်နှင့် အတူ လူပါကြွတက်လာပြီး အထက်မြောက်နေသည်ဟု ထင်ရ၏ ။

ပုတီးပါတ်ရေ မပျက်အောင် အတော် သတိထားရ၏ ။တဖန် ရေသနုပ်သင်းပိုင်က ပူလာ၏ ။ထိုင်ခွင်ဖျက်ချင် လောက်အောင် ပူလာသော်လည်း ဆက်စိပ်၏ ။၉ ပါတ်ရ၍ အဓိဋ္ဌာန်ချပြီး မေတ္တာပို့ အမျှဝေလိုက်ရာ ယက်ဟက်ပက်ပက် ရယ်သံများ ကြားရ၏ ။ ၃ နာရီထိုးခါနီးပြီ ။ဆက်ပြီး ၉ပါတ်စိပ်၏ ၃ ပါတ်လောက် ရောက်သောအခါ ရှေ့တည့်တည့်က ဝင်းကနဲဖြစ်သွား၏။ မျက်လုံးဖွင့်ကြည့်မိ၏။ဝင်းလက်တောက် ပပြီး နွားမျက်လုံးလောက် မျက်လုံးနှစ်လုံးကိုတွေ့ရ၏ ။စူးရှသော အလင်းရောင်ကြောင့် မျက်လုံး ဖွင့်လိုက်ပိတ်လိုက် လုပ်ပြီးစိတ်ရ၏ ။ အလင်းရောင်က ရှေ့တိုးလာလိုက် နောက်ဆုတ်လိုက်ဖြင့် များစွာနှောင့်ယှက်နေ၏။ ဖြစ်ချင်ရာဖြစ် ပုတီးတော့အပျက်မခံနိုင်ဆိုပြီး အထူးဂရုစိုက်စိတ်နေ၏ ။

ပုတီး ၉ ပါတ်ပြည့်သောအခါ ထိုင်ခွင်ဖြုတ်၍ ကျောချအညောင်း ဆန့်မိ၏ ။ ပက်လက် စောင်းလျှက် ဘာမှမဖြစ်။ မှောက်လိုက် သောအခါ ကျောပေါ် ခွစီးထားသလိုဖြစ်ပြီးမထနိုင်တော့ချေ ။ ပုတီးဆက်စိပ်နေ၏ ။ပုတီး ၃ ပါတ်ရသောအခါ တစ်ကိုယ်လုံး ပေါ့ပါးသွား၏။အာရုံ လာခါနီးတွင် ပုတီးဆက်စိပ်၏။ မောသလိုဖြစ်လာသော်လည်းဆက်စိပ်၏ ၆ ပါ်တ်ခန် ရနေချီန်တွင် လူဘယ်လိုဖြစ်သွားမှန်း မသိ။ကိုယ်တော် ထ ထ ဟုအသံကြားရ၍ ကြည့်လိုက် သောအခါ ဘုန်းတော်ကြီး တစ်ပါးက ကျွနု်ပ် ခေါင်း လက် ရင်ဘတ်တို့ကို ဆေးလူး ပေးနေသည်ကို တွေ့ရ၏ “ဘာဖြစ်လို့ပါလဲ ဘုရား ဟုမေးလိုက် သောအခါ “ဒါ အလောင်းတော်ကဿပ တောစိုး နတ် က ကောင်း တာ ကျင့် နေတာကိုမကြိုက်လို့။ အရက်သောက် ၊ကာမ အကြောင်း ပြောသူတွေမှ သဘောကျတာ။ ကိုယ်တော်လေးက မေတ္တာပို့။ အမျှဝေ။ နတ်များက မေတ္တာခံယူကြ ဖူးမျော်ကြတော့ သုတို့မနေနိုင်ဘူး။ နတ်များရှင်းတဲ့အခိုက် မူးမေ့ထုံထိုင်းစေတဲ့ အသီးများကို လေအထက်က အခိုးလွှတ်ပြီး မူးမေ့စေတယ်။ တပည့်တော်သိလို့သာပေါ့။ နို့မို့ မလွယ်ဘူး ။ မှတ် လောက်သားလောက်အောင်ဆုံးမရမယ်ဟုပြော၏။

ဘယ်ကကြွလာကြောင်း မေးလျောက်ရာမြောက်ဘက် မိုင် ၃၀ လောက်ဝေးတဲ့ မဟာမြိုင်တောမှာ သီတင်းသုံးတဲ့ မဟာမြိုင် ဆရာတော် ဖြစ်ကြောင်သိရ၏။။ ပဥ္ဇင်းလေး အဓိဋ္ဌာန်ကြောင့် မနက်ဖြန်် အာရုဏ်တက်လောက်မှာ ဂူပေါက်ပွင့် လိမ့်မယ် ။ နမက္ကာရထဲက “တဟိ ံ တဟိ ံ ပါရမီ သဥ္စရံ စရံ ၊ သဗ္ဗိသုခ ပဒံ ပဒံ ၊ နရာ နရာနံ သုခံ သမ္ဘဝံ ဘဝံ ၊နမော နမာနံ ဇိန ပုံဂံ ဂဝံ ” ဂါထာ ကိုဂူပေါက်မှှာထိုင်ပြီး ၉ ပါတ်စိပ်ပါ။ပြီးမှ အဓိဋ္ဌာန် ပုတီးဆက်စိပ်ရန် မှာ၏။က ၁၁ နာရီ ထိုးခါနီးတွင် ပြန် ကြွသွား၏။ ရှေ့မှာတင် ပျောက် သွား၏ ။အံ့သြနေမိ၏။

ငှက်ပျောသီး ၂ လုံးစား၏ ရေသောက်ပြီး ရေချိုးလိုက်၏ ။ တောစိုးနတ်ကြီးကို ကျေးဇူးတင်မိ၏ ။ သူကြောင့်သာ မဟာမြိုင် ကိုယ်တော်ကြီးနဲ့တွေ့ရ၏။ မောင်မင်းကြီးသားတောဆိုးနတ်ကို ကျေးဇူးတင်မဆုံး ဖြစ်မိ၏ ။ ဂူဝရှေ့ တွင် သုဂတော ၅ ချက် ၁၂ ပါတ်စိပ်၏ ။ (တဟိ ံ တဟိ ံ) ၉ ပါတ်စိပ်၏ ။ညနေပိုင်းတွင် ထိုင်လျှက် ထလျှက် ပုတီးစိပ်၏။ ၁၅ ပါတ်ရ၏ ။ ညပိုင်းတွင် ဖယောင်းတိုင် ထွန်း၏ ။

နောက်နေ့ နံနက် ဂူပေါက်မှာ ( တဟိ ံတဟိ ံ)ပုတီး၉ပါတ်စိပ်၏ ပြီးလျှင် သုဂတော ၅ ချက်ဆက်စိပ်၏။အာရုံ ထဲတွင် ဘုရားလေးဆူ ဝန်းရံနေပုံ ဖူးရ၏။သုဂတော ၁၈ ပါတ်အပြီး ဂူပေါက်ဝမှ လျှပ်စီးလက်သလို ဝင်းခနဲ ဖြစ်သွား၍ ကျွနု်ပ် နောက်လန်သွား၏ ။ ည ပိုင်းတွင်ပုတီး ၉ ပါတ်ရ၏ ဂူထိပ်က မြွေဆင်းလာသကဲ့သို့ တဝေါဝေါ အသံကြားရ၏။တောင်ထိပ်ကဇရပ် ပြိုလဲသကဲ့သို့ကြားရ၏။ နောက်ကလည်း လူလျှေက်နေသကဲ့သို့ ထင်ရ၏ ။ပုတီး ဆက်စိပ်နေ၏ ။ ပုတီးပတ် ၁၅ ပါတ်ပြီ်သောအခါ နံနက် ၄ နာရီ ခန့် ရှိနေ၏။

ထိုအခိုက်လေတိုက်လာ၍ ဖယောင်းတိုင် ငြီမ်းသွား၏ “ဂျိန်း ဂျိန်း မည်သံကြား၍ ကြည့်လိုက်သော်အခါ တစ်ပေခန့် ကျောက်ဂူ တံခါး ကြီးပွင့်နေသည်ကို တွေ့လိုက်ရ၏ ။ ဝမ်းသာလိုက်သည့် ဖြစ်ခြင်း။ ဂူ အတွင်းမှ အလင်းရောင်ထွက်နေပြီး လင်းထိန်နေ၏။ ဖယောင်းတိုင် ငြိမ်းသွားသော်လည်းဂူ အတွင်းမှ ထွက်သော အလင်းရောင်ကြောင့် အာလုံးကို မြင်နေရသည်။ လွယ်အိတ်၊ သင်းပိုင်၊ နှစ်ထပ် သင်္ကန်းကို ယူ၍ ဂူပေါက်ထဲသို့ ဘေးစောင်း ဝင်လိုက်၏။ ချောင်ချောင်ဝင်နိုင်၏။ အပြင်တွင် အေးသလောက် အထဲတွင် နွေးနေ၏။

လျောင်းတော်မူနေသော အရှင်မဟာကဿ ပထံ ချဉ်းကပ်လျှက် အားပါးတရ ဝပ်တွား ၍သက်စေ့ အကြီမ်ပေါင်း ၃၀ ထိခြင်း ငါးဖြာဖြင့် ဝပ်ချ၏။ ပရိကံယူပြီးပုတီး ၂၇ ပါတ် စိတ်၏။ (၁၃၁၆ ခု တပို့တွဲလဆန်း ၅ ရက် သောကြာနေ့ နံက့် ၉:၄၅) အလောင်းတော်မှာ ကျောက်ညိုပြားပေါ်၌ ပက်လက်ရှိ နေ၏။ ထို ထုု ၁ တောင်၊ အလျား ၉ တောင်၊ အနံ ၄ တောင်၂ မိုက်ရှိ ကျောက်ညိုပြားပေါ်တွင် ပတ္တမြား မြ စိန် ပုလဲစသော ရတနာ အပြည့် ရှိ၏။ ရောင်စဉ်များ တဖြတ်ဖြတ်နှင့်တောက်ပ ဖျာထွက် ်နေ၏။ ဝတ်ရုံထားသော သင်္ကန်းမှာ သစ်ခေါက်အရောင်ဆိုး ဖြစ်၍ ဆွေးမြေ့နေ၏ ။ ဦးခေါင်းတော်တွင် ဆံအုံက ဆန်ကောဝိုင်း ပမာဏရှိ၍ ရှုပ်ထွေးနေ၏။ နဖူးပေါ်ကျ နေသော ဆံတော်ကို တိုင်းကြည့်ရာ ၅ တောင်နှင့် လက် ၃ လုံးရှိ၏။ မျက်လုံး မှိတ် နေ၏။ နထင်နရင်းများမကျပေ။ လူရှင်တစ်ယောက် အိပ်နေ သကဲ့သို့ ဖြစ်၏။

နှုတ်ခမ်းမွေးများလည်းရှည်ထွက်နေကြ၏။ချေ ၊လက််များကလူရှင် သကဲ့သို့ ကွေး၍ရ၏။ အသားအရေ ကလည်း ပျော့ပြောင်း နေ၏။ လက်သည်း ၂ လက်မခန့် ရှည်နေ၏။ ဘုရားထုရန်လက်သည်းများ ညှပ်ယူခဲ့၏။ခြေသည်းများလည်း ရှည်နေသဖြင့်ဖြတ်ပေး၏။(နောင်အခါ ဘုရားထုလုပ်သောအခါ ဌာပနာအဖြစ် ထည့်သွင်း ထားလိုက်၏)

အလွန်ပီတိဖြစ်၍ ကြည်ညိုလှသဖြင့် နှစ်ထပ် သင်္ကန်ကြီးကို လွှမ်းလှူလိုက်၏။ အလျားလိုက်လွွှမ်းက ဒူးဆစ်အောက် ခန့်သာ ရောက်၏။ အနံလိုက် လွှမ်းသောအခါ ခြေသလုံး သုံးချိုးတစ် ချီုး လောက်အထိကျ၏။ အလွန်အံ့သြမိ၏ ။ကိုယ်တောြ်ကီး အရပ်၆ တောင် ၁ ထွာနှင့် လက် ၃ လုံး ရှိ၏ ။ မြေသပိတ်တော်က၊ သပိတ်ဖုံး၊သပိတ်ခြေ မရှိ ။ အဝမှာ ၂ တောင်ပြည့်ရန် လက် ၁ လုံးလျော့၏။ ကိုယ်တော် နှင့် ၃ တောင် အကွာတွင် အမြဲလင်းနေသော ကျောက် ်ဖယောင်း တိုင်ကြီး ၃ တိုင်က လူ့တစ်ရပ်ခန့့်် မြင့်၏။ လုံးပတ် ၂ထွာနှင့် လက် ၁ အုပ် ်ရှိ၏။ အောက်ခြေတွင် အင်တုံပက်ကြီးများ ခံထား၏။ ခေါင်းရင်း တွင် လှည်းဘီးခန့် ပန်းဆိုင်းကြီး ၂ ခုကို တွဲလွဲ ဆွဲ ထား၏။ လတ်ဆတ်သော ပန်းနံ့များ လိုဏ်ဂူအတွင်း မွှေးပျံ့နေ၏။

ကြားဖူး ထားသည်မှာ ဂူပေါက်အဝင် ဝ ရေစီးကြောင်းးတွင် သစ်သားပြား အပေါ် လှူ ရန်ရတနာပစ္စည်း တင်ပြီး မျှောပါက ှပြန်ထွက်လာ သောအခါ ထိုရတနာပစ္စည်း ပြန်ပါမလာဟု ကြားဖူး၏ ။နတ်များက ဆောင်ယူလှူဒါန်းပေးဟန်တူ၏ ။ ဤနည်းဖြင့် လှူ ဒါန်း ထားဟန်ရှိသော ရွွှေဆွဲကြိုး လက်ကော် လက်စွပ် ခြေကျင်း နားဋောင်း ရွှေပြား ငွေပြားများမှာ လှည်း ၅ စီးတိုက်ခန့် ရှိမည်ထင်၏ ။ရွှေ ငွေပန်းခိုင် တံခွန် ကုက္ကား များက ငါးဆယ် ခန့် ရှိမည်။ ကြေးစည် အကြီး အသေး အထပ်က လူ့တစ်ရပ်ခန့် ရှိမည်။ ရွွှေခွက် ငွေခွက် များလည်း အများအပြားတွေ့ရ၏ ။

မျက်နှာကြက်တွင် ရုပ်သေးရုပ်များ ကျောက်မောင်းများ တွဲလွဲ ကျနေ၏ ။ ရှင်သူငယ် အလင်း အပေါက်မှာ ၂ တောင်ခန့်ကျယ်၍ အမြင့် ပေ ၂၀ ခန့်၌ ရှိ၏။ ထိုအပေါက်မှ နေရောင်ဝင်၏ ။ နံရံများ တွင် ရွှေချထားသော ဘုရားပုံတော်များ ကွက်တိကွက်ကြား ရှိနေသေး၏ ။ ဂူကြီးမှာ အလျား ၄၇ တောင် အနံ ၃၇ တောင် ခန့်ရှိ၏။ ရွွှေပုံ ကြီး နေရာတွင် ဆက်တိုင်း၍မရတော့ပါ။ကြည်ညို စိတ်ဖြင့် တိုင်းထွာချိန် တစ်နာရီ ကျော်သွား၏ ။ငှက်ပျောတစ်ဖီး ရေဆေး၍ ဆွမ်းကပ်လှုလိုက်၏ ။

ပီတိ ထောမနဿ ဖြင့်အဓိဋ္ဌာန် စခန်းကို ဆက်ရပါတော့မည် ။ ကျွန်ုပ်သည် အလောင်းတော် ကဿပ လှိူ င််ဂူတော်အတွင်း ဝင်ရောက်နိုင်ခဲ့ပြီး ၄၅ ရက်အဓိဌာန် ပုတီးအားလုံးပြီး၍ အဓိဌာန်ချပြီး ကုသိုလ်အဘို့ကို ၃၁ဘုံသားတို့အား စုံစုံလင်လင် အမျှပေးဝေလိုက်သောအခါ တတောလုံးတတောင်လုံး ပဲ့တင်ထပ်အောင် သာဓုခေါ်သံများကြားရတော့၏။ သာဓုသံများသည် ၅ မိနစ်ခန့်ကြာသည်အထိ ကြားနေရ၏။ အသံများငြိမ်သွားသောအခါ အလောင်တော် ကဿပကိုယ်တော်မြတ်ကြီးအား လှူ ဒါန်းထား သော နှစ်ထပ်သင်္ကန်းကြီးကိုခါ၍ သေသပ်စွာ ခြံုပေးပြီး ကိုယ် တော်မြတ်ကြီးရှေ့တွင် ပရိတ်များ၊ ဘုရားရှိခိုး ဂါထာ ၁၀၀ကျော်ဖြင့် အားရအောင် ရှစ်ခိုးပြီး ၅၂၈ သွယ် မေတ္တာပို့ ကောင်းမှု့များကို အမျှဝေပြီး နံနက်၆နာရီထိုးပေပြီ။

အားရစွာကန်တော့ပြီး နောက်လှည့်ကြည့် လိုက်သောအခါ လူတစ်ယောက်ကိုတွေ့ရ၏။ “အသင်ဘယ်သူလဲ” ဟုမေးတော့ “ဤတောင်စောင့်နတ်ပါ” ဟုပြော၏။ ထိုနတ်က “တပည့်တော် အရှင်မြတ်ကို ပြစ်မှားမိသမျှ တောင်းပန်ပါတယ် ” ဟုပြောပြီး ငိုတော့၏။ “ဘာပြုလိုငိုတာလဲ ” မေးတော့ “အရှင်ဘုရားက ဒီနေ့ပြန်မှာ ဆိုတော့ တပည့်တော်တို့မှာ ဝမ်းနည်းလွန်းလို့ပါ ဘုရား ” ဟုဆိုပြီးငို တော့၏။ ကျွနု်ပ်က တရားဟောပြီး နှစ်သိမ့်ရ၏။ ကိုယ်က အလောင်းတော် ကဿပ ကိုယ်တော်ကြီး နှင့် ခွဲရမှာမို့စိတ်မကောင်းဖြစ်နေတဲ့ အထဲ သူကလာငိုနေပြန်၏။စိတ်ကို မနည်း ထိမ်းချုပ်ထားရ၏။ စိတ်မကောင်းဖြစ်မိ၏။ အားတင်း၍ ကိုယ်တော ်မြတ်ကြီးကို ကန်တော့ဆုတောင်ပြီး အပေါက်ဝဘက် လှည့်လိုက်၏။ ထိုအခိုက် ဝင်းခနဲဖြစ်သွား၍ ကိုယ်တော် ်မြတ်ကြီး ဘက်လှည့်၍ကြည့်လိုက် သောအခါ ရောင်ခြည်တော်မှာ အလောင်းတော် ကဿပ ဦးခေါင်တော်မှ တဖြတ်ဖြတ်လက်ကာ ထွက်ပေါ်နေခြင်း ဖြစ်၏။ ကျွနု်ပ်က ပြန်လှည့်လာပြီးလက်အုပ်ချီ၍ ဖူးနေမိ၏။ ရောင်ခြည်တော်မှာ ခေါင်းတော်မှ ရင်ဘတ်တော်၊ ရင်ဘတ်တော်မှ ညာလက်တော်၊ ညာလက်တော်မှဘယ်လက်တော်၊ ဘယ်လက်တော်မှ ဝမ်းတော်၊ ဝမ်းတော်မှ ပေါင်တော်၊ ခြေသလုံးတော်၊ ခြေဖျားတော်များ တိုင်အောင် အစဉ်လျှောက်ပြီး လူးလားခေါက်ပျံ ပြုနေ၏။

ကျွနု်ပ်လည်းဖူး၍မဝအောင်ဖြစ်နေမိ၏။ အလင်း ရောင်ခြည်တော် ်သည် အစိမ်းရောင်နှင့် အဖြူရောင်များဖြစ်၏။ မီးညွှန့်ကဲ့သို့ တဖြတ်ဖြတ်နှင့် တောက်ပနေ၏။ နောက်ဆုံး ခြေဖျားတော် ရောက်မှ ပျောက်သွားလေ၏။ ပေါ်လာလေဦး မလား ဟု စောင့်ကြည့် နေသေး၏။ နောက်ဆုံးပေါ်မလာတော့မှ အပေါက်ဘက် ထွက်လာတော့၏။ ဂူပေါက်ဝ အပြင်လည်း ရပ်လိုက်ရော အောင်ပြီ အောင်ပြီ အောင်ပြီ ဟူသော အသံကြီး သုံးခွန်း အော်သံကြားရ၏။ ကျွန်ုပ်မှာကြက်သီးများ တဖြန်းဖြန်းထနေမိတော့၏။

ဤမှတ်စုကိုဖတ်မိသော သူတော်ကောင်းအပေါင်းတို့ကိုလည်း ကျွန်ုပ်က အမျှပေးဝေပါ၏။ အမျှရ၍ ကျန်းမာ ချမ်းသာခြင်းသည် ဟောတု ဖြစ်ကြပါစေကုန်သတည်း။

ကုသိုလ် အမျှ အမျှ အမျှ ။

ကျော်အောင်စံထားဆရာတော် အရှင် ဝါယာမာ ဘိဝံသ

သာဓု သာဓု သာဓုပါအရှင်မြတ်ကြီးဘုရား။

ယခုအခါ အမရပူရမြို့သတ္တမမြောက် ကျော်အောင်စံထား ဆရာတော် အရှင်ဝါ ယာမာ ဘိဝံသ သည်ပျံလွန်တော်မူသွားပြီ ဖြစ်ပါသည်။ဤစာစုဖြင့် ဆရာတော်အား ကန်တော့လိုက်ရပါသည်။

Credit : Original Writer