ပါဝင်ဖော်စပ်ပုံ
Credit : ဖိုးအေး
(Unicode Version)
ခဏခဏတိုးနေတဲ့ သွေးတိုးရောဂါကို ယခုနည်းနှင့် အဆင်ပြေခဲ့လို့ ပြန်လည်မျှဝေပါသည်
သွေးပေါင်ချိန်180/100လောက်ပုံမှန်ရှိနေတတ်တဲ့ လူနာရှင်တယောက် အံသြဖွယ် 120/80 mmHg လောက်သွေးတိုးကျဆေး မသောက်ပဲပုံမှန်ဖြစ်သွားတာ တွေ့ရတဲ့ တိုင်းရင်းဆေးနည်းကောင်းလေးပါ ခင်ဗျာ။
Online ပေါ်ကတွေ့တာကို အကုန်အကျ မများ ကိုယ်အနီးအနားမှာ အလွယ်တကူရနိုင်တဲ့ ပစ္စည်းလေးတွေမို့ လက်တွေ့လုပ်ကာ စမ်းသောက်ကြည့်လိုက်တာ အတော်ထူးခြားစွာ ဆေးအမြဲထိုး စားနေရတဲ့ ဘဝက လွတ်သွားသူ လူနာတယောက်ရဲ့ ကိုယ်တွေ့ နည်းလမ်းကောင်းလေးမို့ ကိုယ့်ရဲ့မိတ်ဆွေများလဲ အသုံးပြု့လိုက ပြုနိုင်အောင ်ဇိဝိတဒါန ပြန်လည်မျှဝေ ပေးလိုက်ပါတယ်။
မနေညနေက တင်ထားပြီးသား အားမရသေးလို့ လက်တွေ့ ဖော်စပ်ပုံ အဆင့်ဆင့်နဲ့ ပြန်လည်မျှဝေ ပေးပါတယ်။ သွေးတိုးဆိုတာ သွေးအေး လူသတ်သမားပါ ဖွံ့ဖြိုးမှု နိမ့်ကြတဲ့ တိုင်းပြည်တွေ အစားအသောက် ဆေးဝါး အသီးအနှံတွေ နေထိုင်မှုစနစ်တွေ အကာအကွယ်မဲ့ စံသတ်မှတ်ချက်တွေနဲ့ မထိမ်းချုပ်နိုင််သေးတဲ့ တိုင်းပြည်မှာ လူ ၁၀၀ မှာ အနည်း ၅၀ ကျော် အထက် ဖြစ်နေတဲ့ရောဂါပါ။
ဝင်တွင်းရောဂါ ကလီစာတွေ ချို့ယွင်းမှုအလိုက် တစ်ယောက်နဲ့ တစ်ယောက် သွေးတိုးရတဲ့အကြောင်းအရင်း အနေအထား မတူညီနိုင်တော့ ကျိန်းသေ လူတိုင်း ပျောက်မယ်လိုတော့ မဆိုလိုပါ။ ပျောက်သူတကယ်ရှိ တကယ်တွေ့တဲ့ လက်တွေ့နည်းလေးမို့ပါ ယုံကြည်ပါက ဖော်စပ် အသုံးပြု့နိုင်ပါတယ်။ အားလုံး ကျန်မာ ချမ်းသာကြပါစေ။
ပါဝင်ဖော်စပ်ပုံ
ဒန်သလွန်အမြစ် အခေါက် ၂ ဆခန့် ၊ ဆင်တုန်မနွယ်ပင် ၁ ဆကျော် ၊ ထန်းလျှက် ချွတ်ဆေးမပါသဘာဝအတိုင်းဆို ပိုကောင်း ၁၀ သား နဲ့ ဆန်ဆေးရည်အသန့် သင့်တင်စွာ ရေသန့်ဗူး သိုးမဟုတ် သင့်တင့်ရာ လေလုံးမဲ့ ဘူးထဲ ရောစပ်ကာ (၃) ည အိပ်ခန့် စိမ်ထားပြီးပါ။
သွေးတိုးပြင်းထန်ပါက မနက် လဖက်ရည်ပန်ကန်အကြမ်းတစ်လုံး ညတစ်လုံး တစ်နေ့ ၂ ကြိမ် သုံးရက်ခန့်သောက်ပြီး နောက်နေတွေ၌ ပုံမှန် ညအိပ်ယာဝင် လက်ဖက်ရည်ပန်းကန် တစ်လုံးခန့် ပုံမှန်သောက်ပေးခြင်းဖြင့် အိပ်ကောင်း စားဝင် ဆီး ဝမ်း လေမှန် အကြောတက် ထိုင်မှိုင်း သွေးတိုးခြင်းမှ ကင်းဝေးကြပါစေ။
မိမိအားကိုတဲ့ ဆရာနဲ့ မသောက်ခင် သောက်ပြီး တစ်ပတ်ခန့် အကွာမှာ သွေးပေါင်းချိန် စစ်ဆေးကာ ကိုယ့်အတွက် အဆင်ပြေမပြေ ချိန်ဆ သုံးဆောင်ကြပါခင်ဗျာ။ အားလုံး ကျန်မာ ချမ်းသာကြပါစေ။
Credit : ဖိုးအေး