ဂျိမ်းစ်ဘွန်းကားသစ် ရိုက်ဖို့ လက်မှတ်ထိုးတော့မယ့် ဒန်နီယယ်ခရိတ်ခ်ျ
ဂျိမ်းဘွန်းကားမှာ ထပ်ပြီး သရုပ်ဆောင်မယ့်အစား ကိုယ့်လက်ကောက်ဝတ်ကိုပဲ လှီးပစ်လိုက်မယ်လို့ မင်းသားကြီး Daniel Craig က ၂၀၁၅ ခုနှစ်မှာပြောခဲ့ပါတယ်။
ဒါပေမဲ့ သူ စိတ်ပြောင်းသွားပြီး ဂျိမ်းစ်ဘွန်းကားမှာ ငါးကြိမ်မြောက် ပါတော့မယ်လို့ သတင်း ထွက်လာပါပြီ။ သူ မပါတော့ဘူးဆိုလို့ သူ့နေရာအတွက် လူစားလိုက်ရှာနေတယ်ဆိုပြီး သတင်းတွေထွက်နေတာ တော်တော်လေး ကြာသွားပါပြီ။ ထုတ်လုပ်ရေးမှူးက အသက် ၄၉ နှစ် အရွယ်မင်းသားကြီးနဲ့ အဒဲလ်ကို ကားသစ်မှာ ပါအောင် စည်းရုံးနိုင်သွားတယ်လို့ ယူဆရပါတယ်။
မင်းသားကြီးနဲ့အဒဲလ်ဟာ ကားသစ်အတွက် လက်မှတ်ထိုးကြတော့မယ်လို့ မစ်ရာဆိုတဲ့သတင်းဌာနက သတင်းဖော်ပြသွားတပါ။ကားသစ်မှာ အဒဲလ်ကပဲ ဇာတ်ဝင်တေး ဆိုသွားပေးမှာပါတဲ့။ ကမ္ဘာကျော်သွားတဲ့ Skyfall ဇာတ်ကားမှာ မင်းသားကြီးဟာ အနုပညာကြေး ဒေါ်လာ ၁၀ ဒသမ ရ သန်းရခဲ့ပါတယ်။
Source : Pyi Myanmar