အဆို​ေတာ္​ ခင္​ဝမ္​းႏွင့္ ခင္​​ေမာင္​တိုးတို႔ သီဆိုခဲ့ၾကတဲ့ “ဆယ္​လ္​မြန္​ငါးတို႔အျပန္​” ဆိုတဲ့ သီခ်င္​း​ေလးရဲ႕ အဓိပၸါယ္​ကို အခုမွဘဲ​ ေသခ်ာ နားလည္​​ေတာ့တယ္​

“ဆယ္လ္မြန္ငါးတို႔အျပန္”

ဆယ္လ္မြန္ငါးေတြဟာ ေရခ်ိဳမွာေမြးဖြားျပီး ေရငံ(ပင္လယ္)မွာၾကီးျပင္းတဲ႔ငါးမ်ိဳးျဖစ္တယ္… မိခင္ဆယ္လ္မြန္ငါးဥမွ (၃)လၾကာမွာ ငါးသားေလာင္းေတြအျဖစ္ထြက္လာပါတယ္..

ေရခ်ိဳမွာ ပ်မ္းမွ်(၂)ႏွစ္ခန္႔ ၾကီးထြားေအာင္ေနျပီးမွ ပင္လယ္ျပင္ၾကီးဆီထြက္လာပါတယ္.. ပင္လယ္ျပင္မွာ (၃)ႏွစ္ၾကာရင္ ၾကင္ေဖၚရွာျပီး မိမိတို႔ေမြးဖြားရာ ေရခ်ိဳအရပ္ဆီကိုျပန္ၾကပါတယ္.. တခ်ိဳ႕ဆယ္လ္မြန္ေတြကေတာ႔ ၾကင္ေဖၚမေတြ႔ႏိုင္ပဲ ပင္လယ္သမုဒၶရာထဲ (၅)ႏွစ္အထိၾကာတတ္ပါတယ္.. ဒီၾကားထဲမွာေတာ႔ လူသားေတြရဲ႕ဖမ္းဆီးျခင္းခံရတာမ်ိဳးရွိျပီး ေမြးရပ္ျပန္မ်ိဳးဆက္မပြားႏုိင္တာလည္းမ်ားတယ္.. သုေတသီတို႔ေတြ႔ရွိခ်က္အရ (၁၀)%သာ ေမြးရပ္ျပန္မ်ိဳးပြားႏိုင္ေၾကာင္းေတြ႔ရွိရပါတယ္။

ဆယ္လ္မြန္ငါးတို႔ရဲ႕ အျပန္ခရီးဟာ မိုင္ေပါင္း(၂၀၀၀)ေလာက္ရွိၾကတယ္တဲ႔.. ခ်စ္ေဖၚနဲ႔လက္တြဲမ်ိဳးဆက္သစ္ေမြးဖြားဖို႔ အျပန္ခရီးစတင္ျပီဆိုတာနဲ႔ ဆယ္လ္မြန္စံုတြဲဟာ လံုးဝအစာမစားေတာ႔ပါ။ အဲလိုနဲ႔ မိမိတို႔ေမြးဖြားရာအရပ္ေရာက္ရင္ ဆယ္လ္မြန္ငါးတို႔ ခ်စ္ရည္လူးျပီး အမျဖစ္သူဟာ ဥခ်ရန္ ၎ရဲ႕အျမီးနဲ႔ ေက်ာက္စရစ္သားကိုတူးဆြျပီး တြင္းခ်ိဳင္႔ျဖစ္ေအာင္လုပ္တယ္.. ဆယ္လ္မြန္ငါးေတြဥခ်ေမြးဖြားရာအရပ္စာ ေက်ာက္စရစ္ေျမခံေရၾကည္ရာအရပ္ျဖစ္တယ္..။

တခါဥရင္ အေကာင္ေရ(၂၀၀၀) မွ (၁၀၀၀၀) အထိရွိတတ္တယ္တဲ႔…. ဆယ္လ္မြန္ငါးအမဥေတြခ်ေနခ်ိန္မွာ ငါးအထီးဟာ ေဘးနားမွာ ငါးမအႏၱရယ္မျဖစ္ေအာင္ ကာကြယ္ဖို႔ ေစာင္႔ေရွာက္ေနရပါတယ္…ငါးအမဥေတြအကုန္ခ်ျပီးမွာ အထီးျဖစ္သူက ဖိုမ်ိဳးေစ႔ Spam ေတြဥပၚခ်လိုက္တယ္.. အထီးျဖစ္သူဥေပၚမွထြက္ျပီးမွာ အမျဖစ္သူက မ်ိဳးဆက္သစ္ျဖစ္မယ္႔ ဥေတြေရစီးနဲ႔ပါမသြားေအာင္ အေပၚကဝပ္ေပးျပီးဘယ္မွမသြားေတာ႔ပါ ဒီလိုနဲ႔ (၃)ရက္မွ (၇)ရက္အတြင္း အမျဖစ္သူဟာ၎ရဲ႕ ဥအသိုက္ေပၚမွာပဲ ေသဆံုးသြားပါတယ္..အထီးျဖစ္သူကေတာ႔ အနီးနားပတ္ဝန္းက်င္မွာပဲ႔ ေသဆံုးသြားပါတယ္..။

အဲလိုနဲ႔ ဆယ္လ္မြန္ငါးသားေပါက္ေလးေတြဟာ (၃)လမွာ ဥမွထြက္လာပါတယ္။ အဲဒီအခါမွာ ဆယ္လ္မြန္ငါးမိခင္ဟာ ေသဆံုးျပီးရုပ္ၾကြင္းမွ အသားမွ်င္ေလးေတြအျဖစ္ အနီးနားမွာျပန္႔ၾကဲေနပါၿပီ။ ဥမွထြက္ထြက္ျခင္း ငါးေပါက္ေလးမ်ားဟာ ေရမကူးႏိုင္ေသးပါ တြားသြားျပီး အစာအျဖစ္ မိခင္ရုပ္ၾကြင္းအသားမွ်င္ေလးမ်ားကို စားၾကရပါတယ္။

အဲဒီမွာ ဆယ္လ္မြန္ငါးတို႔ဟာ ဘာျဖစ္လို႔ မ်ိဳးဆက္သစ္ေမြးဖြားေတာ႔မယ္ဆိုတာနဲ႔ အစာမစားေတာ႔တာဟာ မိမိအသက္အေသခံဖို႔ တျခားအစာ(ေရညွိေရေမွာ္ကအစ) ဘာမွမရွိတဲ႔ေက်ာက္စရစ္ေရေအာက္ေျမသားမွာ မိမိအေသြးသားကို မိမိမ်ိဳးဆက္စားေသာက္ျပီး အသက္ဆက္ဖို႔အတြက္ျဖစ္ပါတယ္။ ဆယ္လ္မြန္ငါးအထီးကေတာ႔ အနီးနားမွာေသဆံုးျပီး ၾကီးျပင္းလာတဲ႔မိမိမ်ိဳးဆက္အျပင္ တျခားေသာဆယ္လ္မြန္ငါးေတြအတြက္ အစာအျဖစ္ေပးဆပ္ပါတယ္။

ဆယ္လ္မြန္ငါးေတြရဲ႕ အလြန္ထူးျခားေသာ မ်ိဳးဆက္သစ္အတြက္ေပးဆပ္မႈက အလြန္ခ်ီးက်ဴးအံ႔ၾသဖြယ္ရာပါ။ ထို႔ေၾကာင္႔ ဂ်ပန္လူမ်ိဳးေတြတို႔မွာ ဆယ္လ္မြန္ငါးရဲ႕သဘာဝကိုစံထားျပီး မိမိတို႔မ်ိဳးဆက္သစ္အတြက္ေပးဆပ္ဖို႔ ပညာေပးၾကပါတယ္။

ေရခ်ဳိျမစ္ေခ်ာင္းေတြထဲမွာ ဥ ဥၿပီး အေကာင္ေပါက္ေတာ့ ေရငန္ပင္လယ္ထဲကို ဆင္းသြားၾကတယ္…ေရငန္ပင္လယ္ထဲမွာ မ်ဳိးစိတ္အဆင့္အတန္းအလိုက္ တစ္ႏွစ္ ကေန ငါးႏွစ္ေလာက္ အထိေနၿပီးလို႔ သူတို႔ရဲ႕ မ်ဳိးပြားအဂၤါေတြ ေကာင္းစြာဖြံ႕ၿဖိဳးလာတဲ့အခါမွာ ေရငန္ ပင္လယ္ထဲကေန သူတို႔ ေပါက္ဖြားခဲ့တဲ့ မူလေနရာ ေရခ်ဳိျမစ္ေခ်ာင္းေတြရဲ႕ အစေနရာကို ျပန္သြားၾကတယ္တဲ့…

ဒီအေၾကာင္းေတြကေတာ့ ၾကားဖူးၿပီးသားျဖစ္မွာပါ…ဆယ္လ္မြန္ငါးတို႔ အျပန္ဆိုတဲ့ ႏိုင္ငံေက်ာ္သီခ်င္းေတာင္ ရွိေနေသးတာဘဲ…

တကယ္ဆိုဆယ္လ္မြန္ငါး ေတြရဲ႕ ဇာတိစြဲက ဘယ္ေလာက္ ခ်စ္စရာေကာင္းသလဲ…

ဘယ္ေနရာဘဲ ေရာက္ေနေန သူတို႔ရဲ႕ ဇာတိကို ေမ့မသြားဘူးေလ…ေရာက္ေအာင္ျပန္ၾကတယ္…

ပင္လယ္ကေန မူလဇာတိ ျမစ္ေခ်ာင္းေတြဆီကို ျပန္တယ္ဆိုတာ လြယ္တဲ့ကိစၥမွမဟုတ္တာ…

ျမစ္ေခ်ာင္းေတြဟာ အျမင့္မွာ…ပင္လယ္က ဟိုးအနိမ့္ဆံုးမွာ…

အနိ္မ့္ဆံုးေနရာကေန အျမင့္ဆံုေနရာဆီကို ဆန္တက္ကူးခတ္ၿပီး ျပန္ၾကရတာေလ…

သူတို႔ေတြရဲ႕ လမ္းေၾကာင္းကို သိထားတဲ့ ရြာသူရြာသားေတြက အျပန္လမ္းကို ေစာင့္ၿပီး ဖမ္းၾကေသးတယ္…ပိုက္ေတြထဲ တိုး၀င္ၿပီး ပါသြားလိုက္တာ အမ်ားအျပား…

ပိုဆိုးတာတစ္ခုက ျမစ္ေခ်ာင္းေတြဆီကေန ပင္လယ္ဆီကို လာတုန္းက အဆင္းလမ္းကို လာခဲ့ၾကတယ္…ေရစီးနဲ႔ ေမွ်ာလိုက္ၿပီးလာခဲ့ၾကတယ္…အခု ပင္လယ္ကေန ျမစ္ေခ်ာင္းေတြဆီကို ျပန္မယ္ဆိုေတာ့ ေရဆန္ကို ကူးခတ္ၾကရၿပီ…

ေရဆန္မို႔လုိ႔ ပင္ပန္းေနပါတယ္ဆိုမွ လမ္းခရီးက ပံုစံေတြ ေျပာင္းေနတတ္ေသးတယ္…ဆည္ေတြဖို႔လိုက္တာမ်ဳိး…ေျမာင္းေတြ ပိတ္ပစ္လိုက္တာမ်ဳိးေတြေပါ့…အဲ့လိုေနရာေတြကို ေရာက္တဲ့အခါမွာ ငါးေလးေတြဟာ လမ္းေပ်ာက္သလိုျဖစ္ၿပီး ေသလိုက္ၾကတာမွ အတံုးအရံုး…

ဒါကို ႀကိဳသိေနတဲ့ ရြာသူရြာသားေတြက ေပ်ာ္ရႊင္စြာ သြားေကာက္ၾကတယ္တဲ့…ၾကည့္သာ ၾကည့္ေနရတယ္ ကိုယ့္မွာ ၀မ္းနည္းပူေဆြးမႈေတြနဲ႔…

အိမ္ျပန္ရတာ အဲ့သေလာက္ဘဲ ခက္ခဲသလား…

အိမ္အျပန္လမ္းဟာ အဲ့သေလာက္ဘဲ ၾကမ္းတမ္းသလား…

အိမ္ျပန္ေရာက္ခ်င္တဲ့စိတ္ဟာ က်ိန္စာတစ္ခုလို အသက္ကိုပါ ႏႈတ္ယူပစ္တတ္တာမ်ဳိးလား…

အိမ္နဲ႔ ေ၀းေနသူေတြရဲ႕ အိမ္ျပန္ခ်င္တဲ့စိတ္ဟာ တပါးသူရဲ႕ အႏိုင္က်င့္ႏွိပ္စက္မႈကို ခံယူၾကဖို႔လား…

အိမ္ျပန္ခ်င္စိတ္ သိပ္ႏွိပ္စက္တဲ့အခါ ေသရမွာကိုေတာင္ မေၾကာက္ေတာ့တဲ့ ဆယ္လ္မြန္ငါး ေလးေတြရဲ႕ သတၱိကိုေတာ့ အေလးျပဳမိပါရဲ႕…။

ဆယ္လ္မြန္ငါးတို႔ရဲ႕ သဘာဝကိုအတုယူျပီး မိမိတို႔မ်ိဳးဆက္အတြက္ေပးဆပ္တဲ႔ အက်င္႔ေလးမ်ားရွိဖို႔ အၾကံေပးပါရေစ..။

Credit : Ko Pyi Soe

(Unicode Version)

အဆို​တော်​ ခင်​ဝမ်​းနှင့် ခင်​​မောင်​တိုးတို့ သီဆိုခဲ့ကြတဲ့ “ဆယ်​လ်​မွန်​ငါးတို့အပြန်​” ဆိုတဲ့ သီချင်​း​လေးရဲ့ အဓိပ္ပါယ်​ကို အခုမှဘဲ​ သေချာ နားလည်​​တော့တယ်​

“ဆယ်လ်မွန်ငါးတို့အပြန်”

ဆယ်လ်မွန်ငါးတွေဟာ ရေချိုမှာမွေးဖွားပြီး ရေငံ(ပင်လယ်)မှာကြီးပြင်းတဲ့ငါးမျိုးဖြစ်တယ်… မိခင်ဆယ်လ်မွန်ငါးဥမှ (၃)လကြာမှာ ငါးသားလောင်းတွေအဖြစ်ထွက်လာပါတယ်..

ရေချိုမှာ ပျမ်းမျှ(၂)နှစ်ခန့် ကြီးထွားအောင်နေပြီးမှ ပင်လယ်ပြင်ကြီးဆီထွက်လာပါတယ်.. ပင်လယ်ပြင်မှာ (၃)နှစ်ကြာရင် ကြင်ဖေါ်ရှာပြီး မိမိတို့မွေးဖွားရာ ရေချိုအရပ်ဆီကိုပြန်ကြပါတယ်.. တချို့ဆယ်လ်မွန်တွေကတော့ ကြင်ဖေါ်မတွေ့နိုင်ပဲ ပင်လယ်သမုဒ္ဓရာထဲ (၅)နှစ်အထိကြာတတ်ပါတယ်.. ဒီကြားထဲမှာတော့ လူသားတွေရဲ့ဖမ်းဆီးခြင်းခံရတာမျိုးရှိပြီး မွေးရပ်ပြန်မျိုးဆက်မပွားနိုင်တာလည်းများတယ်.. သုတေသီတို့တွေ့ရှိချက်အရ (၁၀)%သာ မွေးရပ်ပြန်မျိုးပွားနိုင်ကြောင်းတွေ့ရှိရပါတယ်။

ဆယ်လ်မွန်ငါးတို့ရဲ့ အပြန်ခရီးဟာ မိုင်ပေါင်း(၂၀၀၀)လောက်ရှိကြတယ်တဲ့.. ချစ်ဖေါ်နဲ့လက်တွဲမျိုးဆက်သစ်မွေးဖွားဖို့ အပြန်ခရီးစတင်ပြီဆိုတာနဲ့ ဆယ်လ်မွန်စုံတွဲဟာ လုံးဝအစာမစားတော့ပါ။ အဲလိုနဲ့ မိမိတို့မွေးဖွားရာအရပ်ရောက်ရင် ဆယ်လ်မွန်ငါးတို့ ချစ်ရည်လူးပြီး အမဖြစ်သူဟာ ဥချရန် ၎င်းရဲ့အမြီးနဲ့ ကျောက်စရစ်သားကိုတူးဆွပြီး တွင်းချိုင့်ဖြစ်အောင်လုပ်တယ်.. ဆယ်လ်မွန်ငါးတွေဥချမွေးဖွားရာအရပ်စာ ကျောက်စရစ်မြေခံရေကြည်ရာအရပ်ဖြစ်တယ်..။

တခါဥရင် အကောင်ရေ(၂၀၀၀) မှ (၁၀၀၀၀) အထိရှိတတ်တယ်တဲ့…. ဆယ်လ်မွန်ငါးအမဥတွေချနေချိန်မှာ ငါးအထီးဟာ ဘေးနားမှာ ငါးမအန္တရယ်မဖြစ်အောင် ကာကွယ်ဖို့ စောင့်ရှောက်နေရပါတယ်…ငါးအမဥတွေအကုန်ချပြီးမှာ အထီးဖြစ်သူက ဖိုမျိုးစေ့ Spam တွေဥပါ်ချလိုက်တယ်.. အထီးဖြစ်သူဥပေါ်မှထွက်ပြီးမှာ အမဖြစ်သူက မျိုးဆက်သစ်ဖြစ်မယ့် ဥတွေရေစီးနဲ့ပါမသွားအောင် အပေါ်ကဝပ်ပေးပြီးဘယ်မှမသွားတော့ပါ ဒီလိုနဲ့ (၃)ရက်မှ (၇)ရက်အတွင်း အမဖြစ်သူဟာ၎င်းရဲ့ ဥအသိုက်ပေါ်မှာပဲ သေဆုံးသွားပါတယ်..အထီးဖြစ်သူကတော့ အနီးနားပတ်ဝန်းကျင်မှာပဲ့ သေဆုံးသွားပါတယ်..။

အဲလိုနဲ့ ဆယ်လ်မွန်ငါးသားပေါက်လေးတွေဟာ (၃)လမှာ ဥမှထွက်လာပါတယ်။ အဲဒီအခါမှာ ဆယ်လ်မွန်ငါးမိခင်ဟာ သေဆုံးပြီးရုပ်ကြွင်းမှ အသားမျှင်လေးတွေအဖြစ် အနီးနားမှာပြန့်ကြဲနေပါပြီ။ ဥမှထွက်ထွက်ခြင်း ငါးပေါက်လေးများဟာ ရေမကူးနိုင်သေးပါ တွားသွားပြီး အစာအဖြစ် မိခင်ရုပ်ကြွင်းအသားမျှင်လေးများကို စားကြရပါတယ်။

အဲဒီမှာ ဆယ်လ်မွန်ငါးတို့ဟာ ဘာဖြစ်လို့ မျိုးဆက်သစ်မွေးဖွားတော့မယ်ဆိုတာနဲ့ အစာမစားတော့တာဟာ မိမိအသက်အသေခံဖို့ တခြားအစာ(ရေညှိရေမှော်ကအစ) ဘာမှမရှိတဲ့ကျောက်စရစ်ရေအောက်မြေသားမှာ မိမိအသွေးသားကို မိမိမျိုးဆက်စားသောက်ပြီး အသက်ဆက်ဖို့အတွက်ဖြစ်ပါတယ်။ ဆယ်လ်မွန်ငါးအထီးကတော့ အနီးနားမှာသေဆုံးပြီး ကြီးပြင်းလာတဲ့မိမိမျိုးဆက်အပြင် တခြားသောဆယ်လ်မွန်ငါးတွေအတွက် အစာအဖြစ်ပေးဆပ်ပါတယ်။

ဆယ်လ်မွန်ငါးတွေရဲ့ အလွန်ထူးခြားသော မျိုးဆက်သစ်အတွက်ပေးဆပ်မှုက အလွန်ချီးကျူးအံ့သြဖွယ်ရာပါ။ ထို့ကြောင့် ဂျပန်လူမျိုးတွေတို့မှာ ဆယ်လ်မွန်ငါးရဲ့သဘာဝကိုစံထားပြီး မိမိတို့မျိုးဆက်သစ်အတွက်ပေးဆပ်ဖို့ ပညာပေးကြပါတယ်။

ရေချိုမြစ်ချောင်းတွေထဲမှာ ဥ ဥပြီး အကောင်ပေါက်တော့ ရေငန်ပင်လယ်ထဲကို ဆင်းသွားကြတယ်…ရေငန်ပင်လယ်ထဲမှာ မျိုးစိတ်အဆင့်အတန်းအလိုက် တစ်နှစ် ကနေ ငါးနှစ်လောက် အထိနေပြီးလို့ သူတို့ရဲ့ မျိုးပွားအင်္ဂါတွေ ကောင်းစွာဖွံ့ဖြိုးလာတဲ့အခါမှာ ရေငန် ပင်လယ်ထဲကနေ သူတို့ ပေါက်ဖွားခဲ့တဲ့ မူလနေရာ ရေချိုမြစ်ချောင်းတွေရဲ့ အစနေရာကို ပြန်သွားကြတယ်တဲ့…

ဒီအကြောင်းတွေကတော့ ကြားဖူးပြီးသားဖြစ်မှာပါ…ဆယ်လ်မွန်ငါးတို့ အပြန်ဆိုတဲ့ နိုင်ငံကျော်သီချင်းတောင် ရှိနေသေးတာဘဲ…

တကယ်ဆိုဆယ်လ်မွန်ငါး တွေရဲ့ ဇာတိစွဲက ဘယ်လောက် ချစ်စရာကောင်းသလဲ…

ဘယ်နေရာဘဲ ရောက်နေနေ သူတို့ရဲ့ ဇာတိကို မေ့မသွားဘူးလေ…ရောက်အောင်ပြန်ကြတယ်…

ပင်လယ်ကနေ မူလဇာတိ မြစ်ချောင်းတွေဆီကို ပြန်တယ်ဆိုတာ လွယ်တဲ့ကိစ္စမှမဟုတ်တာ…

မြစ်ချောင်းတွေဟာ အမြင့်မှာ…ပင်လယ်က ဟိုးအနိမ့်ဆုံးမှာ…

အနိ်မ့်ဆုံးနေရာကနေ အမြင့်ဆုံနေရာဆီကို ဆန်တက်ကူးခတ်ပြီး ပြန်ကြရတာလေ…

သူတို့တွေရဲ့ လမ်းကြောင်းကို သိထားတဲ့ ရွာသူရွာသားတွေက အပြန်လမ်းကို စောင့်ပြီး ဖမ်းကြသေးတယ်…ပိုက်တွေထဲ တိုးဝင်ပြီး ပါသွားလိုက်တာ အများအပြား…

ပိုဆိုးတာတစ်ခုက မြစ်ချောင်းတွေဆီကနေ ပင်လယ်ဆီကို လာတုန်းက အဆင်းလမ်းကို လာခဲ့ကြတယ်…ရေစီးနဲ့ မျှောလိုက်ပြီးလာခဲ့ကြတယ်…အခု ပင်လယ်ကနေ မြစ်ချောင်းတွေဆီကို ပြန်မယ်ဆိုတော့ ရေဆန်ကို ကူးခတ်ကြရပြီ…

ရေဆန်မို့လို့ ပင်ပန်းနေပါတယ်ဆိုမှ လမ်းခရီးက ပုံစံတွေ ပြောင်းနေတတ်သေးတယ်…ဆည်တွေဖို့လိုက်တာမျိုး…မြောင်းတွေ ပိတ်ပစ်လိုက်တာမျိုးတွေပေါ့…အဲ့လိုနေရာတွေကို ရောက်တဲ့အခါမှာ ငါးလေးတွေဟာ လမ်းပျောက်သလိုဖြစ်ပြီး သေလိုက်ကြတာမှ အတုံးအရုံး…

ဒါကို ကြိုသိနေတဲ့ ရွာသူရွာသားတွေက ပျော်ရွှင်စွာ သွားကောက်ကြတယ်တဲ့…ကြည့်သာ ကြည့်နေရတယ် ကိုယ့်မှာ ဝမ်းနည်းပူဆွေးမှုတွေနဲ့…

အိမ်ပြန်ရတာ အဲ့သလောက်ဘဲ ခက်ခဲသလား…

အိမ်အပြန်လမ်းဟာ အဲ့သလောက်ဘဲ ကြမ်းတမ်းသလား…

အိမ်ပြန်ရောက်ချင်တဲ့စိတ်ဟာ ကျိန်စာတစ်ခုလို အသက်ကိုပါ နှုတ်ယူပစ်တတ်တာမျိုးလား…

အိမ်နဲ့ ဝေးနေသူတွေရဲ့ အိမ်ပြန်ချင်တဲ့စိတ်ဟာ တပါးသူရဲ့ အနိုင်ကျင့်နှိပ်စက်မှုကို ခံယူကြဖို့လား…

အိမ်ပြန်ချင်စိတ် သိပ်နှိပ်စက်တဲ့အခါ သေရမှာကိုတောင် မကြောက်တော့တဲ့ ဆယ်လ်မွန်ငါး လေးတွေရဲ့ သတ္တိကိုတော့ အလေးပြုမိပါရဲ့…။

ဆယ်လ်မွန်ငါးတို့ရဲ့ သဘာဝကိုအတုယူပြီး မိမိတို့မျိုးဆက်အတွက်ပေးဆပ်တဲ့ အကျင့်လေးများရှိဖို့ အကြံပေးပါရစေ..။

Credit : Ko Pyi Soe