စာထဲမှာ ရေးထားတာက….
အမေ့ရဲ့ အပြစ်သား………။
မှတ်သားစရာ။ ။
Credit : မာန်(ချိုးလူ)
(Unicode Version)
သေမိန့်စောင့်နေတဲ့ ထောင်သားရဲ့ နောက်ဆုံးသောစာ
အသတ်ခံရမဲ့နေ့ကို စောင့်နေတဲ့ ထောင်သားဟာ နောက်ဆုံးဆန္ဒအနေနဲ့ ဘောပင် နှင့် စာရွက်တစ်ရွက်ကို သူတောင်းပါတယ်။ မိနစ် အနည်းငယ်ကြာရေးပြီးတဲ့နောက် သူဟာ ထောင့်ကင်းစောင့်ကိုခေါ်ပြီး သူ့ရဲ့ အမေရဲ့ လက်ထဲကို ဒီစာ ပို့ပေးဖို့ နောက်ဆုံးဆန္ဒအနေနဲ့ သူတောင်းဆိုခဲ့တယ်။
စာထဲမှာ ရေးထားတာက….
အမေ၊ တကယ်လို့များ ဒီကမ္ဘာကြီးမှာ တရားမျှတမှုပိုပြီးရှိခဲ့မယ်ဆိုရင် ကျွန်တော်တစ်ဦးတည်း မဟုတ်ပဲ အမေ နှင့် ကျွန်တော်နှစ်ယောက်လုံး သေဒဏ်ကျလိမ့်မယ်။ ဘာဖြစ်လို့လို့လဲ ဆိုတော့ ကျွန်တော်ရဲ့ဘဝဒီလိုပုံ ဖြစ်လာဖို့ အတွက် အမေမှာ အပြစ်မကင်းဘူး။
ပြန်သတိရပါ။ ကျွန်တော်လိုကောင်လေးတစ်ယောက်ဟာ စက်ဘီးတစ်စီးခိုးလာခဲ့တုန်းကပေါ့။ အဖေမတွေ့ရအောင် အဲဒီ စက်ဘီးကို ဝှက်ဖို့ အမေကျွန်တော်ကို ကူညီခဲ့တယ်လေ။ အိမ်နီးချင်းတစ်ယောက်ရဲ့ လက်ကိုင်အိတ်ထဲ့ က ငွေကို ကျွန်တော်ခိုးယူခဲ့တုန်းကရော အမေမှတ်မိရဲ့လား။ အမေ ကျွန်တော် နှင့်အတူ စျေးတန်းကိုသွားပြီး သုံးခဲ့ကြတယ်လေ။
အဖေနှင့် ကျွန်တော် စကားများကြပြီး အဖေအိမ်ကထွက်သွားတုန်းကရော မှတ်မိရဲ့လား။ ကျောင်းစာမေးပွဲကြီးရဲ့ ရလဒ်တွေကို ကျွန်တော်ခိုးယူပြီးနောက် ကျောင်းက ထုတ်ခံခဲ့ရတာကို အဖေဟာ မှားကြောင်း ပြချင်ခဲ့ရုံပါ။ အမေ၊ ကျွန်တော်ဟာ ကလေးတစ်ယောက်ပါ။ ဆယ်ကျော်သက်အရွယ် ပြသနာကောင်တစ်ယောက် အဖြစ်မကြာသေးဘူး ကျွန်တော်ဟာ ပုံမမှန်ကြီးပြင်းလာတဲ့ ယောကျင်္ားရင့်မာ ကြီး တစ်ယောက် ဖြစ်ခဲ့ပြီ။
အမေ၊ ကျွန်တော်ဟာ လမး်မှန်ကို ပြသပေးဖို့၊ကြပ်မတ်ပေးဖို့လိုအပ်နေတဲ့ ကလေးတစ်ယောက်ပါ။ အလိုလိုက် အကြို က်ဆောင်ပေးတာ လိုအပ်တဲ့ ကလေးတစ်ယောက် မဟုတ်ဘူး အမေ။ ဒါပေမဲ့ အမေ့ကို ကျွန်တော် ခွင့်လွှတ်ပါတယ်။
ကျွန်တော့် ဒီစာကို ကမ္ဘာအနှံနှံက မိဘတွေထံ ရောက်သွားစေချင်တယ်။ ဒီအတွက် ပညာရေးဟာ လူကောင်း၊လူဆိုး အရာသွင်းပေးနိုင်တဲ့ အရာ ဖြစ်ကြောင်း သူတို့သိကြလိမ့်မယ်။ ကျေးဇူးတင်ပါတယ်အမေ။ ကျွန်တော်ကို အသက်ပေးခဲ့ပြီး၊အသက်ဆုံးရအောင်လဲ ကူညီပေးခဲ့တဲ့ အတွက် ကျေးဇူးတင်ပါတယ်။
အမေ့ရဲ့ အပြစ်သား………။
မှတ်သားစရာ။ ။
”ကြိမ်လုံးကို မသုံးသောသူသည် မိမိသားကို မုန်းရာသို့ရောက် ၏။ သားကို ချစ်သော သူမူကား၊ ငယ်သော အရွယ်မှစ၍ ဆုံးမတတ်၏။” (သုတ္တံကျမ်း ၁၃း၂၄ (သမ္မာကျမ်းစာ))
ပညာရေးဟာ ကမ္ဘာကြီးကို ပြောင်းလဲ တဲ့ နေရာမှာ ခင်ဗျား အသုံးပြု နိုင်မဲ့ အင်းအားအကြီးဆုံး လက်နတ် ဖြစ်တယ်။ (Nelson Mandela)
Note – ဒီစာဟာ အခုတလော လူပြောများတဲ့ post တစ်ခု ဖြစ်ပါတယ်။သို့သော် ဒီစာမှာ ဖော်ပြထားချက်အရာ အချက်၊အလက်တွေဟာ အမှန်ပါလို့ ထောက်ပြ ပေးတဲ့သတင်းတစ်ပုဒ်မှ မတွေ့ရကြောင်း ပြောပြလိုပါတယ်။ ဖော်ပြထားတဲ့ ဓာတ်ပုံဟာ Jeremy Meeks ဆိုသူရဲ့ ပုံ ဖြစ်ပြီး၊ ယောကျင်္ားဆန်တဲ့ ရုပ်ရည်ပိုင်ဆိုုင်ထားတာကြောင့် ၂၀၁၃ မှာ အမျို းသမီးများအကြား ရေပန်းစားခဲ့တဲ့ ပုံ တစ်ခုကလွဲလို့ တခြား အချက်အလက် မတွေ့ရပါဘူး။
Credit : မာန်(ချို းလူ)