Facebook ေပၚမွ ခ်စ္ႀကိဳက္ၿပီး အသက္မျပည့္ေသးသူအား သားမယားျပဳက်င့္သူကို အမႈဖြင့္

မႏၲေလးတိုင္းေဒသႀကီး မိတၴီ လာခ႐ိုင္ ဝမ္းတြင္းၿမိဳ႕နယ္တြင္္facebook ရွိ messenger ေပၚမွခ်စ္ႀကိဳက္ ၿပီး အသက္မျပည့္ေသးသူအား သားမယားျပဳက်င့္သူကို အမႈဖြင့္ အေရးယူထားေၾကာင္း သိရသည္။

ျဖစ္စဥ္မွာ ဝမ္းတြင္းၿမိဳ႕နယ္ ရြာတန္းအုပ္စု ေလ်ာ္ပင္က်းရြာေန မ—–(၁၄ႏွစ္)ႏွင့္ ဝမ္းတြင္း ၿမိဳ႕နယ္ ဆည္ရြာေက်းရြာေန ႏိုင္မ်ဳိး ဝင္း(၂၁ႏွစ္)တို႔သည္ ယခုႏွစ္ ဇန္န ဝါရီလအတြင္း ဖုန္းျဖင့္facebook လိုင္းေပၚရွိmessenger ေပၚတြင္ အသုံးျပဳရာမွ သမီးရည္းစားမ်ား ျဖစ္ခ့ဲၾကသည္။

ယခုလ ၂၅ ရက္ ည ၁၁ နာရီတြင္ တစ္ဦးကိုတစ္ဦး အျပင္မွာေတြ႕ဖူးရန္ႏွင့္ စကားေျပာ လိုေၾကာင္း ဆက္သြယ္ခ်က္အရ မ—-သည္ မိဘမ်ားအိပ္ေနခိုက္ ႏိုင္မ်ဳိးဝင္းႏွင့္ေတြ႕ဆုံရန္ ထြက္ခြာ ခ့ဲၿပီး ႏိုင္မ်ဳိးဝင္းႏွင့္ေတြ႕ဆုံစဥ္ ႏိုင္မ်ဳိးဝင္းက ဆိုင္ကယ္ျဖင့္လိုက္ ခဲ့ရန္ေျပာဆို၍ ၄င္း၏သူငယ္ခ်င္း ျဖစ္သူ ဝမ္းတြင္းၿမိဳ႕နယ္ ဆည္ရြာ ေက်းရြာေန ေမာင္ျမင့္ (၂၂ႏွစ္) ပိုင္ဆိုင္ေသာ ရြာအဝင္လမ္းအနီးရွိ ယာေစာင့္တဲအတြင္းသို႔ ေခၚေဆာင္ သြားၿပီး ”နင့္ကိုခိုးလာတာ” ဟု ေျပာဆိုကာ သားမယားအျဖစ္ သုံးႀကိမ္ျပဳက်င့္ခ့ဲသည္။

ယခုလ ၂၆ ရက္ ညေန ၄ နာရီတြင္ ႏိုင္မ်ဳိး ဝင္းသည္ ၄င္း၏ရြာထဲသို႔ ထြက္ သြားခ်ိန္တြင္ မ—-က မိဘ မ်ားထံ ဖုန္းဆက္အေၾကာင္းၾကား ရာမွ မိဘမ်ားကျပန္ေခၚ၍ ေနအိမ္ သို႔ျပန္လည္ေရာက္ရွိခ့ဲသည္။ မ—-(၁၄ႏွစ္)အား စကားေျပာဆို ရန္ရွိသည္ဟုေခၚေဆာင္သြားကာ သားမယားျပဳက်င့္ခ့ဲသူ ႏိုင္မ်ဳိး ဝင္းအား မ—-က တရားလိုျပဳ လုပ္တိုင္တန္းခ့ဲေၾကာင္း မႈခင္းမွတ္ တမ္းအရ သိရသည္။

မ—–အား သားမယား ျပဳက်င့္ခ့ဲသူ ႏိုင္မ်ဳိးဝင္းအား ဝမ္း တြင္းၿမိဳ႕မရဲစခန္းမွ (ပ)၅၃/၂ဝ၁၈ ရာဇသတ္ႀကီးပုဒ္မ ၃၇၆အရ အမႈဖြင့္ကာ တရားခံဖမ္းဆီးႏိုင္ေရး ေဆာင္ရြက္လ်က္ရွိေၾကာင္း စုံစမ္း သိရသည္။

ဘိုဘို(မလႈိင္)

Source : The Union Daily

(Unicode Version)

Facebook ပေါ်မှ ချစ်ကြိုက်ပြီး အသက်မပြည့်သေးသူအား သားမယားပြုကျင့်သူကို အမှုဖွင့်

မန္တလေးတိုင်းဒေသကြီး မိတ္ထီ လာခရိုင်ဝမ်းတွင်းမြို့နယ်တွင််facebook ရှိ messenger ပေါ်မှချစ်ကြိုက် ပြီး အသက်မပြည့်သေးသူအား သားမယားပြုကျင့်သူကို အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဝမ်းတွင်းမြို့နယ် ရွာတန်းအုပ်စု လျော်ပင်ကျးရွာနေ မ—–(၁၄နှစ်)နှင့် ဝမ်းတွင်း မြို့နယ် ဆည်ရွာကျေးရွာနေ နိုင်မျိုး ဝင်း(၂၁နှစ်)တို့သည် ယခုနှစ် ဇန်န ဝါရီလအတွင်း ဖုန်းဖြင့်facebook လိုင်းပေါ်ရှိmessenger ပေါ်တွင် အသုံးပြုရာမှ သမီးရည်းစားများ ဖြစ်ခဲ့ကြသည်။

ယခုလ ၂၅ ရက် ည ၁၁ နာရီတွင် တစ်ဦးကိုတစ်ဦး အပြင်မှာတွေ့ဖူးရန်နှင့် စကားပြော လိုကြောင်း ဆက်သွယ်ချက်အရ မ—-သည် မိဘများအိပ်နေခိုက် နိုင်မျိုးဝင်းနှင့်တွေ့ဆုံရန် ထွက်ခွာ ခဲ့ပြီး နိုင်မျိုးဝင်းနှင့်တွေ့ဆုံစဉ် နိုင်မျိုးဝင်းက ဆိုင်ကယ်ဖြင့်လိုက် ခဲ့ရန်ပြောဆို၍ ၄င်း၏သူငယ်ချင်း ဖြစ်သူ ဝမ်းတွင်းမြို့နယ် ဆည်ရွာ ကျေးရွာနေ မောင်မြင့် (၂၂နှစ်) ပိုင်ဆိုင်သော ရွာအဝင်လမ်းအနီးရှိ ယာစောင့်တဲအတွင်းသို့ ခေါ်ဆောင် သွားပြီး ”နင့်ကိုခိုးလာတာ” ဟု ပြောဆိုကာ သားမယားအဖြစ် သုံးကြိမ်ပြုကျင့်ခဲ့သည်။

ယခုလ ၂၆ ရက် ညနေ ၄ နာရီတွင် နိုင်မျိုး ဝင်းသည် ၄င်း၏ရွာထဲသို့ ထွက် သွားချိန်တွင် မ—-က မိဘ များထံ ဖုန်းဆက်အကြောင်းကြား ရာမှ မိဘများကပြန်ခေါ်၍ နေအိမ် သို့ပြန်လည်ရောက်ရှိခဲ့သည်။ မ—-(၁၄နှစ်)အား စကားပြောဆို ရန်ရှိသည်ဟုခေါ်ဆောင်သွားကာ သားမယားပြုကျင့်ခဲ့သူ နိုင်မျိုး ဝင်းအား မ—-က တရားလိုပြု လုပ်တိုင်တန်းခဲ့ကြောင်း မှုခင်းမှတ် တမ်းအရ သိရသည်။

မ—–အား သားမယား ပြုကျင့်ခဲ့သူ နိုင်မျိုးဝင်းအား ဝမ်း တွင်းမြို့မရဲစခန်းမှ (ပ)၅၃/၂ဝ၁၈ ရာဇသတ်ကြီးပုဒ်မ ၃၇၆အရ အမှုဖွင့်ကာ တရားခံဖမ်းဆီးနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း စုံစမ်း သိရသည်။

ဘိုဘို(မလှိုင်)

Source : The Union Daily