အသက္ ၃၅ ႏွစ္မွာ အိမ္ေထာင္ျပဳခ်င္တယ္ဆိုတဲ့ ေအးျမတ္သူ

သ႐ုပ္ေဆာင္ေအးျမတ္သူက အသက္ ၃၀ အရြယ္မွာ အိမ္ေထာင္ျပဳ ခ်င္ေပမဲ့ပရိသတ္ကအားေပးေနတဲ့ အခ်ိန္မို႔လို႔ ၃၅ ႏွစ္မွ အိမ္ေထာင္ျပဳေတာ့မယ္လို႔ ဆိုပါတယ္။ ၃၅ ႏွစ္က်ရင္အိမ္ေထာင္ျပဳခ်င္ပါတယ္၊ တကယ္ေတာ့ အသက္ ၃၀ မွာ အိမ္ေထာင္ျပဳခ်င္တာပါ၊ ပရိသတ္က အရင္ထက္ကိုယ့္ကို အရင္ထက္ပိုၿပီးခ်စ္လာတယ္၊ သတိထားမိတယ္၊ အလုပ္ေတြပိုလုပ္ လာရတယ္၊ အိမ္ေထာင္ျပဳဖို႔အတြက္ ႀကိဳးစားေနရတယ္၊ ကိုယ့္အိမ္ေထာင္ဘက္ျဖစ္လာမယ့္သူကို ေလ့လာစူးစမ္းရတယ္၊ ကိုယ့္ကိုယ္ကိုလဲ အိမ္ေထာင္ဘက္အတြက္အေကာင္းဆံုးျပင္ဆင္ ေနရတယ္၊ အေကာင္းဆံုးလိုခ်င္ရင္ကိုယ့္ဘက္ကအေကာင္းဆံုးေပးမွ ရမယ္ေလ၊ အရင္တုန္းက ငယ္ငယ္ကဆိုရင္ အၿမဲဆက္ဆီဝတ္ တယ္၊ ျပင္းရွတဲ့ပူေလာင္တဲ့အလွပဲရွိတယ္၊ ကိုယ္ကစဥ္းစားလိုက္ တယ္၊ ကိုယ့္အိမ္ေထာင္ဘက္က ကိုယ့္ကိုဘယ္လိုလက္ခံႏိုင္မလဲ၊ ေယာက်ာ္းေလးဆိုတာ သဝန္တိုတာမ်ားတာကိုး၊ အဲဒါေၾကာင့္ ကိုယ့္လိုက္ဖ္ကို ျဖည္းျဖည္းခ်င္းခ်ိန္းခဲ့တယ္၊ အရင္ထက္စာရင္ ပရိသတ္က ကိုယ့္ကိုဆက္ဆီဆိုတာထက္ ဗမာဝတ္စံုေလးနဲ႔ လွတယ္၊ ယဥ္ေက်းတယ္၊ အလုပ္လုပ္ရတဲ့ေနရာမွာ အကုန္လံုး အဆင္ေျပလာတယ္၊ အခုခ်ိန္မွာအနည္းငယ္႐ုပ္လံုးေပၚေနၿပီး ခုခ်ိန္မွာ အမွားေတြထပ္လုပ္လိုက္ရင္ ကိုယ္တည္ေဆာက္လာ တဲ့အရာေတြ အကုန္ဆံုး႐ံႈးသြားမွာစိုးတယ္လို႔ သ႐ုပ္ေဆာင္ေအး ျမတ္သူက ေျပာပါတယ္။

အခုအခ်ိန္မွာ ပရိသတ္ပိုၿပီး သတိထားမိလာတာမလို႔ သည္ထက္ ပိုၿပီးခိုင္မာေအာင္ တည္ေဆာက္ယူရမွာျဖစ္ၿပီး အိမ္ ေထာင္ဘက္အတြက္ေပးႏိုင္တာ ဇနီးေကာင္းပီသမႈနဲ႔ ပရိသတ္ အတြက္ တည္ၿငိမ္ေအးခ်မ္းတဲ့ပံုစံကို ပိုျမင္ေစခ်င္တယ္လို႔ ေျပာပါတယ္။ အိမ္ေထာင္ဘက္ကိုလည္း ပိုက္ဆံရွိျခင္း မရွိျခင္းထက္အရည္အခ်င္း ရွိတဲ့ သူကိုလိုခ်င္ၿပီးအရည္အခ်င္းရွိသူတစ္ေယာက္က ကိုယ့္အရည္ အေသြးကိုယ္ေသြးေနတဲ့အတြက္ အမ်ားေရွ႕မွာ ေခါင္းေမာ့ရင္ေကာ့ႏိုင္ တဲ့သူမ်ိဳးျဖစ္တယ္။ အရည္အခ်င္းရွိတဲ့သူက ဘယ္ေလာက္သံုးသံုး မကုန္ဘူး။ အရည္အခ်င္းရွိၿပီး ကိုယ့္အေပၚနားလည္ေပးႏိုင္တဲ့ သူကိုေရြးခ်ယ္ရမွာျဖစ္ၿပီး အႏုပညာရွင္တစ္ေယာက္ျဖစ္တဲ့အတြက္ ေကာလာဟလဒဏ္ေတြကို နားလည္ခြင့္လႊတ္ေပးႏိုင္တဲ့သူကို ေရြးခ်ယ္သြားမယ္လို႔ ဆိုပါတယ္။

ပညာတတ္တဲ့သူ ျဖစ္ေစခ်င္ပါတယ္၊ ပညာတတ္သူကအသိပညာ ရွိတဲ့သူ၊ သူ႕ရဲ႕ေတြးေခၚႏိုင္စြမ္းက သူမ်ားအေပၚတစ္ဖက္ေစာင္းနင္း မႏိုင္ဘူးေပါ့ေနာ္၊ ႐ုပ္အရမ္းေခ်ာတာ မေခ်ာတာေတြမၾကည့္ပါဘူး၊ ငယ္တုန္းကပိုက္ဆံ ခ်မ္းသာၿပီး ႐ုပ္ေခ်ာတဲ့သူမ်ိဳးကိုလိုခ်င္ခဲ့တယ္၊ ဒီဘက္ အသက္အရြယ္မွာေတာ့ ေမတၱာတရားကိုပဲလိုခ်င္ပါေတာ့ တယ္၊ ခ်စ္ျခင္းမွာ မုန္းျခင္းရွိတယ္၊ ေမတၱာတရားကေအးခ်မ္းပါတယ္၊ ၿငိမ္းခ်မ္းတဲ့သူမ်ိဳးကိုပဲလိုခ်င္ပါတယ္လို႔ သ႐ုပ္ေဆာင္ေအး ျမတ္သူက ေျပာပါတယ္။ အခုလတ္တေလာ  အႏုပညာလႈပ္ရွားမႈအေနနဲ႔ ဇာတ္လမ္းတြဲ ႐ိုက္ကူးမႈေတြလက္ခံထားၿပီး အႏုပညာအလုပ္ေတြ ႀကိဳး စားလုပ္ကိုင္ေနပါတယ္လို႔ သ႐ုပ္ေဆာင္ ေအးျမတ္သူက ဆိုပါတယ္။

Unicode

သရုပ်ဆောင်အေးမြတ်သူက အသက် ၃၀ အရွယ်မှာ အိမ်ထောင်ပြု ချင်ပေမဲ့ပရိသတ်ကအားပေးနေတဲ့ အချိန်မို့လို့ ၃၅ နှစ်မှ အိမ်ထောင်ပြုတော့မယ်လို့ ဆိုပါတယ်။ ၃၅ နှစ်ကျရင်အိမ်ထောင်ပြုချင်ပါတယ်၊ တကယ်တော့ အသက် ၃၀ မှာ အိမ်ထောင်ပြုချင်တာပါ၊ ပရိသတ်က အရင်ထက်ကိုယ့်ကို အရင်ထက်ပိုပြီးချစ်လာတယ်၊ သတိထားမိတယ်၊ အလုပ်တွေပိုလုပ် လာရတယ်၊ အိမ်ထောင်ပြုဖို့အတွက် ကြိုးစားနေရတယ်၊ ကိုယ့်အိမ်ထောင်ဘက်ဖြစ်လာမယ့်သူကို လေ့လာစူးစမ်းရတယ်၊ ကိုယ့်ကိုယ်ကိုလဲ အိမ်ထောင်ဘက်အတွက်အကောင်းဆုံးပြင်ဆင် နေရတယ်၊ အကောင်းဆုံးလိုချင်ရင်ကိုယ့်ဘက်ကအကောင်းဆုံးပေးမှ ရမယ်လေ၊ အရင်တုန်းက ငယ်ငယ်ကဆိုရင် အမြဲဆက်ဆီဝတ် တယ်၊ ပြင်းရှတဲ့ပူလောင်တဲ့အလှပဲရှိတယ်၊ ကိုယ်ကစဉ်းစားလိုက် တယ်၊ ကိုယ့်အိမ်ထောင်ဘက်က ကိုယ့်ကိုဘယ်လိုလက်ခံနိုင်မလဲ၊ ယောကျာ်းလေးဆိုတာ သဝန်တိုတာများတာကိုး၊ အဲဒါကြောင့် ကိုယ့်လိုက်ဖ်ကို ဖြည်းဖြည်းချင်းချိန်းခဲ့တယ်၊ အရင်ထက်စာရင် ပရိသတ်က ကိုယ့်ကိုဆက်ဆီဆိုတာထက် ဗမာဝတ်စုံလေးနဲ့ လှတယ်၊ ယဉ်ကျေးတယ်၊ အလုပ်လုပ်ရတဲ့နေရာမှာ အကုန်လုံး အဆင်ပြေလာတယ်၊ အခုချိန်မှာအနည်းငယ်ရုပ်လုံးပေါ်နေပြီး ခုချိန်မှာ အမှားတွေထပ်လုပ်လိုက်ရင် ကိုယ်တည်ဆောက်လာ တဲ့အရာတွေ အကုန်ဆုံးရှုံးသွားမှာစိုးတယ်လို့ သရုပ်ဆောင်အေး မြတ်သူက ပြောပါတယ်။

အခုအချိန်မှာ ပရိသတ်ပိုပြီး သတိထားမိလာတာမလို့ သည်ထက် ပိုပြီးခိုင်မာအောင် တည်ဆောက်ယူရမှာဖြစ်ပြီး အိမ် ထောင်ဘက်အတွက်ပေးနိုင်တာ ဇနီးကောင်းပီသမှုနဲ့ ပရိသတ် အတွက် တည်ငြိမ်အေးချမ်းတဲ့ပုံစံကို ပိုမြင်စေချင်တယ်လို့ ပြောပါတယ်။ အိမ်ထောင်ဘက်ကိုလည်း ပိုက်ဆံရှိခြင်း မရှိခြင်းထက်အရည်အချင်း ရှိတဲ့ သူကိုလိုချင်ပြီးအရည်အချင်းရှိသူတစ်ယောက်က ကိုယ့်အရည် အသွေးကိုယ်သွေးနေတဲ့အတွက် အများရှေ့မှာ ခေါင်းမော့ရင်ကော့နိုင် တဲ့သူမျိုးဖြစ်တယ်။ အရည်အချင်းရှိတဲ့သူက ဘယ်လောက်သုံးသုံး မကုန်ဘူး။ အရည်အချင်းရှိပြီး ကိုယ့်အပေါ်နားလည်ပေးနိုင်တဲ့ သူကိုရွေးချယ်ရမှာဖြစ်ပြီး အနုပညာရှင်တစ်ယောက်ဖြစ်တဲ့အတွက် ကောလာဟလဒဏ်တွေကို နားလည်ခွင့်လွှတ်ပေးနိုင်တဲ့သူကို ရွေးချယ်သွားမယ်လို့ ဆိုပါတယ်။

ပညာတတ်တဲ့သူ ဖြစ်စေချင်ပါတယ်၊ ပညာတတ်သူကအသိပညာ ရှိတဲ့သူ၊ သူ့ရဲ့တွေးခေါ်နိုင်စွမ်းက သူများအပေါ်တစ်ဖက်စောင်းနင်း မနိုင်ဘူးပေါ့နော်၊ ရုပ်အရမ်းချောတာ မချောတာတွေမကြည့်ပါဘူး၊ ငယ်တုန်းကပိုက်ဆံ ချမ်းသာပြီး ရုပ်ချောတဲ့သူမျိုးကိုလိုချင်ခဲ့တယ်၊ ဒီဘက် အသက်အရွယ်မှာတော့ မေတ္တာတရားကိုပဲလိုချင်ပါတော့ တယ်၊ ချစ်ခြင်းမှာ မုန်းခြင်းရှိတယ်၊ မေတ္တာတရားကအေးချမ်းပါတယ်၊ ငြိမ်းချမ်းတဲ့သူမျိုးကိုပဲလိုချင်ပါတယ်လို့ သရုပ်ဆောင်အေး မြတ်သူက ပြောပါတယ်။ အခုလတ်တလော  အနုပညာလှုပ်ရှားမှုအနေနဲ့ ဇာတ်လမ်းတွဲ ရိုက်ကူးမှုတွေလက်ခံထားပြီး အနုပညာအလုပ်တွေ ကြိုး စားလုပ်ကိုင်နေပါတယ်လို့ သရုပ်ဆောင် အေးမြတ်သူက ဆိုပါတယ်။

Source : Kumudra