အနာေဆြး အနာအိုႀကီးအတြက္ ေဘာစကိုင္း

ေဘာစကိုင္းပင္ကို အေဝရာဟုလည္း ေခၚ၏ သိသူတို႔ အက်ိဳးက မ်ားလွ၏။ အေႀကာင္းက ရွိ၏။ ေပ်ာက္ကင္းေတာ့မွာ မဟုတ္ပါ ထင္ရေသာ အေဒၚ၏ ခါးတြင္ ေပါက္ေသာ အနာမွာ နွစ္ခ်ီခဲ႔ေလသည္။ တျဖည္းျဖည္း လႈိက္စားလာကာ အနာတြင္းနက္ စိတ္ပ်က္ဖြယ္ ျဖစ္ရသည္။ မိဘ ေဆြမ်ိဳးမ်ား အာလံုး စိတ္မေကာင္း ျဖစ္ရသည္။ ဆရာစံုစြာ လက္လည္းကုန္ေလျပီ။

အနာေဟာင္းႀကီး ေဘာစကိုင္းျဖင့္ ေပ်ာက္ကင္းခဲ႔သည္။ အဂၤလိပ္ ျမန္မာ ေဆးတို႔ျဖင့္ ေဆးေပါင္းခေနေသာ အနာသည္ အလြန္ေပါေပါ လမ္းေဘးေတာတြင္ ေပါက္ေသာ ေဘာစကိုင္းအရြက္က ကုစားေပးနိုင္ခဲ႔ေလသည္။

ေဘာစကိုင္းရြက္ကို ခူးျပီး ေရစင္ေအာင္ ေဆးကာ ေၾကညက္ေအာင္ ေထာင္းျပီး အနာတြင္ အံုေပးျခင္း ျဖစ္ပါသည္။ ျပည္တရြဲရြဲ စိတ္ညစ္ဖြယ္ အနာႀကီးကို ေဘာစကိုင္းရြက္ ျပဳတ္ရည္ျဖင့္ ေနစဥ္ ဖန္ရည္ ေဆးေပးျခင္း အရြက္အံု စည္းျခင္းသာ ျဖစ္သည္။ ပံုမွန္လုပ္ေပးရင္း (15) ရက္အႀကာ အနာနုတ္ခမ္းဝ အသားနု တက္လာကာ တျဖည္းျဖည္း ေျခာက္လာျပီး အျပီးတိုင္ ေပ်ာက္ကင္းခဲ႔ပါသည္။

အနာေဆြး အနာအိုးႀကီး ေဘာစကိုင္းရြက္ျဖင့္ အမွန္ ေပ်ာက္ကင္းခဲ႔ပါသည္ဆို၍ တင္ျပမိပါသည္။ အခ်ိဳ႕ အနာေဆြး အနာအိုေႀကာင့္ စိတ္ညစ္ေနရျပီး ေဆးခန္းျပသရန္ အခက္ႀကံဳသူတို႔ ေဘာစကိုင္းရြက္ကို ဖန္ရည္ေဆးျခင္း ႀကိတ္အံုျခင္းျဖင့္ ေပ်ာက္ကင္းေစပါေႀကာင္း။

လိုသူတို႕သံုး စိတ္ႏွလံုးရႊင္ျပံဳးနိုင္ပါေစ

Credit : ရဲမ်ိဳးသူ (ေဗာဓိျမိဳင္)

(Unicode Version)

အနာဆွေး အနာအိုကြီးအတွက် ဘောစကိုင်း

ဘောစကိုင်းပင်ကို အဝေရာဟုလည်း ခေါ်၏ သိသူတို့ အကျိုးက များလှ၏။ အကြောင်းက ရှိ၏။ ပျောက်ကင်းတော့မှာ မဟုတ်ပါ ထင်ရသော အဒေါ်၏ ခါးတွင် ပေါက်သော အနာမှာ နှစ်ချီခဲ့လေသည်။ တဖြည်းဖြည်း လှိုက်စားလာကာ အနာတွင်းနက် စိတ်ပျက်ဖွယ် ဖြစ်ရသည်။ မိဘ ဆွေမျိုးများ အာလုံး စိတ်မကောင်း ဖြစ်ရသည်။ ဆရာစုံစွာ လက်လည်းကုန်လေပြီ။

အနာဟောင်းကြီး ဘောစကိုင်းဖြင့် ပျောက်ကင်းခဲ့သည်။ အင်္ဂလိပ် မြန်မာ ဆေးတို့ဖြင့် ဆေးပေါင်းခနေသော အနာသည် အလွန်ပေါပေါ လမ်းဘေးတောတွင် ပေါက်သော ဘောစကိုင်းအရွက်က ကုစားပေးနိုင်ခဲ့လေသည်။

ဘောစကိုင်းရွက်ကို ခူးပြီး ရေစင်အောင် ဆေးကာ ကြေညက်အောင် ထောင်းပြီး အနာတွင် အုံပေးခြင်း ဖြစ်ပါသည်။ ပြည်တရွဲရွဲ စိတ်ညစ်ဖွယ် အနာကြီးကို ဘောစကိုင်းရွက် ပြုတ်ရည်ဖြင့် နေစဉ် ဖန်ရည် ဆေးပေးခြင်း အရွက်အုံ စည်းခြင်းသာ ဖြစ်သည်။ ပုံမှန်လုပ်ပေးရင်း (15) ရက်အကြာ အနာနုတ်ခမ်းဝ အသားနု တက်လာကာ တဖြည်းဖြည်း ခြောက်လာပြီး အပြီးတိုင် ပျောက်ကင်းခဲ့ပါသည်။

အနာဆွေး အနာအိုးကြီး ဘောစကိုင်းရွက်ဖြင့် အမှန် ပျောက်ကင်းခဲ့ပါသည်ဆို၍ တင်ပြမိပါသည်။ အချို့ အနာဆွေး အနာအိုကြောင့် စိတ်ညစ်နေရပြီး ဆေးခန်းပြသရန် အခက်ကြုံသူတို့ ဘောစကိုင်းရွက်ကို ဖန်ရည်ဆေးခြင်း ကြိတ်အုံခြင်းဖြင့် ပျောက်ကင်းစေပါကြောင်း။

လိုသူတို့သုံး စိတ်နှလုံးရွှင်ပြုံးနိုင်ပါစေ

Credit : ရဲမျိုးသူ (ဗောဓိမြိုင်)

ကမ႓ာေပၚက အႀကီးဆံုး ၾကာပင္