WY အစားထိုး မူးယစ္ေစတဲ့ ဘိန္းစာရြက္ အေၾကာင္း သိခ်င္သူမ်ားအတြက္

အထူးသျဖင္႔ မြန္ျပည္နယ္ဘက္နဲ႔ ထိုင္းႏိုင္ငံမွာ ဆယ္ ေက်ာ္သက္ လူငယ္ေတြၾကား ေၾကာက္စရာ ေကာင္းေလာက္ေအာင္ သုံးစြဲမႈျမင္႔မားလာျပီး စီးပြားျဖစ္ စိုက္ပ်ိဳး လာၾကတဲ႔ မူးယစ္ေဆးဝါးအျဖစ္ သတ္မွတ္ျပီး ဖမ္းဆီး ႏွိမ္နင္းေနရတဲ႔ ဘိန္းစာရြက္အေၾကာင္းကို အတိုခ်ဳပ္ ေျပာျပပါ႔မယ္။

အရင္က ျမင္းေဆး ေခၚ wy ေဆးျပားေတြကို အဓိကထားသုံးစြဲၾကေပမဲ႔ ေနာက္ပိုင္းျမင္းေဆးရဲ႕ေစ်းႏႈန္း ႀကီး ျမင္႔လာမႈေၾကာင္႔ ျမင္းေဆးအစားထိုးအျဖစ္ ဘိန္းစာရြက္ကို အစားထိုးသုံးစြဲလာၾကပါတယ္။

ဘိန္းစာရြက္ သုံးစြဲနည္းကေတာ႔ ဒီလိုပါ။ ဘိန္းစာရြက္ရဲ႕ ေစ်းႏႈန္းကလည္း မေသးလွပါဘူး။ ဘိန္းစာရြက္ တရြက္ကို ျမန္မာေငြ ၁၀၀ နဲ႔ ၂၀၀ ၾကားေပးရျပီး တခါ က်ိဴ ေသာက္ရင္ အနည္းဆုံး ၁၀ ရြက္ကေန အရြက္ ၃၀ ထိ က်ိဳခ်က္ရပါတယ္။ က်ိဳခ်က္ျပီး ရရွိလာတဲ႔ ဘိန္းစာရြက္အရည္ကို ေကာ္ဖီမစ္ အခ်ိဳရည္ ေခ်ာင္းဆိုးေပ်ာက္ေဆးအရည္ ျခင္ေဆးေခြ ကရတဲ႔ ျပာေတြနဲ႔ ေရာေႏွာျပီး ေသာက္သုံးၾကရတာ ျဖစ္ပါတယ္။

အာနိသင္ကေတာ႔ ဘိန္းစာရြက္အရည္ ေသာက္သုံးျပီးတဲ႔အခါ မူးယစ္အရ သာကို ခံစားၾကရျပီး စိတ္အားတက္ၾကြလာကာ မအိပ္မေန အလုပ္လုပ္ႏိုင္တယ္လို႔ ဆိုၾကပါတယ္။ ျမင္းေဆး သုံးစြဲတဲ႔ အာနိသင္လိုေပါ႔။

အရင္ကေတာ႔ ဘိန္းစာရြက္ကို မူးယစ္ေဆးဝါးအျဖစ္ မသတ္မွတ္ေပမဲ႔ ေနာက္ပိုင္းမွာ က်န္းမာေရးဝန္ႀကီးဌာနက မူးယစ္ေဆးဝါးနဲ႔ စိတ္ကိုေျပာင္းလဲေစတတ္ေသာ ေဆးဝါးအျဖစ္ သတ္မွတ္ျပီး အရွိန္အဟုန္ျမင္႔ ႏွိမ္နင္း လာၾကတာ ျဖစ္ပါတယ္။

ကြ်န္ေတာ္တို႔မြန္ျပည္နယ္ဘက္က လူငယ္ေတြ ေတာ္ေတာ္မ်ားမ်ား မူးယစ္ေဆးစြဲျပီး ပ်က္စီးလာၾကတာ ထိုင္းႏိုင္ငံရဲ႕ စနက္မကင္းဘူးလို႔ ကိုယ္ပိုင္အျမင္အရ ယူဆပါတယ္။ ဘာေၾကာင္႔လဲဆိုေတာ႔ မြန္ျပည္နယ္ဘက္က လူငယ္အမ်ားစုဟာ အခ်ိန္တန္ အရြယ္ေရာက္လာရင္ မိဘ လက္ငုတ္လက္ရင္း အလုပ္အကိုင္ျဖစ္တဲ႔ လယ္စိုက္ပ်ိဳးေရး ရာဘာစိုက္ပ်ိဳးေရး လုပ္ငန္းေတြကို မလုပ္ကိုင္ၾကေတာ႔ပဲ ထိုင္းႏ္ုင္ငံထြက္ျပီး အလုပ္လုပ္ၾကတာ မ်ားတယ္။ သူမ်ားႏိုင္ငံထြက္ျပီး အလုပ္လုပ္ရေတာ႔ အမ်ားအားျဖင္႔ အလုပ္ၾကမ္းလုပ္ရတာမ်ားပါတယ္။

ထိုင္းဘက္က အလုပ္ရွင္အခ်ိဳ႕ကလည္း ျမန္မာလုပ္သား ေတြဆီက လူ႔စြမ္းအားအရင္းအျမစ္ကို ရသေလာက္ အသုံးခ်ခ်င္ၾကေတာ႔ ဒီအလုပ္သမားေတြ အၾကမ္းခံ အပင္ပန္းခံ လုပ္ႏိုင္ကိုင္ႏိုင္ေအာင္ မူးယစ္ေဆးဝါးနဲ႔ သိမ္းသြင္းၾကပါတယ္။ ျမင္းေဆးတို႔ ဘိန္းစာရြက္ တို႔လိုေပါ႔။ အရင္တုန္းက ျမင္းေဆးတြင္က်ယ္ေပမဲ႔ အဖမ္းအဆီးနဲ႔ ေစ်းႏႈန္းျမင္႔မားမႈေၾကာင္႔ ဘိန္းစာရြက္ ဘိန္းစာရည္ကို အစားထိုး သုံးစြဲလာၾကတယ္ ထင္ပါတယ္။

တဖက္ႏိုင္ငံမွာ အလုပ္လုပ္ျပီး ျပန္လာၾကတဲ႔ မြန္လူငယ္ အမ်ားစုဟာ ဒီလဲေရာက္ေရာ ေဆးစြဲတဲ႔ေရာဂါေတြ ကပါ ကပ္တြဲပါလာၾကပါတယ္။ လူငယ္ေတြ ၾကည္႔လိုက္ရင္ ဟိုနားစုစု ဒီနားစုစုနဲ႔ ဒီမူးယစ္ေဆးဝါး သုံးစြဲဖို႔ ေလာက္ပဲ စိတ္ဝင္စားလာၾကေတာ႔တယ္။ ဝိသမေလာဘသားေတြ ကလည္း ဘယ္သူေသေသ ငေတမာရင္ ျပီးေရာ ဆိုတဲ႔စိတ္ဓါတ္နဲ႔ မူးယစ္ေဆးဝါးေတြကို ထုတ္လုပ္ ျဖန္႔ျဖဴ းေရာင္းခ်ၾကတာ လူငယ္အမ်ားစုအတြက္ မူးယစ္ေဆးဝါး အႏၲရာယ္က ထိပ္တန္းစိုးရိ္မ္စရာ အႏၲရာယ္ ျဖစ္လာေတာ႔တာပါပဲ။

ခုဆိုရင္ ဘိန္းစာရြက္ပင္ေတြကို စီးပြားျဖစ္ စိုက္ပ်ိဳးထုတ္ လုပ္လာၾကတာ မြန္ျပည္နယ္ ေရး သံျဖဴ ဇရပ္ ဘက္မွာ အဆိုးဆုံး အမ်ားဆုံးပါ။ တနသၤာရီဘက္မွာလဲ စိုက္ပ်ိဳး ၾကပါတယ္။ ထိုင္းႏိုင္ငံဘက္မွာေတာ႔ စိုက္ခင္းႀကီးေတြနဲ႔ကို စိုက္ပ်ိဳးၾကပါတယ္။ တေလာကေတာင္ ထိုင္းလူမ်ိဳးပိုင္တဲ႔ ဘိန္းစာပင္ စိုက္ခင္းထဲ ဘိန္းစာရြက္ခိုးခုတ္တဲ႔ ျမန္မာလူမ်ိဳးအလုပ္သမားတေယာက္ ေသနတ္နဲ႔ ပစ္သတ္ခံထိျပီး ေရထဲပစ္ခ်ခဲ႔တဲ႔ အမႈတမႈ ျဖစ္ပြားခဲ႔တာ ဖတ္ လိုက္ရမယ္ ထင္ပါတယ္။ အဓိကကေတာ႔ ဘိန္းစာရြက္ အာနိသင္နဲ႔ သုံးစြဲပုံ ေျပာ ျပခ်င္တာပါ။ ေျပာရင္းနဲ႔ အရွိန္ရလာလို႔ ဆက္ေျပာလိုက္တာပါ။

ဘိန္းစာရြက္နဲ႔ပတ္သတ္ျပီးအတိုခ်ဳပ္က – ဘိန္းစာရြက္က ဒီတိုင္းစားရတာမဟုတ္ပါဘူး။ က်ိဳခ်က္ ျပီး ရရွိလာတဲ႔အရည္ကို အခ်ိဳရည္ ေကာ္ဖီမစ္ ေခ်ာင္းဆိုးရည္ ေတြနဲ႔ ေရာေသာက္ရတာ ျဖစ္ပါတယ္။ ဘိန္းစာရြက္တရြက္ကို ျမန္မာေငြ ၁၀၀ နဲ႔ ၂၀၀ ၾကား ေပးရပါတယ္။ တခါက်ိဳရင္ အရြက္ ၁၀ ရြက္ကေန ၃၀ ရြက္ေလာက္ထိ က်ိဳခ်က္ရပါတယ္။ ဘိန္းစာရြက္ ေသာက္ျပီးရင္ မူးယစ္အရသာ ခံစားရျပီး သာမာန္ထက္ လုပ္အား စြမ္းရည္ ခံႏိုင္ရည္ရွိတယ္လို႔ ယူဆၾကပါတယ္။ ခုဆိုရင္ ျမန္မာႏိုင္ငံမွာေရာ ထိုင္းႏိုင္ငံမွာပါ ဘိန္းစာရြက္ကို မူးယစ္ေဆးဝါးနဲ႔ စိတ္ကိုေျပာင္းလဲေစတတ္ေသာ ေဆးဝါးအျဖစ္ သတ္မွတ္ျပီး ထိထိေရာက္ေရာက္ႏွိမ္နင္းေနၾက ျပီး ျဖစ္ပါတယ္။

အားလုံးကိုေက်းဇူးတင္ပါတယ္ Zin Moe

Credit : Zin Moe

 

(Unicode Version)

WY အစားထိုး မူးယစ်စေတဲ့ ဘိန်းစာရွက် အကြောင်း သိချင်သူများအတွက်

အထူးသဖြင့် မွန်ပြည်နယ်ဘက်နဲ့ ထိုင်းနိုင်ငံမှာ ဆယ် ကျော်သက် လူငယ်တွေကြား ကြောက်စရာ ကောင်းလောက်အောင် သုံးစွဲမှုမြင့်မားလာပြီး စီးပွားဖြစ် စိုက်ပျိုး လာကြတဲ့ မူးယစ်ဆေးဝါးအဖြစ် သတ်မှတ်ပြီး ဖမ်းဆီး နှိမ်နင်းနေရတဲ့ ဘိန်းစာရွက်အကြောင်းကို အတိုချုပ် ပြောပြပါ့မယ်။

အရင်က မြင်းဆေး ခေါ် wy ဆေးပြားတွေကို အဓိကထားသုံးစွဲကြပေမဲ့ နောက်ပိုင်းမြင်းဆေးရဲ့စျေးနှုန်း ကြီး မြင့်လာမှုကြောင့် မြင်းဆေးအစားထိုးအဖြစ် ဘိန်းစာရွက်ကို အစားထိုးသုံးစွဲလာကြပါတယ်။

ဘိန်းစာရွက် သုံးစွဲနည်းကတော့ ဒီလိုပါ။ ဘိန်းစာရွက်ရဲ့ စျေးနှုန်းကလည်း မသေးလှပါဘူး။ ဘိန်းစာရွက် တရွက်ကို မြန်မာငွေ ၁၀၀ နဲ့ ၂၀၀ ကြားပေးရပြီး တခါ ကျိူ သောက်ရင် အနည်းဆုံး ၁၀ ရွက်ကနေ အရွက် ၃၀ ထိ ကျိုချက်ရပါတယ်။ ကျိုချက်ပြီး ရရှိလာတဲ့ ဘိန်းစာရွက်အရည်ကို ကော်ဖီမစ် အချိုရည် ချောင်းဆိုးပျောက်ဆေးအရည် ခြင်ဆေးခွေ ကရတဲ့ ပြာတွေနဲ့ ရောနှောပြီး သောက်သုံးကြရတာ ဖြစ်ပါတယ်။

အာနိသင်ကတော့ ဘိန်းစာရွက်အရည် သောက်သုံးပြီးတဲ့အခါ မူးယစ်အရ သာကို ခံစားကြရပြီး စိတ်အားတက်ကြွလာကာ မအိပ်မနေ အလုပ်လုပ်နိုင်တယ်လို့ ဆိုကြပါတယ်။ မြင်းဆေး သုံးစွဲတဲ့ အာနိသင်လိုပေါ့။

အရင်ကတော့ ဘိန်းစာရွက်ကို မူးယစ်ဆေးဝါးအဖြစ် မသတ်မှတ်ပေမဲ့ နောက်ပိုင်းမှာ ကျန်းမာရေးဝန်ကြီးဌာနက မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေတတ်သော ဆေးဝါးအဖြစ် သတ်မှတ်ပြီး အရှိန်အဟုန်မြင့် နှိမ်နင်း လာကြတာ ဖြစ်ပါတယ်။

ကျွန်တော်တို့မွန်ပြည်နယ်ဘက်က လူငယ်တွေ တော်တော်များများ မူးယစ်ဆေးစွဲပြီး ပျက်စီးလာကြတာ ထိုင်းနိုင်ငံရဲ့ စနက်မကင်းဘူးလို့ ကိုယ်ပိုင်အမြင်အရ ယူဆပါတယ်။ ဘာကြောင့်လဲဆိုတော့ မွန်ပြည်နယ်ဘက်က လူငယ်အများစုဟာ အချိန်တန် အရွယ်ရောက်လာရင် မိဘ လက်ငုတ်လက်ရင်း အလုပ်အကိုင်ဖြစ်တဲ့ လယ်စိုက်ပျိုးရေး ရာဘာစိုက်ပျိုးရေး လုပ်ငန်းတွေကို မလုပ်ကိုင်ကြတော့ပဲ ထိုင်းန်ုင်ငံထွက်ပြီး အလုပ်လုပ်ကြတာ များတယ်။ သူများနိုင်ငံထွက်ပြီး အလုပ်လုပ်ရတော့ အများအားဖြင့် အလုပ်ကြမ်းလုပ်ရတာများပါတယ်။

ထိုင်းဘက်က အလုပ်ရှင်အချို့ကလည်း မြန်မာလုပ်သား တွေဆီက လူ့စွမ်းအားအရင်းအမြစ်ကို ရသလောက် အသုံးချချင်ကြတော့ ဒီအလုပ်သမားတွေ အကြမ်းခံ အပင်ပန်းခံ လုပ်နိုင်ကိုင်နိုင်အောင် မူးယစ်ဆေးဝါးနဲ့ သိမ်းသွင်းကြပါတယ်။ မြင်းဆေးတို့ ဘိန်းစာရွက် တို့လိုပေါ့။ အရင်တုန်းက မြင်းဆေးတွင်ကျယ်ပေမဲ့ အဖမ်းအဆီးနဲ့ စျေးနှုန်းမြင့်မားမှုကြောင့် ဘိန်းစာရွက် ဘိန်းစာရည်ကို အစားထိုး သုံးစွဲလာကြတယ် ထင်ပါတယ်။

တဖက်နိုင်ငံမှာ အလုပ်လုပ်ပြီး ပြန်လာကြတဲ့ မွန်လူငယ် အများစုဟာ ဒီလဲရောက်ရော ဆေးစွဲတဲ့ရောဂါတွေ ကပါ ကပ်တွဲပါလာကြပါတယ်။ လူငယ်တွေ ကြည့်လိုက်ရင် ဟိုနားစုစု ဒီနားစုစုနဲ့ ဒီမူးယစ်ဆေးဝါး သုံးစွဲဖို့ လောက်ပဲ စိတ်ဝင်စားလာကြတော့တယ်။ ဝိသမလောဘသားတွေ ကလည်း ဘယ်သူသေသေ ငတေမာရင် ပြီးရော ဆိုတဲ့စိတ်ဓါတ်နဲ့ မူးယစ်ဆေးဝါးတွေကို ထုတ်လုပ် ဖြန့်ဖြူ းရောင်းချကြတာ လူငယ်အများစုအတွက် မူးယစ်ဆေးဝါး အန္တရာယ်က ထိပ်တန်းစိုးရိ်မ်စရာ အန္တရာယ် ဖြစ်လာတော့တာပါပဲ။

ခုဆိုရင် ဘိန်းစာရွက်ပင်တွေကို စီးပွားဖြစ် စိုက်ပျိုးထုတ် လုပ်လာကြတာ မွန်ပြည်နယ် ရေး သံဖြူ ဇရပ် ဘက်မှာ အဆိုးဆုံး အများဆုံးပါ။ တနင်္သာရီဘက်မှာလဲ စိုက်ပျိုး ကြပါတယ်။ ထိုင်းနိုင်ငံဘက်မှာတော့ စိုက်ခင်းကြီးတွေနဲ့ကို စိုက်ပျိုးကြပါတယ်။ တလောကတောင် ထိုင်းလူမျိုးပိုင်တဲ့ ဘိန်းစာပင် စိုက်ခင်းထဲ ဘိန်းစာရွက်ခိုးခုတ်တဲ့ မြန်မာလူမျိုးအလုပ်သမားတယောက် သေနတ်နဲ့ ပစ်သတ်ခံထိပြီး ရေထဲပစ်ချခဲ့တဲ့ အမှုတမှု ဖြစ်ပွားခဲ့တာ ဖတ် လိုက်ရမယ် ထင်ပါတယ်။ အဓိကကတော့ ဘိန်းစာရွက် အာနိသင်နဲ့ သုံးစွဲပုံ ပြော ပြချင်တာပါ။ ပြောရင်းနဲ့ အရှိန်ရလာလို့ ဆက်ပြောလိုက်တာပါ။

ဘိန်းစာရွက်နဲ့ပတ်သတ်ပြီးအတိုချုပ်က – ဘိန်းစာရွက်က ဒီတိုင်းစားရတာမဟုတ်ပါဘူး။ ကျိုချက် ပြီး ရရှိလာတဲ့အရည်ကို အချိုရည် ကော်ဖီမစ် ချောင်းဆိုးရည် တွေနဲ့ ရောသောက်ရတာ ဖြစ်ပါတယ်။ ဘိန်းစာရွက်တရွက်ကို မြန်မာငွေ ၁၀၀ နဲ့ ၂၀၀ ကြား ပေးရပါတယ်။ တခါကျိုရင် အရွက် ၁၀ ရွက်ကနေ ၃၀ ရွက်လောက်ထိ ကျိုချက်ရပါတယ်။ ဘိန်းစာရွက် သောက်ပြီးရင် မူးယစ်အရသာ ခံစားရပြီး သာမာန်ထက် လုပ်အား စွမ်းရည် ခံနိုင်ရည်ရှိတယ်လို့ ယူဆကြပါတယ်။ ခုဆိုရင် မြန်မာနိုင်ငံမှာရော ထိုင်းနိုင်ငံမှာပါ ဘိန်းစာရွက်ကို မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေတတ်သော ဆေးဝါးအဖြစ် သတ်မှတ်ပြီး ထိထိရောက်ရောက်နှိမ်နင်းနေကြ ပြီး ဖြစ်ပါတယ်။

အားလုံးကိုကျေးဇူးတင်ပါတယ် Zin Moe

Credit : Zin Moe