အသက္ ၁၀၀ ႏွစ္ ဖိုးဖိုးသတုိ႔သားႏွင့္ အသက္ ၉၆ ႏွစ္ ဘြားဘြားသတုိ႔သမီးတုိ႔၏ မဂၤလာပြဲ

ထုိင္းႏုိင္ငံ အယုဒၵယၿမိဳ႕ ဘန္စိုင္းအရပ္မွာ ႏွစ္ေယာက္ေပါင္းရင္ အသက္ ၁၉၆ ႏွစ္ရွိတဲ့ သက္ႀကီးစံုတြဲတတြဲ မတ္လ ၄ ရက္ေန႔က လက္ထပ္ခဲ့တယ္လုိ႔ သိရပါတယ္။ အခ်စ္မွာ အသက္အကန္႔အသတ္မရွိဘူး ဆုိတာကို သက္ေသျပတဲ့အေနနဲ႔ အသက္ ၁၀၀ ႏွစ္အရြယ္ ဆန္ဂဆီေဒါ့ဘူရက္ဘ္က ၉၆ ႏွစ္အရြယ္ ဝင္းဆီေဒါ့ဘူရက္ဘ္ကုိ လက္ထပ္ဖုိ႔ ေတာင္းဆုိခဲ့တာပါ။

ဘုိးဘြားက်န္းမာေရးဌာနက ဆရာဝန္တဦးျဖစ္တဲ့ ေဒါက္တာ ဘန္ခ်ိဳင္းက ဒီလက္ထပ္မႈဟာ ထုိင္းႏုိင္ငံမွာ ႏွစ္ဦးေပါင္း အသက္အႀကီးဆံုး လက္ထပ္သူေတြထဲမွာ အသက္အႀကီးဆံုးျဖစ္တယ္လုိ႔ ေျပာပါတယ္။ သက္ႀကီးစံုတြဲက ထုိင္းမဂၤလာေဆာင္မွာ လုပ္ေလ့လုပ္ထရွိတဲ့ ႐ုိးရာထံုးစံေတြ အားလံုးလုပ္ၿပီး ေပ်ာ္ရႊင္ေနပံုရပါတယ္။

သြက္လက္ပံုရတဲ့ သတုိ႔သား ဆန္ဂက ႀကိဳးတားသူေတြကို လက္ေဆာင္ေငြေတြေပးၿပီး ႀကိဳးတားထားတဲ့ ေနရာကေန ျဖတ္သြားပါတယ္။ သက္ႀကီးစံုတြဲရဲ႕ လက္ေတြေပၚကို မိတ္ေဆြေတြနဲ႔ ေဆြမ်ိဳးေတြကလည္း အခမ္းအနား အထိမ္းအမွတ္ ေရစင္သြန္းဖ်န္းေပးခဲ့ၾကပါတယ္။

သက္ႀကီးစံုတြဲရဲ႕ မ်ိဳး႐ုိးနာမည္ေတြ တူေနလုိ႔ သူတုိ႔ႏွစ္ဦးက အရင္ကတည္းက လက္ထပ္ထားၿပီး အခုအခ်ိန္မွာ တရားဝင္ျဖစ္ေအာင္ ဆံုးျဖတ္ခဲ့ပံုရတယ္လုိ႔ ထုိင္းရတ္သတင္းက ေရးသားထားၿပီး သူတုိ႔ႏွစ္ဦးဟာ ဘုိးဘြားေတြကို ၾကည့္႐ႈေစာင့္ေရွာက္တဲ့ Wellness City ဆုိတဲ့ က်န္းမာေရးဌာနမွာ လက္ထပ္ခဲ့ၾကတာလုိ႔ သိရပါတယ္။

ဒီလက္ထပ္ပြဲပံုေတြကို ရုိဂ်န္နာဖင္စူဝန္ဆုိသူက ေဖ့စ္ဘြတ္ခ္ လူမႈကြန္ရက္ေပၚမွာ တင္ၿပီးတဲ့ေနာက္ ေဖ့စ္ဘြတ္ခ္သုံးစြဲသူ ၃ ေသာင္းေလာက္က ဒီပံုေတြကုိ ျဖန္႔ေဝခဲ့ပါတယ္။

Source : DVB

(Unicode Version)

အသက် ၁၀၀ နှစ် ဖိုးဖိုးသတို့သားနှင့် အသက် ၉၆ နှစ် ဘွားဘွားသတို့သမီးတို့၏ မင်္ဂလာပွဲ

ထိုင်းနိုင်ငံ အယုဒ္ဒယမြို့ ဘန်စိုင်းအရပ်မှာ နှစ်ယောက်ပေါင်းရင် အသက် ၁၉၆ နှစ်ရှိတဲ့ သက်ကြီးစုံတွဲတတွဲ မတ်လ ၄ ရက်နေ့က လက်ထပ်ခဲ့တယ်လို့ သိရပါတယ်။ အချစ်မှာ အသက်အကန့်အသတ်မရှိဘူး ဆိုတာကို သက်သေပြတဲ့အနေနဲ့ အသက် ၁၀၀ နှစ်အရွယ် ဆန်ဂဆီဒေါ့ဘူရက်ဘ်က ၉၆ နှစ်အရွယ် ဝင်းဆီဒေါ့ဘူရက်ဘ်ကို လက်ထပ်ဖို့ တောင်းဆိုခဲ့တာပါ။

ဘိုးဘွားကျန်းမာရေးဌာနက ဆရာဝန်တဦးဖြစ်တဲ့ ဒေါက်တာ ဘန်ချိုင်းက ဒီလက်ထပ်မှုဟာ ထိုင်းနိုင်ငံမှာ နှစ်ဦးပေါင်း အသက်အကြီးဆုံး လက်ထပ်သူတွေထဲမှာ အသက်အကြီးဆုံးဖြစ်တယ်လို့ ပြောပါတယ်။ သက်ကြီးစုံတွဲက ထိုင်းမင်္ဂလာဆောင်မှာ လုပ်လေ့လုပ်ထရှိတဲ့ ရိုးရာထုံးစံတွေ အားလုံးလုပ်ပြီး ပျော်ရွှင်နေပုံရပါတယ်။

သွက်လက်ပုံရတဲ့ သတို့သား ဆန်ဂက ကြိုးတားသူတွေကို လက်ဆောင်ငွေတွေပေးပြီး ကြိုးတားထားတဲ့ နေရာကနေ ဖြတ်သွားပါတယ်။ သက်ကြီးစုံတွဲရဲ့ လက်တွေပေါ်ကို မိတ်ဆွေတွေနဲ့ ဆွေမျိုးတွေကလည်း အခမ်းအနား အထိမ်းအမှတ် ရေစင်သွန်းဖျန်းပေးခဲ့ကြပါတယ်။

သက်ကြီးစုံတွဲရဲ့ မျိုးရိုးနာမည်တွေ တူနေလို့ သူတို့နှစ်ဦးက အရင်ကတည်းက လက်ထပ်ထားပြီး အခုအချိန်မှာ တရားဝင်ဖြစ်အောင် ဆုံးဖြတ်ခဲ့ပုံရတယ်လို့ ထိုင်းရတ်သတင်းက ရေးသားထားပြီး သူတို့နှစ်ဦးဟာ ဘိုးဘွားတွေကို ကြည့်ရှုစောင့်ရှောက်တဲ့ Wellness City ဆိုတဲ့ ကျန်းမာရေးဌာနမှာ လက်ထပ်ခဲ့ကြတာလို့ သိရပါတယ်။

ဒီလက်ထပ်ပွဲပုံတွေကို ရိုဂျန်နာဖင်စူဝန်ဆိုသူက ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက်ပေါ်မှာ တင်ပြီးတဲ့နောက် ဖေ့စ်ဘွတ်ခ်သုံးစွဲသူ ၃ သောင်းလောက်က ဒီပုံတွေကို ဖြန့်ဝေခဲ့ပါတယ်။

Source : DVB

ကမ႓ာေပၚက အႀကီးဆံုး ၾကာပင္