အင္းစိန္ၿမိဳ႕နယ္တြင္ ဖုန္းအေရာင္းဆိုင္အတြင္းသို႔ ၀င္ေရာက္၍ လက္ကိုင္ဖုန္း၊ ဆင္းကတ္မ်ားခိုးယူသူကို ေဖာ္ထုတ္ဖမ္းဆီးရမိ

အင္းစိန္ၿမိဳ႕နယ္၊ ၿမိဳ႕သစ္(က+ခ)ရပ္ကြက္၊ ဘုရင့္ေနာင္လမ္းမႀကီးတြင္ ဖြင့္လွစ္ထားေသာ လက္ကိုင္ဖုန္း အေရာင္းဆိုင္မွ လက္ကိုင္ဖုန္းမ်ားႏွင့္ MPT ႏွင့္ တယ္လီေနာဆင္းကတ္မ်ား ခိုးယူသူ ေစာရွစ္လံုးမက္၊ (၂၁) ႏွစ္ကို ရန္ကုန္တိုင္းေဒသႀကီးရဲတပ္ဖဲြ႕မွဴးရံုး၊ မႈခင္း ေဖာ္ထုတ္ေရး တပ္ဖဲြ႕၀င္မ်ားက စံုစမ္း ေဖာ္ထုတ္ ဖမ္းဆီးရမိခဲ့ေၾကာင္း သိရသည္။

ျဖစ္စဥ္မွာ လိႈင္ၿမိဳ႕နယ္ေန ကို—–သည္ အင္းစိန္ၿမိဳ႕နယ္၊ ၿမိဳ႕သစ္(က+ခ) ရပ္ကြက္တြင္ ဖြင့္လွစ္ထားေသာ လက္ကိုင္ဖုန္း အေရာင္းဆိုင္အား ၁၇.၂.၂၀၁၈ ရက္ေန႔ ည ၂၂း၀၀ နာရီအခ်ိန္တြင္ ပိတ္ကာ ေနအိမ္သို႔ ျပန္လာ ခဲ့ေၾကာင္း၊ ၁၈.၂.၂၀၁၈ ရက္ေန႔ နံနက္ ၀၉း၄၀ နာရီအခ်ိန္တြင္ ဆိုင္သို႔ေရာက္ရွိၿပီးေနာက္ ၀င္ေပါက္တံခါးအား ၾကည့္ရႈရာ ေအာက္ေျခရွိ သံျပားမွာ လူတစ္ကိုယ္စာ ၀င္/ထြက္ေပါက္ျဖစ္ေနေၾကာင္း ေတြ႕ရွိရသျဖင့္ ဆိုင္အတြင္း သို႔၀င္ေရာက္ စစ္ေဆးခဲ့ရာ လက္ကိုင္ဖုန္းမ်ိဳးစံု (၄၂)လံုးႏွင့္ MPT ႏွင့္ တယ္လီေနာဆင္းကတ္ စုစုေပါင္း (၅၆) ကတ္တို႔မွာ ေပ်ာက္ဆံုးေနသည့္ကို ေတြ႕ရွိရသျဖင့္ ခိုးယူသူအား စံုစမ္းေဖာ္ထုတ္ေပးရန္ တိုင္တန္းခ်က္အရ အင္းစိန္ၿမိဳ႕မရဲစခန္း(ပ)၄၁၇/၂၀၁၈၊ ရာဇသတ္ႀကီးပုဒ္မ ၃၈၀ အမႈဖြင့္ကာ စံုစမ္းစစ္ေဆး ေဆာင္ရြက္ခဲ့ေၾကာင္း သိရသည္။

ရန္ကုန္တိုင္းေဒသႀကီးရဲတပ္ဖဲြ႕မွဴးရံုး၊ မႈခင္းေဖာ္ထုတ္ေရးတပ္ဖဲြ႕၀င္မ်ားသည္ အမႈမွျပစ္မႈက်ဴးလြန္သူကို ဖမ္းဆီး ရမိေရး စံုစမ္းေဆာင္ရြက္ခဲ့ရာ ေစာရွစ္လံုးမက္ဆိုသူသည္ မိခင္ႏွင့္ စကားမ်ားစိတ္ဆိုးၿပီး ေနအိမ္မွဆင္းကာ အင္းစိန္ၿမိဳ႕နယ္၊ ၿမိဳ႕သစ္(က+ခ) ရပ္ကြက္တြင္ ေနထိုင္လ်က္ရွိၿပီး ၎သည္ ၂၀၁၂ ခုႏွစ္အတြင္းက လက္ကိုင္ဖုန္းတစ္လံုးအား ေဖာက္ထြင္း ၀င္ေရာက္ ခိုးယူသျဖင့္ ရပ္ကြက္အုပ္ခ်ဳပ္ေရးမွဴးရံုး၌ ေျဖရွင္းခဲ့ရဖူးသူ ျဖစ္ေၾကာင္းႏွင့္ ၎ထံတြင္ အမႈမွ ေပ်ာက္ဆံုး လက္ကိုင္ဖုန္း အမ်ိဳးအစားတူ လက္ကိုင္ဖုန္းမ်ား ေရာင္းရန္ရွိ ေၾကာင္း သိရွိရသျဖင့္ ဖမ္းဆီးရမိေရး ေဆာင္ရြက္ခဲ့ရာ ၂၈.၂.၂၀၁၈ ရက္ေန႔ ည ၂၂း၃၀ နာရီအခ်ိန္တြင္ အင္းစိန္ၿမိဳ႕နယ္ ေနအိမ္မွ ဖမ္းဆီးရမိခဲ့ပါသည္။

ဖမ္းဆီးရမိသူ ေစာရွစ္လံုးမက္အား စစ္ေဆးရာ ၎သည္ ၁၇.၂.၂၀၁၈ ရက္ေန႔ ည ၂၃း၀၀ နာရီအခ်ိန္တြင္ ေက်ာပိုးအိတ္အတြင္း ကတ္တာ (၁) လက္၊ ၀က္အူလွည့္တစ္ေခ်ာင္းတို႔အား ထည့္ကာ လက္ကိုင္ဖုန္းမ်ား ခိုးယူရန္ ေနအိမ္မွ ထြက္လာခဲ့ေၾကာင္း၊ ၁၈.၂.၂၀၁၈ ရက္ေန႔ နံနက္ ၀၁း၃၀ နာရီအခ်ိန္တြင္ အခင္းျဖစ္ဖုန္းဆိုင္အတြင္း ၀င္ေရာက္၍ လက္ကိုင္ဖုန္း၊ ဆင္းကတ္မ်ားကို ခိုးယူခဲ့ေၾကာင္း စစ္ေဆးေပၚေပါက္ခဲ့သည္။

ေပၚေပါက္ခ်က္အရ အမႈမွ ေပ်ာက္ဆံုးလက္ကိုင္ဖုန္းမ်ားႏွင့္ ဆင္းကတ္မ်ားကို ျပန္လည္သိမ္းဆည္းႏိုင္ခဲ့ကာ အေရးယူေဆာင္ရြက္လ်က္ရွိေၾကာင္းႏွင့္ အျခား ခိုးမႈမ်ား က်ဴးလြန္ထားျခင္းရွိ မရွိ စစ္ေဆး ေဆာင္ရြက္လ်က္ရွိေၾကာင္း သတင္းရရွိသည္။

Source : Yangon Police

(Unicode Version)

အင်းစိန်မြို့နယ်တွင် ဖုန်းအရောင်းဆိုင်အတွင်းသို့ ဝင်ရောက်၍ လက်ကိုင်ဖုန်း၊ ဆင်းကတ်များခိုးယူသူကို ဖော်ထုတ်ဖမ်းဆီးရမိ

ရန်ကုန်၊ မတ် ၅

အင်းစိန်မြို့နယ်၊ မြို့သစ်(က+ခ)ရပ်ကွက်၊ ဘုရင့်နောင်လမ်းမကြီးတွင် ဖွင့်လှစ်ထားသော လက်ကိုင်ဖုန်း အရောင်းဆိုင်မှ လက်ကိုင်ဖုန်းများနှင့် MPT နှင့် တယ်လီနောဆင်းကတ်များခိုးယူသူ စောရှစ်လုံးမက်၊ (၂၁) နှစ်ကို ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး၊ မှုခင်း ဖော်ထုတ်ရေး တပ်ဖွဲ့ဝင်များက စုံစမ်း ဖော်ထုတ် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ လှိုင်မြို့နယ်နေ ကို—–သည် အင်းစိန်မြို့နယ်၊ မြို့သစ်(က+ခ) ရပ်ကွက်တွင် ဖွင့်လှစ်ထားသော လက်ကိုင်ဖုန်း အရောင်းဆိုင်အား ၁၇.၂.၂၀၁၈ ရက်နေ့ ည ၂၂းဝ၀ နာရီအချိန်တွင် ပိတ်ကာ နေအိမ်သို့ ပြန်လာ ခဲ့ကြောင်း၊ ၁၈.၂.၂၀၁၈ ရက်နေ့ နံနက် ၀၉း၄၀ နာရီအချိန်တွင် ဆိုင်သို့ရောက်ရှိပြီးနောက် ဝင်ပေါက်တံခါးအား ကြည့်ရှုရာ အောက်ခြေရှိ သံပြားမှာ လူတစ်ကိုယ်စာ ဝင်/ထွက်ပေါက်ဖြစ်နေကြောင်း တွေ့ရှိရသဖြင့် ဆိုင်အတွင်း သို့ဝင်ရောက် စစ်ဆေးခဲ့ရာ လက်ကိုင်ဖုန်းမျိုးစုံ (၄၂)လုံးနှင့် MPT နှင့် တယ်လီနောဆင်းကတ် စုစုပေါင်း (၅၆) ကတ်တို့မှာ ပျောက်ဆုံးနေသည့်ကို တွေ့ရှိရသဖြင့် ခိုးယူသူအား စုံစမ်းဖော်ထုတ်ပေးရန် တိုင်တန်းချက်အရ အင်းစိန်မြို့မရဲစခန်း(ပ)၄၁၇/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၈၀ အမှုဖွင့်ကာ စုံစမ်းစစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး၊ မှုခင်းဖော်ထုတ်ရေးတပ်ဖွဲ့ဝင်များသည် အမှုမှပြစ်မှုကျူးလွန်သူကို ဖမ်းဆီး ရမိရေး စုံစမ်းဆောင်ရွက်ခဲ့ရာ စောရှစ်လုံးမက်ဆိုသူသည် မိခင်နှင့် စကားများစိတ်ဆိုးပြီး နေအိမ်မှဆင်းကာ အင်းစိန်မြို့နယ်၊ မြို့သစ်(က+ခ) ရပ်ကွက်တွင် နေထိုင်လျက်ရှိပြီး ၎င်းသည် ၂၀၁၂ ခုနှစ်အတွင်းက လက်ကိုင်ဖုန်းတစ်လုံးအား ဖောက်ထွင်း ဝင်ရောက် ခိုးယူသဖြင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ ဖြေရှင်းခဲ့ရဖူးသူ ဖြစ်ကြောင်းနှင့် ၎င်းထံတွင် အမှုမှ ပျောက်ဆုံး လက်ကိုင်ဖုန်း အမျိုးအစားတူ လက်ကိုင်ဖုန်းများ ရောင်းရန်ရှိ ကြောင်း သိရှိရသဖြင့် ဖမ်းဆီးရမိရေး ဆောင်ရွက်ခဲ့ရာ ၂၈.၂.၂၀၁၈ ရက်နေ့ ည ၂၂း၃၀ နာရီအချိန်တွင် အင်းစိန်မြို့နယ် နေအိမ်မှ ဖမ်းဆီးရမိခဲ့ပါသည်။

ဖမ်းဆီးရမိသူ စောရှစ်လုံးမက်အား စစ်ဆေးရာ ၎င်းသည် ၁၇.၂.၂၀၁၈ ရက်နေ့ ည ၂၃းဝ၀ နာရီအချိန်တွင် ကျောပိုးအိတ်အတွင်း ကတ်တာ (၁) လက်၊ ဝက်အူလှည့်တစ်ချောင်းတို့အား ထည့်ကာ လက်ကိုင်ဖုန်းများ ခိုးယူရန် နေအိမ်မှ ထွက်လာခဲ့ကြောင်း၊ ၁၈.၂.၂၀၁၈ ရက်နေ့ နံနက် ၀၁း၃၀ နာရီအချိန်တွင် အခင်းဖြစ်ဖုန်းဆိုင်အတွင်း ဝင်ရောက်၍ လက်ကိုင်ဖုန်း၊ ဆင်းကတ်များကို ခိုးယူခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည်။

ပေါ်ပေါက်ချက်အရ အမှုမှ ပျောက်ဆုံးလက်ကိုင်ဖုန်းများနှင့် ဆင်းကတ်များကို ပြန်လည်သိမ်းဆည်းနိုင်ခဲ့ကာ အရေးယူဆောင်ရွက်လျက်ရှိကြောင်းနှင့် အခြား ခိုးမှုများ ကျူးလွန်ထားခြင်းရှိ မရှိ စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

Source : Yangon Police