ဘုရား႐ွိခိုး မပ်င္းနဲ႔ ဘုရားရွိခိုး ပူေဇာ္ရေသာ အက်ိဳး (၈) မ်ိဳး

ဘုရား႐ွိခိုး မပ်င္းနဲ႔ ဘုရားရွိခိုး ပူေဇာ္ရေသာ အက်ိဳး (၈) မ်ိဳး

၁။ သြားေလ ရာရာ ေရာက္ေလရာ အရပ္ ၁၀ မ်က္ႏွာ တို ့၌ အပူေဇာ္ အခ်ီးေျမွာက္ကို ခံရျခင္း ။

၂။ သြက္သြက္ လက္လက္ႏွင့္ ထက္ျမတ္ေသာ ဥာဏ္ပညာကို ရရွိျခင္း ။

၃။ ကိုယ့္ အလိုလိုက္ျပီး ကိုယ့္ အႀကိဳက္ကိုသာ လုပ္ကိုင္ေပးႀကေသာ အေျခြအရံ ပရိသတ္ႏွင့္ ျပည့္စုံရ ျခင္း။

၄။ မေရ မတြက္နိဳင္ေသာ စည္းစိမ္ ခ်မ္းသာႏွင့္ ျပည့္စုံ ျခင္း။

၅။ ဘဝတိုင္း ဘဝတိုင္း အဆင္း ရုပ္ရည္ လွပျခင္း။

၆။ ကိုယ္လွ စိတ္လွ အတြင္းအျပင္ လွပသည့္ အတြက္ အမ်ား၏ ႏွစ္သက္ျခင္းကို ခံယူရျခင္း ။

၇။ မိတ္ေဆြ အေပါင္းအသင္းတို႔၏ ခ်စ္ခင္ ရိုေသေလးစားမႈ ခိုင္ျမဲ ျခင္း။

၈။ ေကာင္းျမတ္ေသာ သီတင္းေက်ာ္ေစာ ပ်ံ ့ႏွံ ့ျခင္း။

ဤ (၈) ပါးေသာ အက်ိဳးတို႔ကို ဆုေတာင္း ပတၱနာ မျပဳရဘဲ ဆုမေတာင္း ရဘဲ ျပည့္စုံ ရသည္ဟု ( တိႆ ရဏ ဂမနိယေတၳရ အပါဒါန္ ) ပါဠိေတာ္မွာ လာသည္။ ယုံယုံႀကည္ႀကည္ႏွင့္ ေန႔စဥ္ မွန္မွန္ ႀကိဳးစား၍ ရွိခိုးႀကပါ၊ ပူေဇာ္ႀကပါ၊ က်န္းမာ ခ်မ္းသာၾကပါေစ…။

မပ်င္းၾကနဲ႔ေနာ္ ဒါယကာ ဒါယိကာမေတြ

Credit : Ashinvasava

ဘုရားရွိခိုးမပ်င္းနဲ႔ အခ်ိန္ျဖဳန္းတဲ႔ အလုပ္မဟုတ္ဘူး တစ္ေန႔လံုးသံုးဖို႔ စိတ္တန္ခိုးထုတ္လုပ္တာ စိတ္ ဓါတ္ဆီထည့္တာ စိတ္ စက္ဆီျဖည့္တာ။ သန္႔စင္တဲ႔ စိတ္ျဖစ္ေအာင္ ခႏၶာကိုယ္ အစိတ္အပိုင္းေတြကို ေရနဲ႔ ေဆးတယ္လို႔မွတ္ စက္ကရိယာေတြကို ေဆးေၾကာသန့္စင္တယ္လို႔ စိတ္ထဲမွာ ႏွလံုးသြင္းထား။

ဘုရားရွိခိုးတာ ဘုရားဂုဏ္ေတာ္ပြားတာ ေမတၱာပို႔တာ ထြက္ေလဝင္ေလ စူးစိုက္ၿပီးမွ ငါးမိနစ္ ဆယ္မိနစ္ တရားထိုင္တာဟာ က်န္းမာေရးလဲရ စိတ္ခြန္အားလဲေကာင္း စိတ္ႀကံခိုင္ေရးလဲတိုးတယ္ ကိုယ္ခႏၶာခြန္အားတိုးတက္ ကိုယ္ခႏၶာႀကံခိုင္ေရးလဲတိုးတက္ အကုန္လံုး အေကာင္းေတြခ်ည္းပါပဲ။

တိပိဋကဓရ-ဓမၼဘ႑ာဂါရိက (ေယာ) ဆရာေတာ္

(Unicode Version)

ဘုရားရှိခိုး မပျင်းနဲ့ ဘုရားရှိခိုး ပူဇော်ရသော အကျိုး (၈) မျိုး

၁။ သွားလေ ရာရာ ရောက်လေရာ အရပ် ၁၀ မျက်နှာ တို ့၌ အပူဇော် အချီးမြှောက်ကို ခံရခြင်း ။

၂။ သွက်သွက် လက်လက်နှင့် ထက်မြတ်သော ဉာဏ်ပညာကို ရရှိခြင်း ။

၃။ ကိုယ့် အလိုလိုက်ပြီး ကိုယ့် အကြိုက်ကိုသာ လုပ်ကိုင်ပေးကြသော အခြွေအရံ ပရိသတ်နှင့် ပြည့်စုံရ ခြင်း။

၄။ မရေ မတွက်နိုင်သော စည်းစိမ် ချမ်းသာနှင့် ပြည့်စုံ ခြင်း။

၅။ ဘဝတိုင်း ဘဝတိုင်း အဆင်း ရုပ်ရည် လှပခြင်း။

၆။ ကိုယ်လှ စိတ်လှ အတွင်းအပြင် လှပသည့် အတွက် အများ၏ နှစ်သက်ခြင်းကို ခံယူရခြင်း ။

၇။ မိတ်ဆွေ အပေါင်းအသင်းတို့၏ ချစ်ခင် ရိုသေလေးစားမှု ခိုင်မြဲ ခြင်း။

၈။ ကောင်းမြတ်သော သီတင်းကျော်စော ပျံ ့နှံ ့ခြင်း။

ဤ (၈) ပါးသော အကျိုးတို့ကို ဆုတောင်း ပတ္တနာ မပြုရဘဲ ဆုမတောင်း ရဘဲ ပြည့်စုံ ရသည်ဟု ( တိဿ ရဏ ဂမနိယတ္ထေရ အပါဒါန် ) ပါဠိတော်မှာ လာသည်။ ယုံယုံကြည်ကြည်နှင့် နေ့စဉ် မှန်မှန် ကြိုးစား၍ ရှိခိုးကြပါ၊ ပူဇော်ကြပါ၊ ကျန်းမာ ချမ်းသာကြပါစေ…။

မပျင်းကြနဲ့နော် ဒါယကာ ဒါယိကာမတွေ

Credit : Ashinvasava

ဘုရားရှိခိုးမပျင်းနဲ့ အချိန်ဖြုန်းတဲ့ အလုပ်မဟုတ်ဘူး တစ်နေ့လုံးသုံးဖို့ စိတ်တန်ခိုးထုတ်လုပ်တာ စိတ် ဓါတ်ဆီထည့်တာ စိတ် စက်ဆီဖြည့်တာ။ သန့်စင်တဲ့ စိတ်ဖြစ်အောင် ခန္ဓာကိုယ် အစိတ်အပိုင်းတွေကို ရေနဲ့ ဆေးတယ်လို့မှတ် စက်ကရိယာတွေကို ဆေးကြောသန့်စင်တယ်လို့ စိတ်ထဲမှာ နှလုံးသွင်းထား။

ဘုရားရှိခိုးတာ ဘုရားဂုဏ်တော်ပွားတာ မေတ္တာပို့တာ ထွက်လေဝင်လေ စူးစိုက်ပြီးမှ ငါးမိနစ် ဆယ်မိနစ် တရားထိုင်တာဟာ ကျန်းမာရေးလဲရ စိတ်ခွန်အားလဲကောင်း စိတ်ကြံခိုင်ရေးလဲတိုးတယ် ကိုယ်ခန္ဓာခွန်အားတိုးတက် ကိုယ်ခန္ဓာကြံခိုင်ရေးလဲတိုးတက် အကုန်လုံး အကောင်းတွေချည်းပါပဲ။

တိပိဋကဓရ-ဓမ္မဘဏ္ဍာဂါရိက (ယော) ဆရာတော်