ေတာင္ႀကီးၿမိဳ႕တြင္ ၉ တန္းေက်ာင္းသူ တစ္ဦးအား ဓါးျဖင့္ခုတ္တဲ့ သူေတြကို ဖမ္းမိၿပီ

ေတာင္ႀကီးျမိဳ႕တြင္ ၉ တန္းေက်ာင္းသူ တစ္ဦးအား အုပ္စုျဖင့္ ရန္ျပဳခဲ႕သူ လူငယ္တစ္စုတြင္ အသက္မျပည္႕သူမ်ား ပါဝင္ေန

ေတာင္ႀကီးျမိဳ႕တြင္ ေဖေဖာ္ဝါရီလ ၂၈ ရက္ညက ဆိုင္ကယ္ခ်င္းေက်ာ္ တက္သြားသူ ၉ တန္းေက်ာင္းသူ တစ္ဦးအား ေနာက္မွလိုက္ျပီး တုတ္ျဖင့္ရိုက္ျခင္း ဓါးျဖင့္ခုတ္ျခင္း ဆဲဆိုျခင္းမ်ားျပဳလုပ္ခဲ႕သည့္ ျပစ္မႈက်ဴးလြန္သူ လူငယ္ ၆ ဦးအား မတ္လ ၅ ရက္ေန႕ညက ရွမ္းျပည္နယ္ရဲတပ္ဖြဲ႕ က ေဖာ္ထုတ္ဖမ္းဆီး ရမိလိုက္ျပီ ျဖစ္သည္။

အဆိုပါ လူငယ္မ်ားတြင္ အသက္ ၁၆ ႏွစ္ ဆယ္တန္းျပင္ပေျဖ ေက်ာင္းသား တစ္ဦးပါဝင္ျပီး အသက္အငယ္ဆံုး အသက္ ၁၂ ႏွစ္အရြယ္ ေက်ာင္းသားတစ္ဦးပါပါဝင္ေၾကာင္း အမွတ္ ၂ နယ္ေျမ ရဲစခန္း မွ စခန္းမွဴး ရဲအုပ္စိုးမုိးေအာင္ထံမွ သိရွိရသည္။

အဆိုပါ လူငယ္မ်ား အသံုးျပဳခဲ႕သည့္္္ ဓါးရွည္ ၃ လက္ ကိုပါ သိမ္းဆည္းရမိခဲ႕ျပီး ျပစ္မႈက်ဴးလြန္သူလူငယ္မ်ားသည္ အသက္မျပည့္ သည့္အတြက္ ရဲစခန္း သို့မဟုတ္ မိဘမ်ားက ထိန္းသိမ္းခြင့္အတြက္တရားရံုး ၏ အဆံုးအျဖတ္ ကို ေစာင့္ေနေၾကာင္း သိရသည္။

ျပစ္မႈႈက်ဴးလြန္သူ လူငယ္မ်ားအား ျပစ္မႈဆိုင္ရာပုဒ္မ၂၉၄/၃၂၆/၃၂၃/၁၁၄ တို႕အရ အမႈဖြင့္ အေရးယူ ေဆာင္ရြက္ေနေၾကာင္း သိရွိရသည္။

Source :သံလြင္ေသြးခ်င္း

(Unicode Version)

တောင်ကြီးမြို့တွင် ၉ တန်းကျောင်းသူတစ်ဦးအား အုပ်စုဖြင့် ရန်ပြုခဲ့သူ လူငယ်တစ်စုတွင် အသက်မပြည့်သူများ ပါဝင်နေ

တောင်ကြီးမြို့တွင် ဖေဖော်ဝါရီလ ၂၈ ရက်ညက ဆိုင်ကယ်ချင်းကျော် တက်သွားသူ ၉ တန်းကျောင်းသူ တစ်ဦးအား နောက်မှလိုက်ပြီး တုတ်ဖြင့်ရိုက်ခြင်း ဓါးဖြင့်ခုတ်ခြင်း ဆဲဆိုခြင်းများပြုလုပ်ခဲ့သည့် ပြစ်မှုကျူးလွန်သူ လူငယ် ၆ ဦးအား မတ်လ ၅ ရက်နေ့ညက ရှမ်းပြည်နယ်ရဲတပ်ဖွဲ့ က ဖော်ထုတ်ဖမ်းဆီး ရမိလိုက်ပြီ ဖြစ်သည်။

အဆိုပါ လူငယ်များတွင် အသက် ၁၆ နှစ် ဆယ်တန်းပြင်ပဖြေ ကျောင်းသား တစ်ဦးပါဝင်ပြီး အသက်အငယ်ဆုံး အသက် ၁၂ နှစ်အရွယ် ကျောင်းသားတစ်ဦးပါပါဝင်ကြောင်း အမှတ် ၂ နယ်မြေ ရဲစခန်း မှ စခန်းမှူး ရဲအုပ်စိုးမိုးအောင်ထံမှ သိရှိရသည်။

အဆိုပါ လူငယ်များ အသုံးပြုခဲ့သည့််် ဓါးရှည် ၃ လက် ကိုပါ သိမ်းဆည်းရမိခဲ့ပြီး ပြစ်မှုကျူးလွန်သူလူငယ်များသည် အသက်မပြည့် သည့်အတွက် ရဲစခန်း သို့မဟုတ် မိဘများက ထိန်းသိမ်းခွင့်အတွက်တရားရုံး ၏ အဆုံးအဖြတ် ကို စောင့်နေကြောင်း သိရသည်။

ပြစ်မှုှုကျူးလွန်သူ လူငယ်များအား ပြစ်မှုဆိုင်ရာပုဒ်မ၂၉၄/၃၂၆/၃၂၃/၁၁၄ တို့အရ အမှုဖွင့် အရေးယူ ဆောင်ရွက်နေကြောင်း သိရှိရသည်။

Source :သံလွင်သွေးချင်း

ကမ႓ာေပၚက အႀကီးဆံုး ၾကာပင္