Category: Crime News

တာချီလိတ်၌ မော်တော်ယာဉ် မောင်းနှင်လာသူ တစ်ဦးကို သေနတ်ဖြင့် ပစ်ခတ်သူနှင့် အဖွဲ့ဝင်များအား ဖမ်းဆီးရမိ

ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့ ဝိန်းကျောက်ရပ်ကွက်၌ မော်တော်ယာဉ် မောင်းနှင်လာသူ တစ်ဦးကို သေနတ်ဖြင့် ပစ်ခတ်သူနှင့် အပေါင်းအပါ ခြောက်ဦး ကို ဇူလိုင် ၂ ရက် ညပိုင်းက ဖမ်းဆီးရမိ သည်။ ဇူလိုင် ၂ ရက် ည ၇ နာရီခန့်တွင် ရန်ကျားချိန်(၃၄ နှစ်) ဝိန်းကျောက် ရပ်ကွက် တာချီလိတ်မြို့နေသူ
Read More

ဘားအံမြို့နယ်​တွင်​ ၈ တန်း​ ကျောင်းသူတစ်​ဦး ကြိုးဆွဲချ​သေဆုံး

ကရင်​ပြည်​နယ်​၊ ဘားအံမြို့နယ်​၊ သာမည​ကျေးရွာအုပ်​စုတွင်​ ဇူလိုင်​လ ၂ ရက်​​နေ့က ရှစ်​တန်း​ကျောင်းသူတစ်​ဦး ကြိုးဆွဲချ​သေဆုံး​ကြောင်း သတင်းရရှိသည်​။ ဇူလိုင်​လ ၂ ရက်​​နေ့ နံနက်​ ၈ နာရီ ၄၅ မိနစ်​ အချိန်​က ဘားအံမြို့နယ်​၊ သာမည​ကျေးရွာ အုပ်​စု၊ရွာအေး​အေးရပ်​ကွက်​တွင်​ ရှစ်​တန်း ​ကျောင်းသူတစ်​ဦးကြိုးဆွဲချ​သေဆုံး​ကြောင်း သတင်းအရ အိန္ဒုနယ်​​မြေရဲစခန်းမှူး ရဲအုပ်​ မင်း​အောင်​ထွန်း၊ သာယာကုန်းရဲကင်းမှူး
Read More

ကန်စွန်းရွက်ခူးရာမှ အင်းထဲ ခြေချော်ကျ၍ အသက် (၇) နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး ရေနစ်သေဆုံး

ကချင်ပြည်နယ် မိုးကောင်းမြို့ ကျွန်းတောရပ်ကွက် အုပ်စု (၁) တွင် ဇွန် ၂၇ ရက် ညနေ ၃ နာရီခွဲက အသက် (၇) နှစ်အရွယ် မိန်းကလေးတစ်ဦး ကန်စွန်းရွက်ခူးရာမှ အင်းထဲခြေချော်ကျ၍ ရေနစ်သေဆုံးခဲ့ကြောင်း သိရသည်။ ဖြစ်စဉ်မှာ ကျွန်းတောရပ်ကွက်၊ အုပ်စု(၁)နေ မဇင်ပြည့်စုံကျော်(၇) နှစ် (သေဆုံးသူ )သည် မောင်ကျော်ကျော်ဗိုလ်
Read More

အသက် ၈ နှစ်အရွယ် မယားပါ သမီးအား ပထွေးဖြစ်သူမှ သားမယားအဖြစ်ပြုကျင့်

တနင်္သာရီမြို့နယ်၊ သိန်ခွန်းကျေးရွာအုပ်စု၊ အမှတ်(၈)ကျေးရွာတွင် ဇွန်လ ၁၄ ရက်နေ့က ရှစ်နှစ်အရွယ် မယားပါသမီးအား ပထွေးဖြစ်သူမှ သားမယားအဖြစ် ပြုကျင့်ခဲ့ကြောင်းသိရပါတယ်။ အမှတ်(၈)ကျေးရွာနှင့် ၁ မိုင်ခွဲခန့်ဝေးတဲ့ တောင်ယာတဲမှာ နောက်အိမ်ထောင်ဖြစ်သူ ဦးကျော်သန်းမှ ယခင်အိမ်ထောင်နှင့်ရရှိခဲ့တဲ့ ရှစ်နှစ်အရွယ် ဒုတိယတန်း ကျောင်းသူကို သားမယားအဖြစ်ပြုကျင့်ခဲ့တာပါ။ မိခင်ဖြစ်သူမှ ခင်ပွန်းဦးကျော်သန်းနှင့် သမီး ၂ ယောက်ကို တောင်ယာတဲမှာ
Read More

ကော့ကရိတ်မြို့နယ် ကော့ဘိန်းတိုက်နယ်တွင် နေအိမ်တိုက် အလှဆင်ရာမှ ဓါတ်လိုက် သေဆုံးမှုဖြစ်ပွား

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ကော့ဘိန်းတိုက်နယ်ဆေးရုံတွင် ဇွန်လ ၂၇ ရက်နေ့ နံနက် ၈း၃၀ အချိန်ခန့် တွင် ဓါတ်လိုက်သေဆုံးလူနာတစ်ဦးရောက်ရှိနေကြောင်းသတင်း အရကော့ဘိန်းနယ်မြေရဲစခန်းရဲအုပ် သောင်းထွန်း၊ ကော့ပေါက်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမင်းမျိုးထူးအေး၊ ကော့ဘိန်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးမင်းဟန်ဝင်းတို့နှင့်အတူသွားရောက်ကြည့်ရှုစစ်ဆေးခဲ့ရာ မောင်ဖိုးစနေ (၂၃)နှစ်၊ သရနာကျေးရွာ၊ တရုတ်စုရပ်ကွက်၊ ကျိုက်မရောမြို့နယ်၊ မွန်ပြည်နယ်နေသူဖြစ်ကြောင်းသိရှိရသည်။ ဖြစ်စဉ်မှာ ကော့ကရိတ်မြို့နယ်၊ ကော့ပေါက်ကျေးရွာအုပ်စု၊ ကော့ပေါက်ကျေးရွာ၊ အိမ်အမှတ်(၂၀)၊
Read More

တာချီလိတ်၌ သေနတ်ဒဏ်ရာဖြင့် အမျိုးသားတစ်ဦးသေဆုံး

ရှမ်းပြည်နယ်(အရှေ့ပိုင်း)တာချီလိတ်မြို့၊ ဆန်ဆိုင်း(က)ရက်ကွက်၊ ပုံလို့လမ်းသွယ်၌ မော်တော်ယာဉ်အတွင်း အမျိုးသား တစ်ဦး သေနတ်ဒဏ်ဖြင့် ဇွန် ၂၇ နံနက်ပိုင်းက သေဆုံးခဲ့သည်။ ဇွန် ၂၇ ရက် နံနက် ၉ နာရီခွဲတွင် မော်တော်ယာဉ် တစ်စီးအတွင်း လူတစ်ဦးသေဆုံးနေကြောင်း သတင်းအရ တာချီလိတ်မြို့မရဲစခန်းမှူး ဒုရဲမှူး မျိုးခိုင်နှင့် ရဲတပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့ရာ တာချီလိတ်မြို့၊
Read More

သမီးရည်းစား ချိန်းတွေ့ရာမှ စကားများ ရန်ဖြစ်ကာ ပုလင်းကွဲဖြင့်​ ထိုးမှုဖြစ်​ပွား

အမရပူရမြို့နယ် တောင်သမန်ကျေးရွာအုပ်စု ထန်းတောကျေးရွာရှိ ရွှေဘုံသာသာသနာ့ရိပ်သာကျောင်းဝင်း အရှေ့တောင်ထောင့်၌ ဇွန်​ ၂၆ ရက်​ မွန်းလွဲပိုင်းက ရတနာပုံတက္ကသိုလ်မှ သမီးရည်းစားစုံတွဲ ချိန်းတွေ့ရာမှ စကားများရန်ဖြစ်​ကာ ပုလင်းကွဲဖြင့်​ထိုးမှုဖြစ်​ပွားခဲ့ပြီး ​ကျောင်းသူတစ်​ဦး ​သေဆုံးသွား​ကြောင်း သိရသည်​။ ရတနာပုံတက္ကသိုလ်မှ တတိယနှစ် ပထဝီဝင်​​ကျောင်းသား ထွန်းထွန်းကျော်(၂၀ နှစ်) မိုးမိတ်ခရိုင်၊ မဘိန်းမြို့နယ် ဝိုင်းလုံကျေးရွာနေသူနှင့်​ ဒုတိယနှစ် ဥပဒေ​ကျောင်းသူ မစောမြတ်မွန်​(၁၉
Read More

အဆိုတော် အစ္စဏီအမှု ထိုးသွင်းဒဏ်ရာနှင့် သုတ်ပိုး မတွေ့ရှိ ဟု မှုခင်းဆရာဝန်ထွက်ဆို

အဆိုတော် အစ္စဏီအမှု ထိုးသွင်းဒဏ်ရာနှင့် သုတ်ပိုး မတွေ့ရှိ ဟု မှုခင်းဆရာဝန်ထွက်ဆို ဇွန် ၂၅ ​အဆို​တော်​အစ္စဏီ(ခ)ဟန်​ထွန်း​ဇော်​အား ယနေ့မနက်ပိုင်းတွင် တာ​မွေမြို့နယ်​တရားရုံးတွင်​ ၇ ကြိမ်​​မြောက်​ရုံးထုတ်​စစ်​​ဆေးခဲ့ပြီး ထိုးသွင်းဒဏ်ရာနှင့် သုတ်ပိုးမတွေ့ရှိကြောင်း မှုခင်းဆရာဝန် က ထွက်ဆိုသည်။ “တရားလိုက ​မွေးစရင်းစတာ​တွေ​နဲ့ပတ်​သက်​လို့ ရုံးကိုလိမ်​ပြီးတင်​တယ်​ဆိုတာ​တစ်​ချက်​​ပေါ်​ပေါက်​တယ်​။ဆေးစရာဝန်​​တွေနဲ့ပတ်​သက်​လို့ ထိုးသွင်းဒဏ်​ရာဘာမှမရှိပါဘူး။သုတ်​ပိုးသုတ်​​ရည်​​တွေ့ရှိခြင်းမရှိဘူးဆိုတာစစ်​​ဆေးနိုင်​ခဲ့ပါတယ်​” ဟု တရားလွှတ်​​တော် ​​ရှေ့​နေ ဦး​ကျော်​ဇင်​ဦး က
Read More

ကျောင်းဆရာမတစ်ဦးအား ယောင်္ကျာဖြစ်သူမှ ဓားဖြင့်ထိုး၊ သေဆုံး

ဧရာဝတီတိုင်းဒေသကြီးမအူပင်မြို့တွင် ဇွန်လ ၂၃ရက်နေ့ နေ့လည် ၁၁နာရီခွဲ အချိန်ခန့်က ကန်လေးလုံးရွာမ ခိုင်မေတ္တာလမ်းထိပ် ကန်လေးလုံးဘုန်းကြီးကျောင်းအနီးတွင် မလတ်တိုကျေးရွာအထကကျောင်းမှ ဆရာမတစ်ဦးအားယောင်္ကျာဖြစ်သူမှ ဓားဖြင့်ထိုးလိုက်ရာသေဆုံးခဲ့ကြောင်း သိရသည်။ ဖြစ်စဉ်မှာ မအူပင်မြို့ ကန်လေးလုံးရွာမ ခိုင်မေတ္တာလမ်းနေ မရွှေရည် အသက်(၂၆)နှစ်အား ယောင်္ကျာဖြစ်သူမှ အိမ်ရှေ့လမ်းပေါ်တွင် စောင့်ကာ ဓားဖြင့်ထိုးခဲ့ ရာ မိန်းမဖြစ်သူ မလတ်တို အထက ကျောင်းမှ
Read More

အရက်​အတူ​သောက်​ ထမင်းအတူတူစားပြီး စကားများရာက လူသတ်​မှုဖြစ်​ပွား

ကရင်​ပြည်​နယ်​၊ ဘားအံမြို့နယ်​တွင် ​ဇွန်​လ ၂၁ရက်​​နေ့ ည​နေပိုင်းက တစ်​ရွာတည်း​နေသူ အချင်းချင်း အရက်​ အတူ​ သောက်​စားပြီး စကားများရာက ဓါးခုတ်​မှုဖြစ်​ပွားကာ ဓါးဖြင့် အခုတ်​ခံသူမှာ အခင်းဖြစ်​​နေရာတွင်​ ​သေဆုံးသွားခဲ့ပြီး ပြစ်​မှုကျူးလွန်​သူမှာ ထွက်​​ပြေးတိမ်း​ရှောင်​ သွားခြင်း မရှိဘဲ ကိုယ်​တိုင်​ အဖမ်းခံခဲ့​ကြောင်း သတင်းရရှိသည်​။ ဖြစ်​စဉ်​မှာ ဇွန်​လ ၂၁ ရက်​​နေ့ ည​နေ
Read More