Category: Crime News

YBS Bus ကားပေါ်တွင် သေဆုံးခဲ့သူအား သိရှိပါက ဆက်သွယ်သတင်းပေး ကူညီနိုင်ပါရန် ရန်ကုန်တိုင်းရဲတပ်ဖွဲ့ ထုတ်ပြန်

သြဂုတ်လ ၁၄ ရက်နေ့ နံနက် ၉ နာရီအချိန်ခန့်တွင် YBS ၆၁ ခရီးသည်တင်ယာဉ်ဖြင့် လိုက်ပါလာသော ခရီးသည်အမျိုးသားတစ်ဦးမှာ လှိုင်မြို့နယ်၊ သုခလမ်းမှတ်တိုင်အရောက် ထိုင်ခုံတွင်အိပ်ပျော်နေရာမှ နှိုးမရသဖြင့် အင်းစိန်ဆေးရုံသို့ပို့အပ်ရာ သေဆုံးနေကြောင်းသိရှိရသဖြင့် လှိုင်မြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ပါသည်။ ဖြစ်စဉ်မှာ သေဆုံးသူအမျိုးသားသည် အသက်(၅၀)နှစ်ခန့်ရှိသူဖြစ်ပြီး ၎င်းသည် မြို့တွင်းရှိမှတ်တိုင်တစ်နေရာမှ စီးနင်းလိုက်ပါလာကာ ရွှေဂုံတိုင်မှတ်တိုင်အရောက် ထိုင်ခုံနေရာရသဖြင့် ထိုင်ခုံနောက်မှီနှင့်
Read More

ကမာရွတ်​မြို့နယ်​စခန်းမှူး ကားတိုက်ခံရမှုကြောင့် သေဆုံး

တက္ကသိုလ်​ရိပ်​သာလမ်းတွင် ​ဖြစ်​ပွားသည့်​ ယာဉ်​တိုက်​မှုကို သွား​ရောက် ​ရှင်းလင်းသည့်​ ကမာရွတ်​မြို့နယ်​ ရဲစခန်းမှူး​ဒုရဲမှူးစိုး​အောင်​မှာ အဆိုပါ အခင်းဖြစ်​ပွားရာ​နေရာတွင်​ ထပ်​မံဖြစ်​ပွားသည့်​  ယာဉ်​တိုက်​မှုဖြင့်​သေဆုံးခဲ့​ကြောင်း ရန်​ကုန်​တိုင်း​ဒေသကြီး ရဲတပ်​ဖွဲ့မှူးရုံးမှ တာဝန်​ရှိသူတစ်​ဦးက​ပြောသည်​။ “ယာဉ်​တိုက်​မှု​ကြောင့်​သေဆုံးတယ်​ဆိုတာ ဟုတ်​ပါတယ်​။ ဖြစ်​စဉ်​အ​သေးစိတ်​ကိုကျွန်​​တော်​တို့ဆက်​ပြီးထုတ်​ပြန်​ပေးပါမယ်​ ´´ဟု၎င်းက​ပြောသည်​။ တက္ကသိုလ်​ရိပ်​သာလမ်း​ ဓမ္မာရုံ​ရှေ့တွင်​ သြဂုတ်​လ၇ရက်​​နေ့ နံနက်​၂နာရီခန့်​က ယာဉ်​တိုက်​မှုဖြစ်​ပွားခဲ့ရာ သွား​ရောက်​ရှင်းလင်း​ဆောင်​ရွက်​​နေစဉ်​ ဟွန်​ဒါစီဗစ်​ယာဉ်​မှ အရှိန်​မထိမ်းးနိုင်​ပဲ
Read More

တက္ကသိုလ်ကျောင်းသူ ကောင်မလေးကို ထန်းရည်တိုက်၍ အဓမ္မပြုကျင့်ခဲ့သူ အမျိုးသားကို ဖမ်းမိ

  တက္ကသိုလ်ကျောင်းသူ ကောင်မလေးအား ထန်းရည်တိုက်၍ အဓမ္မပြုကျင့်ခဲ့သည့် ဖြစ်စဉ် မော်လမြိုင်မြို့၊ ခြောက်မိုင်ရပ်ကွက်၊ ကျိုက်မရောကားလမ်းဘေးရှိ “ဦးညာ ထန်းရည်ဆိုင်”၌ ဖြစ်ပွားခဲ့ကြောင်း မြိုင်သာယာနယ်မြေရဲစခန်းထံမှ သိရသည်။ “ကျွန်တော်ဆီ ဖုန်းဝင်လာတယ် မော်လမြိုင်- ကျိုက်မရောကားလမ်းဘေးမှာ အမျိုးသမီးတစ်ဦး လှဲနေတယ်ဆိုလို့ ချက်ချင်းသွားရောက်ပြီး ဆေးရုံကြီးကို ပို့ဆောင်ပေးခဲ့တယ်၊ ကောင်မလေးကို ဘာဖြစ်လဲမေးတာ ဘာစကားမှလည်း ပြန်မပြောဘူး၊ အဲဒီဆေးရုံက
Read More

အင်းတော်ကြီးဒေသတွင် စတုတ္ထတန်း ကျောင်းသူလေးတစ်ဦးအား အမျိုးသားတစ်ဦးက ဖျားယောင်းသွေးဆောင်ကာ သားမယားပြုကျင့်မှုဖြစ်ပွား

အင်းတော်ကြီးဒေသ ပန်းလားအုပ်စု အိုက်လေးတူ အမကကျောင်းမှ စတုတ္ထတန်းကျောင်းသူလေးတစ်ဦးအား အသက် ၂၈ နှစ်အရွယ် အမျိုးသားတစ်ဦးက ဇူလိုင်လ ၂၄ ရက်နေ့တွင် လိမ်လည်ခေါ်ဆောင်ကာ သားမယားပြုကျင့်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။ ဖြစ်စဉ်မှာ မ………. သည် ဇူလိုင်လ ၂၄ရက်နေ့ နံနက်တွင် ကျောင်းသို့သွားနေစဉ် လမ်းတွင် မောင်မြင့်သိန်း (ခေါ်) မဂမ် ရောက်ရှိလာပြီး ကျောင်းစိမ်းဝတ်စုံများ
Read More

ဘုရားဆင်းတုတော် ခိုးယူသွားသူအား နှစ်ရက်အတွင်း ဖော်ထုတ်ဖမ်းဆီး

ပဲခူးတိုင်းဒေသကြီး ဖြူးမြို့ နယ်မြို့မရဲစခန်းအပိုင်တွင် ယခုလ ၂၃ ရက်က နေအိမ်ရှိဘုရားစင်ပေါ် တွင် ကိုးကွယ်ထားသော ကြေး ဆင်းတုတော်အားဦးလေးဖြစ်သူက ခိုးယူသွားသဖြင့် တိုင်ကြားမှုဖြစ် ပွားခဲ့သည်။ ဖြစ်စဉ်မှာယခုလ ၁၈ ရက်က ဖြူးမြို့နယ် အုတ်ကျင်းကျေးရွာ ထန်းတောစုနေ ဦးရမ်းဒူးလား(ခ) စိုးနိုင်(၅ဝနှစ်)သည် နေအိမ်၌ ရှိနေ စဉ် ဦးလေးတော်စပ်သူ ဦးဘီပဆာ (ခ)မောင်လွင်(၄၃
Read More

၁၃ နှစ်သမီး နှိပ်စက်ခံရမှုကို သာမန်နာကျင်စေမှုအဖြစ် ဆက်စစ်မည်

ရန်ကုန်၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်တွင် အလုပ်လုပ်ခဲ့သည့် အိမ်အကူ မခိုင်နှင်းဝေ၏ မျက်နှာမှဒဏ်ရာသည် အပြင်းအထန်နာကျင်စေမှုနှင့် အကျုံးဝင်ကြောင်း ရဲတပ်ဖွဲ့က တရားရုံးကို တင်ပြထားသော်လည်း မြို့နယ်တရားရုံးက ထိုအမှုကို ဇူလိုင် ၂၄ ရက်နေ့တွင် သာမန်နာကျင်စေမှုပုဒ်မဖြင့်သာ  ဆက်လက် စစ်ဆေးခဲ့သည်။ ယခင်က အပြင်းအထန်နာကျင်စေမှု ပုဒ်မ ၃၂၆ ဖြင့် တိုင်ကြားခဲ့စဉ်  ရဲတပ်ဖွဲ့က အိမ်ရှင်နှစ်ဦးလုံးကို ဖမ်းဆီးခဲ့သည်။
Read More

ကလေးခိုးယူပြီး ခြိမ်းခြောက်ငွေတောင်းသော ပြန်ပေးဆွဲလင်မယားအား ရွှေဘို၌ ဖမ်းဆီးရမိ

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ မှ အသက် (၂) နှစ် (၅) လ အရွယ်ရှိ ကလေး(ကျား)အား ခိုးယူပြီး ခြိမ်းခြောက်ငွေတောင်းသော ပြန်ပေးဆွဲ လင်မယားအား ရွှေဘိုမြို့ ၌ ၂၃.၇.၂၀၁၇ နေ့ ညနေ (၁၇: ၁၀) အချိန်က ဖမ်းဆီးရမိခဲ့ကြောင်း ရွှေဘိုမြို့ မရဲစခန်းမှ စခန်းမှူး ဒုရဲမှူးမြင့်မောင် ထံမှသိရသည်။
Read More

မြိတ်တွင် အသက်မပြည့် မိန်းကလေးငယ် ၂ ဦးကို ခြံရှင်က အဓမ္မပြုကျင့်ရန် ကြိုးစား

မြိတ်မြို့ရှိ ကြက်မောက်သီး စိုက်ပျိုးထားတဲ့ ခြံမှာ အသက်မပြည့်သေးတဲ့ အလုပ်သမ မိန်းကလေးငယ် ၂ ဦးအား ခြံပိုင်ရှင်က အဓမ္မပြုကျင့်ဖို့ ကြံစည်ခဲ့တာကြောင့် ဇူလိုင် ၂၂ ရက်နေ့က ကျွဲကူးကျေးရွာ ရဲကင်းစခန်းမှာ ကာယကံရှင်က အမှုဖွင့်တိုင်ကြားလိုက်ပါတယ်။ မြိတ်မြို့နယ် စန္ဒ၀တ်ကျေးရွာ၊အုပ်စု၊ ရွှေပေးကျေးရွာနေ အသက် ၁၄ နှစ် နဲ့ ၁၅ နှစ်အရွယ်
Read More

သမီးဖြစ်သူကို လည်ပင်လှီးသတ်ဖြတ်ခံရပြီး ရွှေထည်ပစ္စည်းများ လုယက်၍ မိခင်ဖြစ်သူ အပြင်ထန်းဒဏ်ရာရရှိမှုမှ မသင်္ကာသူ အမျိုးသား နှစ်ဦးကို စစ်ဆေးနေ

မော်လမြိုင်မြို့နယ်၊ ကျွဲခြံကုန်းကျေးရွာ မော်လမြိုင်-ဇာသပြင်ကားလမ်းဘေးရှိ နေအိမ်၌ ဇူလိုင်လ ၁၈ ရက် ယနေ့ နံနက် ၄ နာရီခွဲခန့်တွင် ဖြစ်ပွားခဲ့သည့် လည်ပင်းလှီသတ်သည့် ဖြစ်စဉ်၌ မသင်္ကာသူများကို မွန်ပြည်နယ်ရဲတပ်ဖွဲ့ဝင်များက စစ်ဆေးမေးမြန်းလျက်ရှိကြောင်း မှုခင်းနှိမ်နင်းရေးအကူရဲတပ်ဖွဲ့မှ တာဝန်ရှိရဲအရာရှိတစ်ဦးက ဟင်္သာမီဒီယာသို့ အတည်ပြု ပြောကြားသည်။ “ကျွန်တော်တို့ကတော့ အခင်းဖြစ်နေရာမှာ ကျန်ရှိတဲ့ သဲလွန်စတွေအရ မသင်္ကာသူ အမျိုးသား
Read More

မြင်းလှည်းအား ဆိုင်ကယ် ဝင်တိုက် လူသေဆုံး

၁၄-၇-၂၀၁၇ ရက်နေ့ (၁၂ ) နာရီ အချိန်ခန့်က မကွေးတိုင်းဒေသကြီး နတ်မောက်မြို့ မြိုမ ရပ်ကွက်ရှိ မြို့ဝင်ကြေး ကောက်ခံဂိတ် အနီး မော်တော်ဆိုင်ကယ်မှ မြင်းလှည်းအား ဝင်ရောက်တိုက်မိရာ အခင်းဖြစ်နေရာတွင် သေဆုံးသွားကြောင်း နယ်မြေခံ sh မှုခင်းသတင်းထောက် မျိုးလွင်ဦးမှ ပြောပြသိရှိရသည်။ ဖြစ်စဉ်မှာ နတ်မောက်မြို့နယ် ကျွဲမင်းကျ ကျေးရွာနေ တင်စိုး
Read More