Tag: မှုခင်းသတင်း

မူးယစ်တရားခံပြေးအား ဖမ်းဆီးရာမှ ပစ္စတိုသေနတ်နှစ်လက် လက်ပစ်ဗုံးသုံးလုံးနှင့် ကျည်ဆံများ သိမ်းဆည်းရမိ

ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့နယ် နန်းမားကျေးရွာ၌ ဇွန် ၂၀ ရက် နံနက် ၆ နာရီခွဲက မူးယစ်ဆေးဝါးပုဒ်မဖြင့် ဖမ်းဝရမ်းထုတ်ထားသူ မူးယစ် တရားခံပြေးအား ရှောင်တခင်ဝင်ရောက်ဖမ်းဆီးရာမှ တရားခံမှာ ထွက်ပြေးလွတ်မြောက်သွားပြီး ၎င်းကိုင်ဆောင်သည့် ပစ္စတိုသေနတ် နှစ်လက် လက်ပစ်ဗုံးသုံးလုံးနှင့်အတူ ကျည်ဆံ ၂၅ တောင့်အား သိမ်းဆည်းရမိကြောင်း သိရသည်။ ဖြစ်စဉ်မှာ မိုးညှင်းခရိုင်မှုခင်းနှိမ်နင်းရေးဌာနစိတ်မှ
Read More

ဆိုင်ကယ်ဖိုးကျန်ငွေ တောင်းရာမှ လူသတ် ထွက်ပြေး တိမ်းရှောင်သွားသူအား နာရီပိုင်းအတွင်း ဖမ်းဆီးရမိ

မန္တလေး၊ ချမ်းမြသာစည်မြို့နယ်၊ သံလျက်မှော်တောင်ရပ်ကွက်၊ ဒေါနခြံရပ်တွင် ဆိုင်ကယ်ဖိုး ကျန်ငွေတောင်းရာမှ လူသတ်မှု ကျူးလွန်သည်အထိ ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ဖြစ်စဉ်မှာ ဇွန်လ ၁၉ရက်နေ့ ည ၉း၁၅နာရီ အချိန်ခန့်က ဒေါနခြံရပ်ကွက်တွင် နေထိုင်သည့် ကိုသိန်းထွန်းထံသို့ ကိုသိန်းစိုးအောင်နှင့် ၎င်း၏ဇနီးဖြစ်သူ မလှလှဌေးတို့ရောက်ရှိလာပြီး ဆိုင်ကယ်ဘိုးကျန်ငွေ (၃၀၀၀၀)ကျပ်တောင်းခဲ့ရာ ကိုသိန်းထွန်းမှ မနက်ဖြန်ပေးမည်ပြောခဲ့သဖြင့် ပြန်ရန်ပြင်စဉ် ကိုသိန်းထွန်းက
Read More

မန္တလေးမြို့၊ ရေစစ်ကန် ကန်​ဘောင်ဘေးတွင် လူတစ်ဦး ပုပ်ပွ သေဆုံးနေ

ဇွန်​လ(၂၀) ရက်နေ့ ၁၀း၀၀ အချိန်ခန့်က မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ အနှိပ်တော်ရပ်ကွက်၊ ၂၂×၂၃ လမ်းကြား၊ ၅၉×၆၀ လမ်းကြား၊ အကွက်(၁၂/က)ရှိ ရေစစ်ကန် ကန်​​ဘောင်ဘေးတွင် လူတစ်ဦး သေဆုံးနေကြောင်း သတင်းရရှိ၍ အမှတ်(၁)နယ်မြေရဲစခန်းမှ တာဝန်မှူး ဒုရဲအုပ် တင်ဇော်ဝင်းနှင့် အဖွဲ့၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးအဖွဲ့များက သွားရောက်စစ်ဆေးကြည့်ခဲ့ရာ သဆုံးသူမှာ ဇော်ဝင်းလှိုင်(ခ)ဖိုးလုံး၊ (ဘ)ဦးစိုးမိုး၊ အသက်(၂၉)နှစ်၊ယာဉ်မောင်း၊
Read More

စဥ့်ကူးမြို့နယ်၊ ရုံးပင်ကုန်းကျေးရွာရှိ ဘုန်းတော်ကြီးသင် ပညာရေး ကျောင်းတွင်​ အသက် (၁၃) နှစ်အရွယ် မိန်းကလေးငယ်အား လက်ပြန်ကြိုးတုပ်ကာ အိမ်သာထဲတွင် (၃) ရက်ခန့် ပိတ်လှောင်ထားမှု ဖြစ်ပွား

မန္တလေးတိုင်းဒေသကြီး၊ စဥ့်ကူးမြို့နယ်၊ လက်ပန်လှကျေးရွာအုပ်စု၊ ရုံးပင်ကုန်းပင်ကုန်းကျေးရွာရှိ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတစ်ခု၌ ဇွန်လ ၁၆ ရက်နေ့ ည ၁၁နာရီခန့်မှစ၍ ကျောင်းထိုင်ဆရာတော်နှင့် ဦးဇင်းတစ်ပါးတို့မှ အသက်(၁၃)နှစ်အရွယ် (၇) တန်းကျောင်းသူတစ်ဦးကို လက်ပြန်ကြိုးတုပ်ကာ အိမ်သာထဲတွင် (၃) ရက်ခန့် ပိတ်လှောင်ထားခဲ့ကြောင်း သိရသည်။ ဖြစ်စဉ်မှာ ဇွန်လ ၁၉ ရက်နေ့ နံနက် ၆နာရီခွဲ အချိန်ခန့်တွင်
Read More

တရုတ်၌ သွားရောက်လုပ်ကိုင်နေသည့် မြန်မာအလုပ်သမားအဖွဲ့ စားသုံးသည့် မှိုအဆိပ်သင့်မှုကြောင့် ခြောက်ဦးသေဆုံး

မြန်မာနိုင်ငံ မူဆယ်မြို့နှင့် ဆက်စပ်လျက်ရှိသော တရုတ်နိုင်ငံ ယူနန်ပြည်နယ် တယ်ဟုန်ပြည်နယ်ခွဲ လုံချွမ်းမြို့နယ် ကျန်းဖုန်းမြို့အတွင်းရှိ ငရုတ်စိုက်ခင်းသို့ သွားရောက်လုပ်ကိုင်ကြသော မြန်မာအလုပ်သမား ၁၃ ဦးသည် ဇွန် ၁၁ ရက်က စိုက်ခင်းတောစပ်တွင် တွေ့ရှိသော မှိုပင်များအားခူးဆွတ်၍ ညစာအဖြစ် ချက်ပြုတ်စားသောက်ခဲ့ရာမှ ညအချိန်တွင် ဝမ်းပျက်ဝမ်းလျှောဖြစ်ပြီး အော့အန်မှုများဖြစ်ပွားကြသဖြင့် ¤င်းတို့၏ အလုပ်ရှင်သူဌေးက ဇွန် ၁၂
Read More

ပုသိမ်ကြီးမြို့နယ်တွင် ငွေကျပ် ၃ဝ၁၃ ဒသမ ၅ သိန်းတန်ဖိုးရှိ အီသာအရည်နှင့် ကန့်များ ဖမ်းဆီးရမိ

မူးယစ်တပ်ဖွဲ့စု(၁၇) မန္တလေး(မြောက်ပိုင်း)မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇွန် ၁၇ ရက် ညနေ ၆ နာရီက ပုသိမ်ကြီးမြို့နယ် မြောက်တံတိုင်းရှည်ကျေးရွာအုပ်စု ကွင်း အမှတ်(၅၂ဝ)၊ ဦးပိုင် အမှတ် (၃ဝ/၃၁)ရှိ သရက်ခြံဝင်းအတွင်း နေထိုင်သူ မသန်းသန်း၏ နေအိမ်ကိုရှာဖွေရာ နေအိမ်ဝင်း အတွင်းမှ အီသာအရည်ပါ ပီပါ ၁၂၇ လုံး
Read More

ခြံအတွင်း ခေတ္တနားခိုခွင့်ပေးထားသူများက ခြံရှင်အား ဓားဖြင့်ထိုးကာ ပစ္စည်းလုယက်မှု သထုံတွင်ဖြစ်ပွား

မွန်ပြည်နယ်၊ သထုံမြို့နယ်၊ နောင်ကုလားကျေးရွာရှိ ဥယျာဉ်ခြံတစ်ခြံတွင် ဇွန်လ ၁၇ ရက်၊ ည ၇ နာရီ အချိန်ခန့်က ခြံအတွင်း ခေတ္တနားခိုခွင့် ပေးထားသူများက ခြံရှင်အား ဓားဖြင့်ထိုးကာ ဆိုင်ကယ်၊ ဖုန်းနှင့် ငွေအချို့အား လုယက် ထွက်ပြေးမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ဖြစ်စဉ်မှာ နောင်ကုလားကျေးရွာနေ ကိုဝင်းဇော် ၄၆ နှစ်
Read More

ရန်ကုန်တိုင်းဒေသကြီး၊ မြို့နယ်များအတွင်းရှိ ရွှေဆိုင်နှင့် အပေါင်ဆိုင်တို့မှ ရွှေထည်ပစ္စည်းများအား လိမ်လည်ယူ ဆောင်သွားသူ အမျိုးသမီးကို ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့က ဖော်ထုတ်ဖမ်းဆီးရမိ

ရန်ကုန်တိုင်းဒေသကြီး၊ မြို့နယ်များအတွင်းရှိ ရွှေဆိုင်နှင့် အပေါင်ဆိုင်တို့မှ ရွှေထည်ပစ္စည်းများအား လိမ်လည်ယူ ဆောင်သွားသူ အမျိုးသမီးကို ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့က ဖော်ထုတ်ဖမ်းဆီးရမိ ရန်ကုန်၊ ဇွန် ၁၇ ၁၇.၆.၂၀၁၈ ရက်နေ့ ၁၄း၃၀ အချိန်တွင် ရန်ကုန်တိုင်းဒေသကြီး၊ မြို့နယ် အချို့မှ ရွှေဆိုင်နှင့် အပေါင်ဆိုင် များသို့ ရွှေထည်ပစ္စည်းများအား လိုက်လံ လိမ်လည်ယူဆောင်သွားသူ အမျိုးသမီးကို
Read More

ညီဖြစ်သူကို ကျောင်းသွားကြိုသည့် အစ်ကိုအသတ်ခံရမှု နာရီပိုင်းအတွင်း ရဲမှဖမ်းဆီး

ညီဖြစ်သူကို ကျောင်းသွားကြိုသည့် အစ်ကိုအသတ်ခံရမှု နာရီပိုင်းအတွင်း ရဲမှဖမ်းဆီး စစ်တွေ ဇွန် ၁၅ ကျောက်ဖြူမြို့ တောင်ရင်းကျေးရွာအုပ်စုတွင် ဇွန်လ ၁၄ ရက် ညနေ ၅ နာရီအချိန်တွင် အမှတ် ၁ အခြေခံပညာအထက်တန်းကျောင်း၌ န၀မတန်း တက်ရောက်နေသော ညီဖြစ်သူကို ကျောင်းကြိုပြီးပြန်လာသော အစ်ကိုအား လူငယ်လေးဦးမှ ဓားဦးချွန်ဖြင့် ထိုးသတ်၍ အစ်ကိုဖြစ်သူ
Read More

တတိယတန်း ကျောင်းသားတစ်ဦး ကျောင်းဆောင် မျက်နှာကျက် အပေါ်တက်ပြီး ခိုဖမ်းရာကနေ ပြုတ်ကျသေဆုံး

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ကျောက်ကြီးမြို့ မေတ္တာရပ်ကွက် အလက(ခွဲ)ကျောင်းမှာ ကျောင်းသားတစ်ဦး ကျောင်းဆောင်ပေါ်တတ်ပြီး ခိုဖမ်းရာကနေ ပြုတ်ကျသေဆုံးမှုဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။ ဇွန်လ (၁၃) ရက် ကျောင်းဆင်းပြီးချိန်မှာ ပြုတ်ကျသေဆုံးမှု ဖြစ်ပွားခဲ့တာပါ။ သေဆုံးသူဟာ အသက် (၁၀) နှစ်အရွယ် တတိယတန်း တက်ရောက်နေတဲ့ ကျောင်းသားတစ်ဦး ဖြစ်ပါတယ်။ အတန်းဖော် (၂) ဦးနဲ့အတူ နှစ်ထပ် ကျောင်းဆောင်ရဲ့
Read More