မြေနေရာ မရှိသူတွေအတွက် အာလူးကို ပုံးထဲ သို့မဟုတ် အိတ်ထဲ စိုက်ပျိုးနည်း

အာလူးကို ပုံးထဲ သို့မဟုတ် အိတ်ထဲ ထည့်စိုက်မည်ဆိုလျှင်

၁။ အဓိကအနေနဲ့ မြေဆွေးမြေမွဖို့ အရေးကြီးပါတယ်။

၂။ အာလူးကို အပင်ပေါက်အညှောက်လေးများ ထွက်လာသည်အထိ ထားထားပေးပါ။ ထွက်ရှိလာတဲ့ အပင်အညှောက်လေးတွေကို ဓားဖြင့်လှီးယူ၍ စိုက်ပျိုးလို့ရသလို အလုံးလိုက် ထည့်စိုက်လို့လည်း ရပါတယ်။ အိတ်ဖြင့် စိုက်မည်ဆိုပါက အိတ်အတွင်းထဲသို့ မြေဆွေးမြေမွ သဲဆန်သောမြေကို တစ်ပေခန့်ထည့်၍ အာလူးကို အနည်းဆုံး (၂) ပင် (၄) ပင် အထိ ထည့်စိုက်ပါ။

၃။ ထည့်စိုက်ပြီးပါက အာလူးအပေါ်မှ နောက်ထပ်မြေဆွေး (၄) လက်မခန့် ဖုံးပေးထားပါ။

၄။ အာလူးအပင် ထွက်ရှိလာပါက အပင်၏ အမြင့်ကိုကြည့်၍ အိတ်ပြည့်သည်အထိ မြေဆွေးကို တစ်နေ့နည်းနည်းစီ ဖြည့်ပေးရပါမည်။ ရေကိုအနည်းငယ် စိုရုံလောက်သာ လောင်းပေးပါ။ မြေသိပ်သွားမှာစိုးသည့်အတွက် အများကြီး လောင်းပေးစရာ မလိုပါဘူး။

တစ်ခု သတိပြုရမှာကတော့ တစ်အိတ်ထဲမှာ အပင်ရေအများကြီးကို ထည့်မစိုက်ဖို့ပါ။ အပင်ရေ အများကြီး ထည့်စိုက်မိလျှင် အပင်ကြပ်ပြီး ဥမဥနိုင် ဖြစ်တတ်ပါတယ်။ ဥ ဥပါကလည်း မကြီးထွားပါ။ အပင်ရေ နည်းနိုင်သမျှ နည်းလေကောင်းလေ ဖြစ်ပါတယ်။ စတင်စိုက်ပျိုးသည်မှ ဥများဥသည့်အထိ အနည်းဆုံး အချိန် ၂ လခန့် ကြာမြင့်တတ်ပါတယ်။

ဒီလိုပုံးထဲ သို့မဟုတ် အိတ်ထဲ အာလူးကို ထည့်စိုက်ခြင်းဟာ အဟာရဓာတ် မြေသြဇာ အလေအလွင့် မရှိသလို ပေါင်းမြက်လည်း ကင်းစင်၍ ဥလည်းပိုမို ကြီးထွားစေပါတယ်။

ဓာတ်မြေသြဇာ ထည့်ပေးချင်ပါက တီစူပါ ပုလဲဓာတ်မြေသြဇာကို အနည်းငယ် ထည့်ပေးလို့ရပါတယ်။

Credit : Original writer