အာလူးကို အသုံးပြုပြီး နှင်းဆီပန်းပင် စိုက်ပျိုးနည်း လျို့ဝှက်ချက်

နှင်းဆီပန်းတွေဟာ ပန်းတွေထဲမှာ အလှဆုံးပန်းတွေဖြစ်တယ်ဆိုတာ လုံးဝငြင်းစရာမရှိပါဘူး။ ဒီလိုလှပတဲ့ တော်ဝင်နှင်းဆီတွေကို အိမ်မှာတင်လွယ်ကူစွာစိုက်ပျိုးနိုင်ပါတယ်။အိမ်မှာနှင်းဆီစိုက်ပျိုးချင်သူတွေအတွက် ရွေးချယ်စရာနည်းလမ်းတွေအများကြီးရှိတဲ့အထဲကမှ အာလူးနဲ့ နှင်းဆီပင်စိုက်ပျိုးနည်း လျှို့ဝှက်ချက်လေးကို ဝေမျှပေးလိုက်ပါတယ်။

လိုအပ်တဲ့စ္စည်းလေးတွေကတော့

– လတ်လတ်ဆတ်ဆတ် ဖြတ်ထားတဲ့ ၈ လက်မခန့်အရှည်ရှိတဲ့ နှင်းဆီကိုင်းတစ်ကိုင်း (အပွင့်ပါရမည်)။
– အာလူး (တစ်လုံးကို နှင်းဆီတစ်ကိုင်းစာ) ခဲတံ (သို့မဟုတ်) ရှည်ပြီး ချွန်တဲ့ တုတ်ချောင်းတစ်ခု
– အပင်ဟော်မုန်းဆေး (အမြစ်အတွက် သုံးသောဆေးတစ်မျိုး)
– ပလတ်စတစ်ဘူးခွံအလွတ်၊
– ပန်းအိုး (ကြိုက်နှစ်သက်ရာ)

ဒီပစ္စည်းလေးတွေ စုံပြီဆိုရင်တော့ နည်းလမ်းလေးကို ဆက်ဖတ်ကြည့်လိုက်နော်။

နှင်းဆီပွင့်ကို ညှပ်ပစ်လိုက်ပါ။ အောက်ခြေကနေ ထက်ဝက်အတွင်းမှာရှိတဲ့ အရွက်တွေကိုလည်း ညှပ်ရပါမယ်။ နှင်းဆီပွင့်ရဲ့ အညှာလေးကိုပါ ဖြတ်လိုက်ပါ။

အောက်ခြေနားမှာရှိနေတဲ့ ဆူးတွေကိုလည်း ဖြုတ်လိုက်ပါ။ ပန်းအိုးထဲမှာ မြေဆွေးနဲ့ မြေကြီးတွေကိုထည့်ပြီး စိုထိုင်းထိုင်းလေးဖြစ်သွားအောင် ရေအနည်းငယ်ထည့်ပြီး ရောမွှေပေးရပါမယ်။

ပန်းပင်ရဲ့အောက်ခြေကို ဟော်မုန်းပေါင်ဒါ သို့ အဆီထဲမှာ နှစ်လိုက်ပါ။ ပြီးရင်တော့ အာလူးကို ထွင်းပြီး နှင်းဆီပင်ကို ထိုးစိုက်လိုက်ပါ။

ပြီးရင်တော့ အာလူးကို မြေကြီးထဲမှာ မြှုပ်ထားလိုက်ပါ။ ပလတ်စတစ်ဘူးလွတ်ရဲ့ အောက်ခြေကို ဖြတ်လိုက်ပါ။ ပြီးရင်တော့ နှင်းဆီကိုင်းလေးကို ရေဘူးနဲ့ အုပ်လိုက်ပါ။ မြေကြီးကို တစ်ရက်ခြားတစ်ခါရေလောင်းပေးရပါမယ်။ အရမ်းစိုနေအောင်တော့ မလောင်းပါနဲ့။

နေပြင်းပြင်းထဲမှာလည်း မထားရပါဘူး။ နေရတဲ့နေရာ ဒါပေမယ့် အရမ်းနေမစူးတဲ့ နေရာမှာ ထားပေးရမှာပါ။ မြေသြဇာလည်း ထည့်ပေးရမှာပါ။ နှစ်လလောက် အကြာမှာတော့ သင့်ရဲ့ နှင်းဆီပင်လေး ကောင်းမွန်စွာ ရှင်သန်ပြီး အပွင့်လေးတွေ ပွင့်လာတော့မှာပါ။

Credit : Aunty May