စားဝတ်နေရေး ပြေလည်စေဖို့ တပိုင်တနိုင် တောင်ပို့မှို ဖောက်နည်း

ဒီနည်းဟာ အလွယ်ကူဆုံးနဲ့ ကုန်ကျစရိတ် ဘာမှမရှိတာမို့ မြန်မာပြည်သူပြည်သားအားလုံး တပိုင်တစ်နိုင် လုပ်ကိုင်နိုင်သလို မြေဧက အနည်းငယ်ရှိသူတွေအတွက်လည်း စီးပွားဖြစ်ထုပ်လုပ်ရောင်းချနိုင်ပါတယ်။

ယနေ့ မှိုတစ်ပိဿာဈေးဟာလည်း တသောင်းကျော်နေတာမို့ မက်လောက်စရာဖြစ်ပါတယ်။အရေးကြီးတာက နည်းသိဖို့ပါဘဲ။ သဘာဝနည်းဖြစ်တာကြောင့် ဓာတုဗေဒဆေးဝါး ကင်းတာကြောင့် စားသုံးသူများအန္တရာယ် မရှိရုံသာမက အနံအရသာဟာလည်း သဘာဝမှိုကဲ့သို့ စိမ့်ချိုနေစေမှာပါ။

လုပ်နည်းမှာ ပါဝင်ပစ္စည်း ၃မျိုးသာရှိပြီး မိမိပတ်ဝန်းကျင်မှာ အလွယ်တကူ ရှာဖွေရလွယ်ပါတယ်။

၁။ ခြတောင်ပို့ အတွင်းပိုင်းမှမြေသား၂၀သားခန့်။

၂။ ထမင်းဖြူ ၆၅ ကျပ်သား( တစ်ကီလို)

၃။ ရေ၂လီတာ(ရေသန့်ဗူး၂ဘူး) တို့ဘဲ ဖြစ်ပါတယ်။

ပထမဦးစွာ တောင်ပို့မြေနဲ့ ထမင်းဖြူတို့ကို ဇလုံတစ်ခု ထဲမှာရောထည့်ပြီး သမအောင် မွှေပေးရပါမယ်။ ထို့နောက် ရေကိုဖျန်းလိုက် မွှေလိုက်ဖြင့် ရေသန့် (၂) ဘူးစာ ကုန်တဲ့အထိ မွှေပေးရပါမယ်။

ပြီးနောက် ထိုဇလုံကို နေရောင်ခြည် တိုက်ရိုက်မကျတဲ့နေရာ မပူလွန်း မအေးလွန်းတဲ့ နေရာမှာ (၇) ရက်ခန့်ထားရပါမယ်။

ထိုအတောအတွင်း ဇလုံကို ရွှေ့ပြောင်းခြင်းမပြုဘဲ ငြိမ်သက်စွာ ထားရမှာပါ။ (၇) ရက်ကျော်တဲ့အခါ ဇလုံရဲ့ မျက်နှာပြင်ပေါ်မှာအမြူပ်အဖတ် ဖြူဖြူမဲမဲများ တက်လာတာကို တွေ့ရပါမယ်။ အဲဒါဟာ မှိုဖောက်ဖို့ ကျူလ္လင်စီတွေဘဲ ဖြစ်ပါတယ်။ (တနည်းအားဖြင့် မှိုမျိုးစေ့တွေဘဲ ဖြစ်ပါတယ်)

ထိုမှိုမျိုးများအား ခပ်ယူ၍ အစိုဓာတ်ရှိသော မြေဆွေးပုံ ကောက်ရိုးဆွေးပုံ သစ်ပင်အောက်ရှိ မြေဆွေးတွေအပေါ် နှံစပ်အောင်ချထားပေးပြီး ထားရပါမယ်။

မှိုမျိုးစေ့များ ချထားသောနေရာအား ၇/၈ ရက် တစ်ကြိမ်ရေစိုရုံသာ ဖျန်းပေးရုံဖြင့် အနံ့အရသာနှင့် ပြည့်စုံတဲ့ တောင်ပို့မှို တနည်း ကောက်ရိုးမှိုတို့ကို လွယ်ကူစွာ ခူးယူ စားသုံးနိုင်ပြီ ။ပိုလျှံပါက ရောင်းချ၍ ဝင်ငွေတိုးစေမှာပါ။

အိမ်တွင်း၊ တိုက်ခန်း၊ ကွန်ဒိုနေသူများအဖို့ ပန်းအိုးများအတွင်း မြေဆွေးထည့်၍ စိုက်ပျိုးနိုင်ပါတယ်။ အကယ်၍ ကျူလင်စီများ ပိုလျှံနေပါက ၄င်း ရေသန့်ဘူးတစ်ဗူးစာကို ရေသန့်ဗူး ၁၀ ဗူးနဲ့ရောပြီး အပင်များပေါ် ဖျန်းပေးခြင်းဖြင့် ၄င်းမှိုမျိူးစေ့ ချထားသော နေရာများအား ပက်ဖျန်းခြင်းဖြင့် အပင်များကိုရှင်သန်ကြီးထွားစေသော မြေဩဇာကဲသို့အသုံးပြုနိုင်ပါသည်။ စားဝတ်နေရေး ပြေလည်စေနိုင်ပါမည်။

Credit : မူရင်းရေးသားသူ