ခုနှစ်ရက် သားသမီးများအတွက် ၂၀၂၁ ခုနှစ် အောက်တိုဘာလအတွက် တစ်လစာ ဟောစာတမ်း

🏵️တနင်္ဂနွေသားသမီးများ🏵️

တနင်္ဂနွေသားသမီးတွေအနေနဲ့ ဒီလအတွင်း သူများကိစ္စကြားဝင်ကူညီခြင်း၊အာမခံခြင်း တွေကြောင့်အထူးဒုက္ခရောက်တတ်ပါတယ်။လင်မယားကြား မိတ်ဆွေတွေကြား ဘယ်သူ့ကြားမှမဝင်မိပါစေနဲ့။ ဘယ်စီးပွားရေးနယ်ပယ်မှာဖြစ်ဖြစ် အခုကာလမှာ ရတာကနည်းနည်း ၊ပြဿ နာရှင်းရတာကများများဖြစ်နေလိမ့်မယ်။ ရွှေငွေလက်ဝတ်ရတနာများကျပျောက်ခြင်း သူခိုးခိုခံရခြင်းတွေကြုံနိုင်တယ်။ လူငယ်တွေအနေနဲ့ စီးပွားတွက် တွက်နေတဲ့ချစ်သူကြောင့်စိတ်ညစ်ရမယ်။

ချစ်သူကိုအချိန်ပေးဖို့ထက် ငွေနောက်ပဲလိုက်နေပါလိမ့်မယ်။အလုပ်မှာရန်ပေါ်နိုင်တဲ့ကာလပါ။ အလုပ်ရှာနေသူများ အလုပ်ရဖို့ဝေးနေပါလိမ့်မယ်။ အရမ်းရင်းနှီးသူတွေနဲ့ခွဲခွာရတတ်ပါတယ်။ ကျန်းမာရေး သိပ်မညံ့ပေမဲ့ ပညာရေးကံကြမ္မာကတော့ အညံ့ဆုံးအနေအထားကို ရောက်နေတဲ့ကာလပါပဲ။ နောက်ဆုံးပြောချင်တာကဘယ်သူကိုမှ မယုံသင့်ဘူးလို့ပြောချင်ပါတယ်။

အထူးဟော = ကံညံ့နေသည်။
ယတြာ = သင်္ဘောသီးဖျော်ရည်တစ်ခွက် မွေးနေ့နံနက်မှာ ဘုရားကပ်လှူလိုက်ပါ။
☎️ ဆရာမင်းသုခ Ph-09440243656(viber)

🏵️တနင်္လာသားသမီးများ🏵️

ဆုံးဖြတ်ရခက်နေလိမ့်မယ်။ အရာရာသတိထားဆောင်ရွက်ပါ။ ရှေ့တိုးဆောင်ရွက်မဲ့ကိစ္စများ မိမိဆုံးဖြတ်ချက်တစ်ခုတည်းနဲ့ မဆုံးဖြတ်ပါနဲ့။ အလုပ်နဲ့ပက်သက်ပြီး စိတ်ရှုပ်နေရပါတယ်။ မသွားချင်တဲ့နေရာသွားရခြင်း၊နယ်ပြောင်းခံရခြင်းတွေကြုံတွေ့ရပါလိမ့်မယ်။ အထက်လူကြီးက မိမိအပေါ်အမြင်မကြည်တာမျိုးတွေလဲ ရှိနေပါတယ်။ စိတ်အရမ်းညစ်ရတတ်တယ်။ အိမ်ထောင်ဘက်အချင်းချင်းစကားအခြေအတင်များရတတ်တယ်။ မိသားစုနဲ့ ခွဲခွာရတတ်ပါတယ်။

မိတ်ဆွေကောင်းတွေရဲ့ ကူညီမှုအများကြီးရမဲ့အချိန်ပါပဲ။ ကျန်းမာရေးလဲ အနည်းငယ်အားနည်းနေပါတယ်။ နေပူနည်းနည်းမိတာမျိုး၊ အိပ်ရေးပျက်တာမျိုးကြုံတာနဲ့ ဖျားနာတတ်ပါတယ်။ စိတ်ပြေလက်ပျောက် ခရီးထွက်ခြင်း၊ ကလေးတွေကို ပျော်အောင်လုပ်ပေးခြင်းဖြင့်ကံတွေပြန်မြင့်လာပါလိမ့်မယ်။ အချစ်ရေးမှာ ချစ်သူနဲ့ အနေဝေးဖို့အကြောင်းဖန်လာလိမ့်မယ်။ ပညာရေးအတွက်တော့ စိတ်အေးချမ်းရမဲ့အချိန်ပါပဲ။

အထူးဟော -ရွေးချယ်ရခက်နေလိမ့်မယ်။
ယတြာ – ကြံရည်တစ်ခွက် မွေးနေ့ညနေခင်းမှာဘုရားကပ်ပါ။
☎️ဆရာမင်းသုခ Ph-09440243656(viber)

🏵️အင်္ဂါသားသမီးများ🏵️

ကံဇာတာအထူးမြင့်မားနေချိန်ပါပဲ။ ကျန်းမာရေးဒေါင်ဒေါင်မြည်နေပါလိမ့်မယ်။ နေမကောင်းဖြစ်နေသူများဒီကာလတွင် ဆေးတိုးသွားတတ်ပါတယ်။နာတာရှည်ရောဂါသည်များ ဆရာကောင်းသမားကောင်းတွေ့မည်။ ငွေကြေးအဘက်ဘက်က ဝင်လာမဲ့အချိန်ပါပဲ။ငွေအရမ်းရွှင်မှာပါ။ ငွေကြေးရင်းနှီးမှုလုပ်ငန်းတွေ စတင်ပြုလုပ်ဖို့ကောင်းပါပြီ။ တစ်ခုသတိထားရမှာက လူများများနဲ့အုပ်စုဖွဲ့သွားလာခြင်း ညဉ့်နက်သန်းခေါင်အပြင်ထွက်ခြင်းကို ဒီကာလအတွင်းလျှော့ပါ။

ပြဿနာက မဖိတ်ခေါ်ဘဲရောက်လာတတ်လို့ပါ။ အစုစပ်အလုပ်၊ရှယ်ယာအလုပ်တွေခဏဆိုင်းထားပါအုံး။ ချစ်ရသူဆီက အဖြေမတောင်းသင့်သေးသလို စိတ်ကောက်နေတဲ့ချစ်သူကိုလဲ မချော့ပါနဲ့အုံး။ အလုပ်စီးပွားကံကတော့ အထူးပြောစရာမလိုအောင် ကောင်းနေပါတယ်။ ပညာရေးကံ ကောင်းနေချိန်ပါပဲ။

အထူးဟော = -ကံအထူးကောင်းသည်။
ယတြာ = -ရဟန်းသံဃာတွေကို ဆေးလှူဒါန်းပါ။
☎️ဆရာမင်းသုခ Ph-09440243656(viber)

🏵️ဗုဒ္ဓဟူးသားသမီးများ🏵️

မိသားစုနဲ့အလုပ်ကြားဗျာများရမည် ။ အလုပ်အဆင်ပြေနေလို့ အလုပ်ထဲစိတ်နှစ်မယ်ကြံပြီးခါမှ မိသားစု ပြဿနာတွေကြောင့် အလုပ်ပျက်အကိုင်ပျက်ဖြစ်နေရမည်။ လုပ်ငန်းတူအချင်းချင်း အားပြိုင်မှု တိုက်ခိုက်မှုတွေ ရှိပေမဲ့အဆုံးသတ်မိမိသာအနိုင်ရမည်။ အလုပ်ပင်ပန်းခြင်း၊လူမှုရေးကိစ္စတွေကြောင့်ပင်ပန်းတာတွေစုပြီး ဖျားနာတတ်တဲ့အချိန်ပါ။

စီးပွားရေးချဲ့ထွင်ဖို့ စပ်တူလုပ်ငန်းစတင်ဖို့အကောင်းဆုံးကာလပါပဲ။ ပညာရေးအခန်းကဏ္ဍကတော့ အားနည်းနေပါတယ်။ လူငယ်တွေစာထဲစိတ်မပါဖြစ်တတ်တယ်။ စာကျက်ဖို့ပျင်းနေလိမ့်မယ်။လခစားဝန်ထမ်းများ နေရာကောင်းရခြင်း ၊ရာထူးတိုးခြင်းမျိုးရှိနေလိမ့်မယ်။ အချစ်ရေးကံကတော့ မကောင်းနိုင်သေးပါဘူး။ ချစ်သူကမိမိအပေါ် ယုံကြည်မှုကင်းမဲ့လာတတ်ပါတယ်။

အထူးဟော = စီးပွားရေးကောင်းမည်။
ယတြာ = ဘုရားစိန်ဖူးတော်ပုံအား ဓမ္မဒါနလက်ဆောင်ပေး ဖြန့်ဝေပါ။
☎️ဆရာမင်းသုခ Ph-09440243656(viber)

🏵️ကြာသပတေးသားသမီးများ🏵️

လူလိမ်ခံရလိမ့်မယ်။ အရမ်းရင်းနှီးတဲ့သူတွေရဲ့သစ္စာဖောက်ခြင်းခံရမည်။ အောက်လက်ငယ်သားတွေကို အရမ်းအရေးကြီးတဲ့ကိစ္စများ မျက်နှာလွှဲမခိုင်းသင့်ပါ။ လူယုံဒုက္ခပေးမဲ့အချိန်ပါပဲ။ စက်၊ကားမောင်းနှင်ခြင်း၊စက်ပစ္စည်းကိုင်တွယ်အသုံးပြုခြင်းအထူးသတိထားပါ။ မတော်တဆ ထိခိုက်လွယ်တဲ့ကာလတစ်ခုမို့လိုပါပဲ။ ဘာကိစ္စမဆို အဆုံးသတ်ပြီးဆုံးအောင်မလုပ်နိုင်ခြင်း၊ စထားပြီး တစ်ဝက်တပျက်ဖြစ်ရခြင်းမျိုးကြုံရမှာပါ။

ဒါကြောင့် အိမ်ပြင်အိမ်ဆောက်ခြင်း၊လုပ်ငန်းသစ်စတင်ခြင်းမျိုး လုံးဝမလုပ်ပါနဲ့။ အချစ်ရေးကံ အထူးညံ့နေချိန်ပါ။ ချစ်သူနဲ့မျက်နှာချင်းဆိုင်တာနဲ့ပြဿ နာတတ်ခြင်း၊ စကားအခြေအတင်ပြောရခြင်းတွေကြုံရပါလိမ့်မယ်။ ပညာရေးက ကြိုးစာအကောင်းဆုံးကာလပါပဲ။ ကျန်းမာရေးကောင်းနေပေမဲ့ ထိမိ ခိုက်မိ ဖြစ်တာမျိုးရှိနိုင်တယ်။

အထူးဟော = ထိခိုက်လွယ်နေသည်။
ယတြာ = မိမိ၏ မွေးနေ့အပတ်တိုင်း (7)ပတ်တိတိ သက်သတ်လွတ် စားပေးပါ။ ဘုရားမှာ ရွှေဆိုင်း ကပ်ပေးပါ။
☎️ဆရာမင်းသုခ Ph-09440243656(viber)

🏵️သောကြာသားသမီးများ🏵️

အဘက်ဘက်ကဖေးမကူညီမှုတွေကြောင့် လိုချင်သောပန်းတိုင်ကိုရောက်မည်။လုပ်ငန်းစီးပွားအထူးတိုးတတ်မည်။ ဝန်ထမ်းဆို နေရာပေးခံရခြင်း၊နေရာကောင်းရခြင်းတွေရှိလာပါလိမ့်မယ်။ ဒီကာလမှာပဲ အခြားသူများအား အကြံပေးခြင်း၊နှုတ်၏ဆောင်မခြင်းဖြင့်ထိုသူတွေအဆင်ပြေချောမွေ့မဲ့ကာလပါပဲ။မိမိသြဇာညောင်းမဲ့အချိန်ပါ။ကောင်းသောခရီးဘာသာရေးနဲ့သက်ဆိုင်သောခရီးတွေလဲသွားရပါလိမ့်မယ်။

အိမ်ထောင်သည်ဆို တစိမ်း မိန်းကလေးတွေ(ယောကျာ်းလေးတွေ) နဲ့ ဝေးဝေးနေပါ။ စွပ်စွဲခြင်းခံရမည်။ ငယ်ရွယ်သူများအသက်ကြီး၊ မလွတ်လပ်သူတွေရဲ့ ဖြားယောင်းသွေးဆောင်ခြင်းခံရပါလိမ့်မည်။ ငွေကြေးလာဘ်လာဘတွေလဲ ဝင်လာပါလိမ့်မယ်။ မိမိဆိုင် ဖောက်သည်အသစ်တွေတိုးလာပါလိမ့်မယ်။ ကျန်းမာရေး ပညာရေး အကောင်းဆုံးကာလပါပဲ။

အထူးဟော = -ပြောသမျှဖြစ်မည်။
ယတြာ = -မွေးနေ့တွင် သစ်သီး (၇)မျိုးဘုရားလှူပါ။
☎️ဆရာမင်းသုခ Ph-09440243656(viber)

🏵️စနေသားသမီးများ🏵️

စိတ်လေနေတတ်တယ်။ ဆုံးဖြတ်ရခက်တာမျိုး ကြုံရလိမ့်မယ်။ မိဘတွေအတွက် ပူပန်စိတ်ညစ် ရတတ်တယ်။ လုပ်ငန်းစီးပွားဆုတ်ယုတ်တတ်တယ်။ အလုပ်ဒဏ်ပိနေတတ်တယ်။ လူမျိုးခြား၊ ဘာသာခြား တွေရဲ့ ကူညီမစခြင်းခံရမယ်။ ခရီးကိစ္စ၊ နိုင်ငံရပ်ခြားနဲ့ ဆက်သွယ်လုပ်ရတဲ့အလုပ်တွေ အကျိုးပေးနည်းချိန်ပါပဲ။ ကျန်းမာရေးအထူးကောင်းချိန်ပါပဲ။အချစ်ရးကိစ္စ ၊ စုတ်ကိစ္စတွေ ရှုပ်ထွေးမှုတွေဖြစ်နိုင်ပါတယ်။ ပညာရေးကဏ္ဌ၊ သင်ကြားရေးကဏ္ဌကတော့ အထူး ကောင်းမွန်နေပါတယ်။ ပုံမှန်အတိုင်းသာ လုပ်ဆောင်သင့်တဲ့ အချိန်ပါ။ ရှေ့တိုးဆောင်ရွက်စရာ ကိစ္စများ တစ်ခုခုလုပ်တာနဲ့ ပျက်ဖို့များပါတယ်။

အထူးဟော = -အရာရာလွဲချော်နေမည်
ယတြာ = ခရေပန်း မွေးနေ့၌လှူဒါန်းပါ။
☎️ဆရာမင်းသုခ Ph-09440243656(viber)

🏵️ရာဟုသားသမီးများအတွက်🏵️

အကောင်းအဆိုးမျှနေချိန်လို့ပဲပြောရမလားမသိတော့ပါဘူး။ ကံညံလားဆိုတော့မညံ့ဘူး။ ကောင်းနေလားဆိုတော့လဲထင်သလောက် မကောင်းပါဘူး။ အိမ်ထောင်ဘက်ရဲ့ အိမ်ထောင်ရေးရှုပ်ထွေးမှုလေးတွေ စန်းပွင့်နေမှုတွေကြောင့်မိမိဗျာများရတတ်တယ်။ အလုပ်စီးပွားက အတိုက်အခိုက်လေးတွေရှိပေမဲ့တိုးတတ်မဲ့သဘောရှိတယ်။ အဆိုးဆုံးက သူများအကြံပေးလို့ဘာတစ်ခုမှမလုပ်မိစေနဲ့။ ဒုက္ခတွေ့လိမ့်မယ်။

မိမိဆုံးဖြတ်ချက် ၊မိမိစိတ်ကူးနဲ့သာ အနာဂတ်ကိုပုံဖော်သင့်တဲ့အချိန်ပါ။ ငွေကြေးကံအတော်အသင့်ကောင်းနေသလို လာဘ်လဲရွှင်မဲ့အချိန်ပါ ။ မူလလမ်းကြောင်းကနေ သွေဖယ်ပြီးမသွားသ၍ ဒီအပတ်ဟာ ဇာတာရှင်အတွက်ကံမညံ့ပါဘူးဗျ။ အချစ်ရေးကတော့ စိတ်ကောက်လိုက် ပြန်ချစ်လိုက်ဖြစ်နေမှာပါ။ ပညာရေးကံကတော့ အကောင်းအဆိုးမျှနေပါတယ်။

အထူးဟော = ဖြေးဖြေးမှန်မှန်သာဆောင်ရွက်ပါ။
ယတြာ = ပန်းအနီရောင်(10)ပွင့်၊ ဖယောင်းတိုင်(10)တိုင်၊ အမွှေးတိုင်(10)တိုင် မွေးနေ့နံနက်ဘုရားလှူ ပါ။
☎️ဆရာမင်းသုခ Ph-09440243656(viber)

ခုနှစ်ရက် သားသမီးများ အားလုံး စိတ်ချမ်းသာ ကိုယ်ကျန်းမာပြီး လိုအင်ဆန္ဒ တစ်လုံးတစ်ဝ ပြည့်စုံကြပါစေ။ ကံဇာတာ အညံ့များလည်း ပပျောက်ပြီး ကံပွင့် စန်းပွင့် မေတ္တာရေး အချစ်ရေးများ အဆင်ပြေကြပါစေ။

ဗေဒင်နှင့်လက္ခဏာ ဆရာမင်းသုခ
၇၃လမ်း/၃၄-၃၅လမ်းကြား
ချမ်းအေးသာစံမြို့နယ် မန္တလေးမြို့
Ph-09440243656