ခုနှစ်ရက် သားသမီးများအတွက် ၂၀၂၁ ခုနှစ် အောက်တိုဘာလ ၇ ရက်မှ ၁၃ ရက်နေ့အထိ ဟောစာတမ်း

🏵️တနင်္ဂနွေသားသမီးများ🏵️

ဒီကာလမှာတော့အနည်းငယ်စိတ်ပင်ပန်း၊လူပင်ပန်းရတာကလွဲလို့အညံ့သိပ်မတွေ့ပါ။မိမိဆိုင်လဲ မိတ်များပြီး လူစည်မဲ့ အချိန်ပါပဲ။ စိတ်ကူးသဘောထားတွေက ဒေါသဘက်ကို ဦးတည်စဉ်းစား နေ မိတတ်တယ်။ ဒါကြောင့် ဒီကာလဟာ မိမိကိုယ်ကိုထိန်းချုပ်နိုင်သူတွေက ပိုမိုအဆင်ပြေအောင်မြင်ခွင့် ကြုံရပါလိမ့် မယ်။အလုပ်သစ်တွေရှာ ဖွေလို့အလွန် ကောင်းပါတယ်။

မကောင်းသော အပေါင်းအသင်းအဖွဲ့အစည်း များ ကြောင့် ဆုံးရှုံးမှုနှင့် ရင်ဆိုင်ရသောသူအတွက်စိတ်ဓါတ်ကျဆင်းခြင်း၊ သို့မဟုတ် အစွပ်အစွဲခံရ သကဲ့ သို့ ဖြစ်ခြင်း တို့ကို ဖြစ်စေလိမ့် မည်။ နာတာရှည်ဝေဒနာရှင်များ အထူးဂရုစိုက်နေထိုင်သင့်သည်။ အိမ်တွင်းရေး သာယာမှုမရှိ နိုင်ပေ။ အိမ်ယာ ပြောင်းကိန်းရှိသည်။ စီးပွားရေးလုပ်ငန်းများတွင် အနည်းငယ်မြက်စွန်းမှု ရှိနိုင်သော်လည်း ငွေဖြုန်းတီးမှုကြောင့် မိမိ စုဆောင်းထားသောငွေများပင် ကုန်ဆုံးတတ်၍ မရွှေ့ပြောင်းနိုင်သော ပစ္စည်း များ၊စီးယာဉ် ဆုံးရှုံးကိန်းရှိ၏။

ဝန် ထမ်း များ ရာထူးတိုး၍ သင့်အားဦးဆောင်မှုတာဝန်ပေးလိမ့်မည်။ ကြိုးစားမှု အသီး အပွင့်များ ခံစားရလိမ့်မည်။ သု တေသနနှင့် ဖွံ့ဖြိုးရေးကဏ္ဍ၌ လုပ်ဆောင်သူများလည်း အကျိုးအမြတ်ရနိုင်ပါ သည်။ မည်သို့ပင်ဖြစ်စေ အလုပ်၌ မိမိနှင့်အသင့်မြတ်သူတစ်ဦးကြောင့် မိမိ၏တိုးတတ်မှုဖြစ်စေလိမ့်မည်။

အကျိုးပေးဂဏန်း – ၁/၃/၄
အထူးဟော – အနည်းငယ်ကျန်းမာရေးဂရုပြုပါ
ယတြာ – လူကြီးမိဘတွေကို ဖိနပ်ဝယ်လှူပါ…
🌏ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)
📞09775555695

🏵️တနင်္လာသားသမီးများ🏵️

ငွေကြေးချေးငှားခြင်းမလုပ်ပါနဲ့။ ရလာ သော လာဘ်ဦးလာဘ်ဖျားငွေကို လှူပြီးမှသုံးပါ။ လုပ်ငန်းရှင်များ စီးပွားရေးကောင်းပြီး ငွေမနိုင်ဖြစ်ရတတ်တယ်။ ငွေကြေးတွေ စုဆောင်းရခက်နေလိမ့်မယ်။ ရစရာ ရှိသောငွေကြေး များ ပြန်တောင်းရခက်ခဲနေချိန်ပါ။ကိုယ်ဝန်ဆောင်သည်မှာ ဒီကာလက မွေးရက်စေ့ပြီဆို ဆေးရုံဆေးခန်းမှာပဲ မွေး ပါ။

သားသမီးကြောင့် ဂုဏ်တတ်မဲ့အချိန်ပါ။ ရပ်ဝေးရောက် နေတဲ့ သားသမီးတွေက လက်ဆောင်ပစ္စည်းပေးပို့တာ မျိုး ကြုံရမှာပါ။ အလုပ်မှာမပျော်ပိုက်တာမျိုးကြုံရပါလိမ့်မယ်။ ယာဉ်မောင်းများ အခြားယာဉ်ကို ပွတ်မိတိုက် မိရာကနေ လျော်ကြေးပေးရတတ်ပါတယ်။ကောင်းတဲ့အချက်တွေကတော့မိမိကိုကူညီချင်တဲ့သူတွေပေါများနေပါ လိမ့်မယ်။စိတ်ချမ်းသာစရာကတော့ သင်ကြားရေးအလုပ်များ၊ပညာရေးနဲ့ပတ်သက်သောအလုပ်များအဆင်ပြေ အောင်မြင်နိုင်ပါတယ်။

FAများ စန်းပွင့်နေတတ်သလို မိန်းကလေးတွေအနေနဲ့ ချစ်ရေးဆိုခြင်းခံရတတ်ပါတယ်။ အချို့သော သူတို့အတွက် အချစ်ရေး၌ အတိုက်အခိုက် သို့မဟုတ် ပြိုင်ဘက်ကြုံ လိမ့်မည်။ သင်နှင့်တစ်ရင်း တစ်နှီး ရှိသူ၏ စိုးမိုးခြယ်လှယ်မှုကို ရပ်တန့်ရန်ကြိုးစားခြင်းခံရလိမ့်မည်။ ပြင်ပကိစ္စများတွင် စိတ်ဝင်စားမှုကြောင့် ပညာ ရေးတွင် အာရုံစူးစိုက်မှုနည်းနေလိမ့်မည်။

အကျိုးပေးဂဏန်း – ၂/၅/၈
အထူးဟော – ကံအကောင်းတွေလဲ ကြုံရတတ်သလို ငွေလဲကုန်တတ်တယ်..
ယတြာ – ကျောက်ကျောတစ်ပန်းကန်ဘုရားကပ်လှူပေးပါ
🌏ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)
📞09775555695

🏵️အင်္ဂါသားသမီးများ🏵️

သတိထားစရာတစ်ခုက ယာဉ်ကား သတိထားမောင်းနှင်ပါ။ ကားအချင်းချင်း ပွတ်မိတိုက်မိဖြစ်တတ်လို့ ပါပဲ။ လူမှုရေးကိစ္စများရှုပ်ထွေးမှုတွေရှိနေတတ်ပါတယ်။ ဓားခုတ်ရာ လက်လျှိုမိတတ် တဲ့အတွက် ဆင်ခြင်နေတာ အကောင်းဆုံးပါပဲ။ ခရီးကောင်းတွေသွားရတတ်တယ်။ ခရီးသွားခြင်းကလဲ မိမိရဲ့ကံကို ကောင်းလာစေပါလိမ့်မယ်။

ဆွေမျိုးအသိုင်းအဝိုင်းတွေရဲ့ကူညီစောင်မခြင်းတွေရပါလိမ့်မယ်။ စိတ်ချမ်းသာရမဲ့အချိန်လို့ ပြောရမှာပါ။ လုပ်ငန်း စီးပွားတွေတိုးတတ်လာမဲ့ကာလပါ။ ကိုယ်ပိုင်လုပ်ငန်းလုပ်သူ တွေ မိမိဆိုင်လူစည်နိုင်သလို ဖောက်သည်သစ်တွေ တိုးပွားမဲ့ကာလပါပဲ။ အတိတ်ရဲ့ သတိရစရာ လွမ်းဆွတ် စရာတွေ ပြန်ခံစားရမဲ့အချိန်ပါ။ မိသားစုအတွင်းစိတ်ချမ်း သာစရာ ပျော်စရာလေးတွေကြုံရပါလိမ့်မယ်။ ဆွေမျိုးမိတ်သင်္ဂဟ အိမ်နီးချင်းများနှင့် သင့်တင့်အောင်ဆက်ဆံပါ။

ကျောင်းသား၊ ကျောင်းသူများ အချိန်တိုင်းလိုလို ပညာသင်ယူရာ၌ ခက်ခဲမှုများ ရှိနေသည်။ အကယ်၍ ကြိုးစား အားထုတ်မှုမရှိလျှင် အောင်မြင်မှုကို မဆွတ်ခူးနိုင်ပါ။ လုပ်ငန်းသစ်များ ဆောင်ရွက်လုပ်ကိုင်ခွင့်ရမည်။ နည်းပညာ နှင့် ပတ်သက်၍ ကံကောင်းအကျိုးရှိမည်။ အသုံး အဆောင်ပစ္စည်းအသစ်အဆန်းများ စိတ်ကြိုက်သုံးစွဲခွင့်ရမည်။

အကျိုးပေးဂဏန်း – 4/7/0
အထူးဟော – စိတ်ချမ်းသာစရာများသည်
ယတြာ – ဒိန်ချဉ်လေးတစ်ခွက် ဘုရားကပ်လှူလိုက်ပါ။
🌏ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)
📞09775555695

🏵️ဗုဒ္ဓဟူး၊ရာဟုသားသမီးများ🏵️

အလုပ်အကိုင်တိုးတတ်မည်။ ငွေကြေးမြက်စွန်းမှု အနည်းငယ်ရရှိပြီး အထင်ကြီးခံရမည်။ စာရေးသား ထုတ်ဝေခြင်း ပြုသူများ အဆင်ပြေမည်။ ဆုံးရှုံးမှု အချို့ရှိနေသည်။ မှန်းဆလုပ်ကိုင်ခြင်း၊ လောင်းကစားခြင်း တို့ ရှောင်ပါ။ မိမိမနှစ်မြို့သော ခရီးများသွားလာ ခြင်းကြောင့် ဆုံးရှုံးမှုရှိနေသည်။ ဒါပေမဲ့ ဒီကာလဟာစိတ်ရှည် ဖို့ လိုတယ်။ လေးတွဲစွာနဲ့ အကျိုးပေး အောင်မြင်မဲ့ အချိန်ပါ။

လုပ်ထားသမျှတွေက ချက်ချင်းအကျိုးပေးမှာတော့ မဟုတ်သေးပါ ဘူး။အခုရေတွင်းတူးအခုရေကြည်သောက်ချင်လို့တော့မရပါဘူး။ ကြီးမားစွာငွေကြေးမြုပ်နှံမှုတွေ ကို အများနဲ့ တိုင်ပင် လုပ်တာကပိုမိုထိရောက်ပါတယ်။ စိတ်ပင် ပန်းလူပင်ပန်း အိပ်ရေးအပျက်ခံပြီး အလုပ် မလုပ် ပါနဲ့။ အလုပ် တာဝန်တွေကို ဒီနေ့အလုပ် ဒီနေ့ပြီးအောင်လုပ်ပါ။ အလုပ်အကြွေးထားခြင်းမျိုးရှောင်ပါ။ ကျန်းမာရေး ကို အထူး ဂရုစိုက်ရမည်။

အိမ်တွင်းရေးသာယာချမ်းမြေ့မှု ရရှိစေနိုင်သော် လည်း သားချင်းတစ်ဦးတစ်ယောက်၏ ဆက်ဆံရေး တင်းမာမှုကြောင့် ချမ်းမြေ့မှုကို ဖျက်စီးပစ်လိမ့်မည်။ မိမိမနှစ်သက်သော ဆန့်ကျင်ဘက်လိင်တစ်ဦးနှင့် ယှဉ်တွဲ သွားလာမှုကို ရှောင်ကြဉ်ပါ။ အိမ်နီးနာချင်းတစ်ဦးကြောင့် စိတ်အနှောက်အယှက် အနည်းငယ်ဖြစ်မည်။

အကျိုးပေးဂဏန်း – ၁/၅/၄
အထူးဟော – ကျန်းမာရေးထိခိုက်အောင် မနေထိုင်မိပါစေနဲ့။
ယတြာ – ခေါက်မုန့် ဘုရားကပ်လှူလိုက်ပါ
🌏ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)
📞09775555695

🏵️ကြာသပတေးသားသမီးများ🏵️

သတိထားရမှာကတော့ လူမျိုးခွဲ ဘာသာခြားကိုမယုံ သင့်တဲ့အချိန်ပါ။ စနေသားတစ်ဦး၏လိမ်လည်ခြင်းကို ခံရနိုင် ဖွယ် ရှိပါတယ်။အလုပ်ရှာနေသူများအလုပ်သစ်ရလာ ပါလိမ့်မယ်။ ဘာမဟုတ်တဲ့ကိစ္စလေးတွေနဲ့ မိတ်ဆွေ အချင်းချင်းအချင်းများရတတ် ပါတယ်။ လုပ်ငန်းကြီးကြီး မားမားစတင်အကောင်အထည် ဖော်လို့မသင့်သေးပါဘူး။ အလုပ်အကိုင်ပြောင်းလဲကိန်း ရှိနေသည်။

နေ့စဉ် ပုံမှန်လုပ်ဆောင်နေကျ လုပ်ငန်းများ လွဲချော်သွားတတ်သည်။ လုပ်ငန်းရှင်၊ ကျွမ်းကျင်ပညာရှင်တို့ အနည်းငယ်ညံ့ဖျင်းနေသည်။ ကျောင်းသူ၊ ကျောင်းသားများ ပညာရေးတွင် ထူးချွန်သောအောင်မြင်မှုကို ရရှိနိုင်မည့် အခွင့်အရေး ကောင်းများ ပေါ်ပေါက်လာမည်။ နိုင်ငံခြားခရီးဝေးများ သွားလာရတတ်သည်။ မိသားစုအတွင် အိမ်၊ ခြံ၊ မြေ၊ ယာဉ်ကားကိစ္စများအတွက် အခွင့်အရေးကောင်းများ တွေ့ ကြုံလာတတ်သည်။ဆွေမျိုးသားချင်းများဖြင့်အတိုက်အခံပဋိပက္ခများ ကြုံတတ်၏။

အောင်မြင်ထင်ရှား ကျော်ကြား သောကာလဖြစ်၍ အဖွဲ့အစည်းလုပ်ငန်းများ ကောင်းကျိုးပြုသည်။ လုပ်ငန်းတွင် ထင်ပေါ်ကျော်ကြား၍ စီးပွားရှာဖွေ ရလွယ်ကူလာမည်။ စပ်တူရှယ်ယာ လုပ်ငန်းများမှ ကောင်းကျိုးများပြုလိမ့်မည်။ အဖိုးတန်ရတနာများ ရရှိပိုင်ဆိုင် သုံးစွဲခွင့်ရမည်။ မမျှောလင့်ဘဲ ငွေအစုလိုက်ဝင်ကိန်းရှိနေ၍ ထီမကြာခဏထိုးပေးပါ။

အကျိုးပေးဂဏန်း – ၂/၆/၅
အထူးဟော – ကောင်းသောပြောင်းလဲခြင်းတွေကို ကြုံရမယ်။
ယတြာ – ကြက်သားဟင်းနဲ့ ဘုရားရှင်ကိုဆွမ်းကပ်လှူပါ။
🌏ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)
📞09775555695

🏵️သောကြာသားသမီးများ🏵️

ထူးခြားစွာကံမြင့်မားနေချိန်ပါ။ဘာသာရေးမမေ့သူတွေအထူးကံမြင့်နေပါလိမ့်မည်။စိတ်ထဲ မျှော်လင့်မထား သော အံ့သြဖွယ်ရာကိစ္စများဖြစ်ပေါ်မည်။ ရည်ရွယ်ချက်ရည်မှန်းချက်ပြည့်မှီလိမ့်မည်။ စီးပွားရေး ကံကောင်းနေမဲ့ အချိန်ပါ။ ဘာသာရေးနဲ့ဆိုင် သော ပစ္စည်းများ လက်ဆောင်ရလိမ့်မည်။မိတ်ဆွေများ၏ ကူညီစောင်မမှု၊ စပ်တူ လုပ် ငန်း မှအနည်းငယ် မြတ်စွန်းမှု၊ ထို့အပြင် ပေါင်းသင်းဆက်ဆံရေးကောင်းမှုတို့ကြောင့် လုပ်ငန်းပြိုင်ဆိုင်ဖက် များကို အနိုင်ယူနိုင်လိမ့်မည်။

သို့ရာတွင် မှန်းဆ လုပ်ကိုင်ရသော လုပ်ငန်းများမှ ဆုံးရှုံးမှုများစွာပေါ်ပေါက် လာ လိမ့် မည်။ မကောင်းဖက်ကို အတွေးလွန်၍ မကြာခဏဆုံးဖြတ်ချက် မရေမရာဖြစ်တတ်သည်။ အလုပ်ဒဏ်ပိမှု ကြောင့် ကျန်းမာရေး အနည်းငယ်ညံ့ဖျင်းလိမ့်မည်။ အထူးဂရုစိုက်ရန် လိုအပ်ပါသည်။ အိမ်တွင်းရေးသာယာမှု၊ မိတ်ဆွေ သင်္ဂဟ များနှင့် အဆင်ပြေစွာဆက်ဆံနိုင်မှုတို့ ရှိနေလိမ့်မည်။

စွန့်လွှတ်အနစ်နာခံလိုစိတ်များ ပေါ်ပေါက်လိမ့် မည်။ စိတ်ရှုတ်ထွေးလာပြီး တစ်ခါတစ်ရံ ရန်လိုသောသဘောရှိလိမ့်မည်။အချစ်ရေးမှာချစ်သူကိုပဲ အပြစ်မြင်နေမိတတ် သည်။ အချစ်ရေးအတွက်ကောင်းသော မျှော်လင့်ချက်တွေကို မစွန့်လွှတ်လိုက်ပါနဲ့။ ပညာရေးမှာတော့ သေချာ ရေရာတဲ့လမ်းကိုလျှောက်လှမ်းနိုင်ဖို့လိုပါတယ်။

အကျိုးပေးဂဏန်း – ၃/၀/၆
အထူးဟော – ဆုံးဖြတ်ချက်ကို ခိုင်မာစွာချမှတ်တတ်ပါစေ။
ယတြာ – နို့စိမ်းတီး တစ်ခွက် ဘုရားကပ်ပါ။
🌏ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)
📞09775555695

🏵️စနေသားသမီးများ🏵️

အိမ်ပြုပြင်ခြင်းတွေ၊အခန့်ဖွဲ့ခြင်းတွေဒီကာလမှာဆောင်ရွက်လို့မကောင်းပါဘူး။ အမိအဘတွေကို ခွန်းတုန့် ပြန် ပြောဆိုတာမျိုးအထူးရှောင်ပါ။ မိမိမဟုတ်တာလုပ်မိပါက မိမိကိုထပ်လိမ်မဲ့သူနဲ့တွေပါလိမ့်မယ်။ တရား ပွဲဘာသာရေးပွဲများတွင်အလှူငွေထည့်ဝင်ခြင်းက မိမိအတွက်ကံအဆိုးတွေ လျော့ပါးသက်သာ စေမှာပါ။မိတ်ဆွေ အပေါင်းအသင်းတစ်ဦး၏ မကျေနပ်ဒေါသဖြစ်မှုကြောင့် ရှုတ်ထွေးသော ပြဿနာများ ပေါ်ပေါက်တတ်သည်။ အိမ်တွင်းရေးဝန်ထုတ်ဝန်ပိုးများ ကြီးထွားလာမှုကြောင့် ပြင်ဆင်မှုပြုရမည်။

ကျောင်းသူ၊ ကျောင်းသားများ ပညာ ရေး ပိုင်း၌ တိုးတတ်မှုများစွာကြုံရလိမ့်မည်။ ဆွေမျိုးရင်းချာတစ်ယောက်နှင့် ဆက်ဆံရေး တင်းမာနေ၏။ အစ်ကို ကြီး သို့မဟုတ် ဝမ်းကွဲတစ်ယောက်နှင့် လမ်းခွဲရတတ်သည်။ ဆန့်ကျင်ဘက်လိင်တစ်ယောက်ကြောင့် ဒုက္ခ ရောက် တတ်သည်။ မကြီးမားသောငွေကြေးပြဿနာရှိနေသော်လည်း မှန်းဆလုပ်ကိုင်သောလုပ်ငန်း တီထွင် လုပ် ဆောင် သောလုပ်ငန်းမှ အနည်းငယ်မြက်စွန်းမည်။

စိုက်ပျိုးရေးသမားများ၊ လယ်သမားများ အမြက်အစွန်း များမည်။ မရွှေ့ မပြောင်းနိုင်သောပစ္စည်းများဆုံးရှုံးပျက်စီမှုအနည်းငယ်ပေါ်နိုင်သဖြင့်လိုအပ်သော သတိပြုမှုများ ထားရှိကာ ရှောင် ရှားနိုင်ပါသည်။

အကျိုးပေးဂဏန်း – ၁/၄/၇
အထူးဟော – ကံအင်အားနည်းမယ်.
ယတြာ – ဖိနပ်ပြတ်နေတာရှိရင်စွန့်ပစ်လိုက်ပါ

ခုနှစ်ရက် သားသမီးအပေါင်း ရန်သူမျိုး ငါးပါးဘေးမှ ကင်းဝေးနိုင်ကြပါစေ။

🌏ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)
📞09775555695