ခုနှစ်ရက် သားသမီးများအတွက် နေ့နံအလိုက် ကံပွင့်စေတဲ့ ယတြာ

တနင်္ဂနွေ သားသမီးတို့အတွက်ဆိုရင် နေ့တစ်နေ့ရဲ့ အစပြုတဲ့ အချိန် ကိုယ်လက်ဆေးကျောပြီးတာနဲ့ ရေမွှေးလေး အနည်းငယ်ကို လက်ညှိုးထိပ်ကလေးမှာ ဖြန်းပြီး နှာဖူးပြင်မှာ စက်ဝိုင်းပုံ “ဝ“ လုံးလေးကိုဆွဲပြီး အပြင်သွားပေးပါ။ အဲ့ဒီ တစ်နေ့တာမှာ ဒါနကုသိုလ်လေး တစ်ခုခုကို မဖြစ်မနေ ပြုရပါမယ်။

တနင်္လာ သားသမီးတို့ အတွက်ကတော့ နွားနိုး အစိမ်း ၂၅ ကျပ်သားကို မနက်နေထွက်ချိန် ညောင်ပင်အရိပ်အောက် လောင်းချပူဇော်ပါ။

အင်္ဂါ သားသမီးတို့ အတွက်ကတော့ နေ့စဉ် လမ်းဘေးခွေးလေးတွေကို ဒါနလေးပြုပေးပါ။

ဗုဒ္ဓဟူး သားသမီးတို့ အတွက်ကတော့ မိမိပတ်ဝန်းကျင်က မိတ်ဆွေ အပေါင်းအသင်းတွေကို တတ်နိုင်သမျှ သေးသေးမွှားမွှားပဲဖြစ်ဖြစ် ကူညီမှုလေးတစ်ခု မဖြစ်မနေ လုပ်ပါ။

ကြာသပတေး သားသမီးတို့အတွက်ကတော့ သစ်ပင်လေးတွေ ရေလောင်းပေးပါ။ လမ်းသွားလာရင်း အပင်ငယ်လေးတွေကို ပြုလုပ်ပေးလေ ကောင်းလေပါ။

သောကြာ သားသမီးတို့အတွက်ကတော့ မနက်လင်းလို့ ကိုယ်လက်သန့်စင်ပြီးတာနဲ့ နေအိမ်က မှန်လေးတစ်ချပ်ကို သေချာလေး ပြောင်နေအောင် သန့်စင်မှုလုပ်ပေးပါ။

စနေ သားသမီးတို့ အနေနဲ့ကတော့ နေ့စဉ်နေအိမ် သန့်ရှင်းရေး တံမျက်စည်းလေး လှည်းကျင်းခြင်း ပြုပေးပါ။

ခုနစ်ရက် သားသမီးများ သိသိသာသာ အခက်အခဲတွေ ပြေလည်၍ မျက်နှာပွင့်လန်းလာပါလိမ့်မယ်။

ဗေဒင်နက္ခတ်အကြားအမြင်ပညာရှင်
ဆရာမကြီးဒေါ်နန်းဧကရာဇိ
Ph:09-406898126(viber)