၂၀ ရက်နေ့မှ ၂၇ ရက်နေ့အထိ ငွေ၀င်စေမည့် ကုသိုလ်ဖြစ် အလှူယတြာ

ဒီပို့စ်ကို တွေတဲ့အချိန် နောက်ကျသည့်အခါ ဆွမ်းကပ်ခြင်းကို ဖယ်၍ ဆောင်ရွက်ပါ အချိန်မှီသူများ ဆွမ်းကပ်ပါ။

ထမင်းကြော် ပူပူလေး (ပဲပြုတ်ပါရင် ပိုကောင်းပါတယ်) တစ်ပန်းကန် မနက် ၁၀ နာရီအတွင်း ဆွမ်းတော်လကပ်လှူပေးပါ။

သောက်တော်ရေ ရေနွေးကြမ်း ပူပူ ၁ ခွက် ကပ်ပါ။ ဖယောင်းတိုင် ၁ တိုင် ထွန်း၍ ပူဇော်ပါ။ မြတ်စွာဘုရားထံ အမွှေးတိုင် ၅ တိုင် ပူဇော်ပါ။ အောက်ပါ ဂါထာအား ၁၁ ခေါက် ရွတ်ဖတ်ပါ။

ဂါထာ

အရဟံ ဗဟိ အန္တ ဇယံ
သုဂတံ အမိတံ ဝိရဇံ လလိတံ
အတုလံ စရဏံ တိဘဝူပ သမံ
ယမကံ သုခဒံ သရဏံ ပနမာမိ ဇိနံ ။

ငွေ မ၀င်တဲ့သူများ ဒီကိုဗစ်အချိန်မှာ ဆရာ့ယတြာဆောင်ရွက်တဲ့အခါ အနည်းနဲ့အများတော့
ငွေ၀င် လာဘ်ရွှင်ပါလိမ့်မယ်။ ကံဆိုးကံနိမ့်နေသူများ ကံမြင့်လာစေမယ်။ ထီမပေါက်သူများ ထီဆုကြီးပေါက်နိုင်တယ်။ စျေးရောင်းသူများ စျေးအရောင်း သွက်ပါလိမ့်မယ်။

ဤသို့ ကတိပေး ဆုတောင်းပါ “တပည့်တော်/မ ကောင်းသော အပြောင်းအလဲများဖြင့် ငွေရွှင်လာတဲ့အခါ သာသနာအတွက် သဒ္ဒါတရား နည်းများမဆို အထောက်အပံ့ ပြုပေးပါမယ်” ဟူ၍ ကတိပေး ဆုတောင်းပါ။

ငွေ၀င်စေ ကံကောင်းစေမယ့် ယတြာ အပ်လို့ရပါတယ်။ Page chatbox နှင့် viber +959783142126 ကို ဆက်သွယ် စာပို့ပေးပါ။