
“အကြွေးပြန်ရနည်း”
သင့်မွေးနေ့ နံက် ၉းဝဝ မှ ၁၀း၃၀ နာရီ အတွင်း ပြု လုပ်ရပါမည် ..။
လိုအပ်တာတွေက
– ကြွေပန်းကန်တစ်ချပ်
– ဖယောင်းတိုင် ၁ တိုင်
– နှမ်းဆီ /သံလွင်ဆီ
– အိမ်ရိုက်သံတစ်ချောင်း
– ငရုတ်သီးမှုန့် အနည်းငယ် လိုအပ်ပါတယ်…။
ပထမဦးစွာ ဖယောင်းတိုင်ကို သံချောင်းဖြင့် ဖယောင်းတိုင်၏ အပေါ်မှအောက်သို့ အကြွေးပေးရမည့် သူ၏ နာမည်ရေးပါ။ ရေးပြီးပါက သံလွင်ဆီသုတ်ပါ။ ပြီးလျင် ငရုတ်သီးမှုန့် သုတ်ပြီး ကြွေပန်းကန်မှာ ထွန်းပါ။ ဘုရားစင်မှလွဲ၍ အဆင်ပြေသည့် နေရာတွင် ထားနိုင်ပါသည်။
သင်ယူ လေ့လာဖူးတာလေး မျှဝေတာပါ။ လိုအပ်တာ ရှိပါက ကျွန်တော့် အားနည်းချက် ဖြစ်ပါသည်။ နားမလည်ပါက 09-776575701 သို့ခေါ်၍ မေးမြန်းနိုင်ပါသည်။
မပေးနိုင်တဲ့သူကို ဤနည်းဖြင့် ဇွတ်အတင်း လုပ်မယူပါနဲ့။ ပေးနိုင်ရဲ့သားနဲ့ ပေကပ်ကပ် လုပ်နေသူများ လူပါးဝသူတွေကိုသာ ဤနည်းဖြင့် ပြုလုပ်ပါ။
Credit : Aung Kyaw Htun