ဈေးရောင်းကောင်းစေဖို့ လာဘ်ပွင့်စေဖို့အတွက် ယတြာ

စျေးရောင်းကောင်းတဲ့ ယတြာလေးပေးပါဆိုလို့

ပုလင်းခွံလေးတစ်လုံး
လမ္မော်ခွံ
သံပုရာ ခွံ
နားနတ်ပွင့်
လေးညှင်းပွင့်
ကရဝေ ရွက်
ဆန်စေ့
ဂျင်း

စတာလေးတွေ အနည်းငယ်စီထည့်။ ထည့်ပြီးရင် ပုလင်း အဖုံးကိုပိတ်။ အဖုံးပေါ်ကနေ ဖယောင်းတိုင်လေး တစ်နေ့ တစ်တိုင်ထွန်း။ စျေးရောင်းကောင်းစေဖို့ လေးလေးနက်နက် ဆုတောင်းပါ။ အဖုံးကတော့ သံအဖုံးမှ အဆင်ပြေမယ် ကော်အဖုံးဆို မီးလောင်သွားမယ်။

ထူးထူးခြားခြား စျေးရောင်းကောင်းစေပါတယ်။ လာဘ်ပွင့်စေဖို့ အတွက်လဲ ထွန်းလို့ရပါတယ်။ ဝန်ဆောင်မှုလုပ်ငန်း စတာတွေ လူများများ လာစေဖိုလဲ သုံးနိုင်ပါတယ်။

အဆင်ပြေကြပါစေ ခင်ဗျ။
သုတအောင်
09972635979