ပေးစရာရှိတဲ့ အကြွေးတွေကို မြန်မြန်ဆပ်နိုင်ဖို့ ဆန်၊ ထန်းလျက် ယတြာ

မင်္ဂလာပါ ဆရာ ကျွန်မက အလုပ် အဆင်ပြေနေပါရဲ့ ဆပ်စရာ အကြွေးတွေ မြန်မြန်လေး ဆပ်ချင်လို့ပါ ဆရာ။ ငွေဝင်သလောက် ထွက်ပေါက်တွေများနေလို့ ဘယ်လိုမှ မဆပ်နိုင်ဘူးဖြစ်နေလို့ ယတြာလေးပေးပါဆရာ။

မင်္ဂလာပါ ဆရာ ကျွန်မက အလုပ်တွေ ပါးနေပါတယ်။ အကြွေးတွေ အမြန်ဆပ်ချင်နေတယ်။ အကြွေးရှင်တွေ တောင်းနေလို့။ အကြွေး မြန်မြန်ဆပ်နိုင်မည့် ယတြာလေး ပေးပါအုံးဆရာ။ စဉ်းစားပြီး အိပ်မပျော် စားမဝင် ဖြစ်နေလို့ပါ ဆရာရယ် အားကိုးပါတယ်။

အခုချိန် ကာလမှာ တစ်ချို့ ၇ ရက်သားသမီးများ ကြုံနေတဲ့ အကြွေးနဲ့ ပတ်သက်ပြီး ဖြစ်နေတဲ့ပြဿနာတွေ ဖြေရှင်းနိုင်ရန်အတွက် လက်တွေ့ တိကျလုပ်ရင် ထိရောက်စွာ အောင်မြင်မှု ရရှိနိုင်မည့် ရိုးရှင်း လွယ်ကူ ယတြာလေးကို ဒါနပြုပါတယ်။ ယုံကြည်စွာလုပ်ပါ ခင်ဗျား။

တနင်္လာနေ့ နံနက် ၆နာရီမှ ၇နာရီခွဲ အတွင်း လုပ်ရပါမည်။ ဆန် ၅ ဆုပ် နှင့် ထန်းလျက်အဖြူ ၅လုံးကို ဗြောင်သန့်သန့် ပိတ်ဖြူစမှာ ထည့်ပြီး အထုပ်တစ်ထုပ် လုပ်၍ အိမ်ဘုရားရှေ့မှာ ထားပါ။

ကျွန်ုပ်သည် ငွေဝင်လာဘ်ရွှင် စီးပွားတိုးပြီး အကြွေးများ အမြန်ဆုံး ဆပ်ရပါလို၏ဟု ဆုတောင်း၍ အထုပ်ကို ရေထဲ မျှောပစ်ပါ ။မျှောပြီး နောက်သို့ ပြန်လှည့် မကြည့်ရပါ။

ဤနည်းအတိုင်း တနင်္လာ ၃ ကြိမ်လုပ်လျှင် အောင်မြင် ထူးခြားလာပါလိမ့်မည်။ ဤယတြာသည် အလုပ်အဆင်ပြေပြီး ငွေထွက်ပေါက်များ နည်းစေ၍ အကြွေး အမြန်ဆပ်နိုင်တဲ့ အခွင့်လမ်းများ ဖွင့်ပေးစေပါတယ် ခင်ဗျား။

(ဥုံ ပထဗျာ အာကာသေ ပဗ္ဗတေ စေဝ ဥဒကေ ဝနေ ယံယံ ပတ္တံ ပဝါဒေမိ သဗ္ဗ လာဘသိဒ္ဓိ ဥပေတုံမေ) ဤဂါထာကို နေ့စဉ် ၂၇ ကြိမ်ရွတ်ဖတ်ပြီး ငွေဝင်လာဘ်ရွှင်စေရန် ဆုတောင်းပါ ခင်ဗျား။

၇ ရက် သားသမီးများ လုပ်ငန်း အဆင်ပြေပြီးအကြွေး ဟူသမျှ သောက မှ ကင်းဝေး အေးချမ်းပါစေ။ ဆရာမင်းနိုင်နှင့်တကွ သင်ဆရာ မြင်ဆရာ ကြားဆရာ အားလုံး ခြေရင်းဦးခိုက်လျက်။

ဆရာတင်ထူး (ဗေဒင်နှင်ယတြာအစီရင်)
09259021778
09750190659