ခုနှစ်ရက် သားသမီးများအတွက် ၂၂.၇.၂၀၂၁ မှ ၂၈.၇.၂၀၂၁ အထိ တစ်ပတ်စာ ဟောစာတမ်း

တနင်္ဂနွေသားသမီးများ

ဒီကာလအတွင်းမှာတော့ အနည်းငယ်စိတ်ပူပင်စရာလေးတွေရှိပါတယ်။ ကြီးကြီးမားမားကိစ္စတွေဘာမှ ကြံ စည်၊စိတ်ကူး၊လုပ်ကိုင်လို့မရသေးပါဘူး။ လူငယ်များမိဘတွေနဲ့ အတိုက်အခံမလုပ်မိပါစေနဲ့။ ကိုယ့်ကိစ္စထက် သူတစ်ပါးရဲ့ကိစ္စတွေ ပိုပြီးရှုတ်ထွေးနေရတတ်ပါသည်။ အပူလောင်တာ၊ ဓါတ်လိုက်တာ၊ အဖိုးတန်ပစ္စည်းတွေ ပျက် စီးဆုံးရှုံးတာ သူခိုးအခိုးခံရတာတွေ ကြုံတွေ့ရတတ်ပါသည်။ ပစ္စည်းအဝယ်အရောင်း ကိစ္စတစ်ခု လွဲချော်သွား တတ် ပါသည်။ မိတ်ဆွေရင်း၊ လူရင်းများထဲက နာရေးကိစ္စများအထိ ကြုံတွေ့နေရ တတ်ပါသည်။ ကတိပေးမှားတာ၊ စာချုပ်မှားနေတာတွေ ဖြစ်စေရတတ်ပါသည်။

အမှန်တော့ဒီကာလအတွင်းမှာ ပုံမှန်အတိုင်းသာ လည်ပတ် လုပ် ကိုင်ပါ။ အသစ်တစ်ခုခုစတာမျိုးတွေ၊အပြောင်းအလဲလုပ်တာမျိုးတွေက သေချင်တဲ့ကျား တော ပြောင်း ဖြစ်ရတတ် ပါတယ်။အွန်လိုင်းက ပစ္စည်းမှာတာမျိုးတွေ၊ရပ်ဝေးကို ပစ္စည်းပို့တဲ့ကိစ္စမျိုးတွေမှာ လမ်းခရီးမှာ ပစ္စည်းဆုံးရှုံးပျက်စီး တာမျိုးတွေဖြစ်ရတတ်ပါတယ်။အချစ်ခရီးလမ်းဖြောင့်ဖြူးတတ်ပါတယ်။ ချစ်သူနဲ့အခက်အခဲ တွေကို အတူတူ ရင်ဆိုင်ပါ။ အိမ်ထောင်ရေးမှာတော့ အိမ်ထောင်ဘက်ကဝင်ငွေတိုးတာမျိုး၊စီးပွားအဆင်ပြေတာမျိုး ကြုံရအတွက် စိတ်ချမ်းသာရတတ်ပါတယ်။ပညာရေးအတွက် ဆရာကောင်းတွေနဲ့ မချိတ်ဆက်မိသလိုဖြစ်နေရ တတ်ပါတယ်။

အကျိုးပေးဂဏန်း – 2/1/4
အထူးဟော – ကံအားနည်းနေပါလိမ့်မယ်။
ယတြာ – ရေခွက်တစ်ခွက် ရဟန်းတစ်ပါးကိုလှူပေးပါ

တနင်္လာသားသမီးများ

ကံကြမ္မာက ဒီအပတ်ထဲအကောင်းအဆိုးမျှနေတာတွေ့ရတယ်။ ဘယ်အရာမှအဆိုးဆုံးမဖြစ်သလို၊ဘယ် အရာမှလဲ ထွန်းထွန်းပေါက်ပေါက်မဖြစ်ချိန်ပါပဲ။အမှုအခင်း ပြဿနာများ ရင်ဆိုင်ဖြေရှင်းရမည်။ အလုပ်အကိုင်ကိစ္စ ရပ်များကို အကြောင်းပြု၍ ရုံးရောက်၊ ဂါတ်ရောက်ကြုံနိုင်သည်။

အနောက်တောင်အရပ်သို့ ခရီးသွားစဉ် အန္တရာယ် ကြုံနိုင်သည်။ မျက်စိတွင် မတော် တဆထိခိုက်မှု သတိရှိပါ။ အမျိုးသားများ အသွားအလာ၊ အနေအထိုင်မဆင်ခြင်က လိင်ကိစ္စ ဖြေရှင်းရခြင်း၊ စွပ်စွဲခံ ရခြင်းများကြုံနိုင်သည်။ကျန်းမာရေးကောင်းပေမဲ့ ဆေးထိုး၊ ဆေး သောက်မှားယွင်း ခြင်း ဂရုစိုက်ရမည်။ ရောင်းဝယ် ခွင့်မပြုသော ဆေးဝါးတို့ကို လက်ဝယ်မထားရှိရ။ အန္တရာယ်ကြီးမားလိမ့်မည်။

ငွေနောက်မလိုက်ဖို့အထူးမှာချင်ပါ တယ်။ ငွေကြေးအလျင်လိုနေလို့ လောင်းကစားမှာရင်းနှီးမြုပ်နှံလိုက်တာက အရှုံးများသွားနိုင်ပါတယ်။သူများတွေက ငါ့အလုပ်ကိုခဏအစားထိုးလုပ်ပေးပါဆိုရင် သတိထားပါ။ ပြဿနာက အဲဒါကစပါလိမ့်မယ်။တစ်ခြားသူများမှားနေရင်တောင်မှ မိမိကပုံကြီးချဲ့ပြီး ပြဿနာမရှာလိုက်ပါနဲ့။ အဖြေပဲရှာ ပေး လိုက်ပါ။

အသားအရေနဲ့ပတ်သက်ပြီးထိန်းသိမ်း တတ်ဖို့လိုပါတယ်။ ဝက်ခြံပုန်းတွေထွက်လာတတ်ပါ တယ်။ အချစ်ရေးကံမကောင်းသေးတဲ့ကာလပါပဲ။ အိမ်ထောင် ရေးကတော့လက်တွဲညီညီနဲ့ရှေ့ဆက်နိုင်ပါလိမ့်မယ်။ ပညာရေးမှာတော့ စာတွေကိုအပေါ်ယံလောက်ပဲနားလည်မဲ့ ကာလပါပဲ။

အကျိုးပေးဂဏန်း – 1/4/7
အထူးဟော – ကံသင့်ပါတယ်။
ယတြာ – ကော်ရည်ခေါက်ဆွဲ ဘုရားကပ်လှူလိုက်ပါ။

အင်္ဂါသားသမီးများ

ရပ်တန့်ထားသောပညာရေးကိစ္စများ ဆောင်ရွက်နိုင်မည်။ ဆိုင်းငံ့ထားသောခရီးကိစ္စ အဆင်ပြေမည်။ လူမျိုးကွဲ အကျိုး ပေးမည်။ အရပ်ဝေးနှင့်ဆက်စပ်သောအလုပ်မှ ထူးခြားသော အကျိုးရရှိမည်။ လက်ကားစီးပွား ရေးအလုပ်များ အမြတ်အစွန်းကောင်း ရရှိမည်။ မြောက်အရပ်သို့ခရီးသွား စဉ် ကောင်းသောအကျိုးပေါ်ထွန်းမည်။ အိမ်အသစ်ဆောက် ခြင်းများ ဆောင်ရွက်နိုင်သည်။ အိမ်အပြောင်းအရွှေ့များဆောင်ရွက်နိုင်သည်။ နေရာထိုင်ခင်း ကိစ္စများ ပြောဆိုဆောင် ရွက် အောင်မြင်မည်။ အကြံအစည်၊ ရည်ရွယ်ချက်များအောင်မြင်မည်။ အလုပ်မရှိသူ အလုပ်ရခြင်း၊ အလုပ်ရှိသူတိုးတက်ခြင်း ကြုံမည်။ လက်ဝယ်စုဆောင်းထားသောငွေကြေးများ အစု လိုက်သုံးစွဲ ရခြင်းကြုံမည်။ ထိုသုံးစွဲမှုကလဲ ကိုယ့်အတွက်အချည်းနှီးမဖြစ်နိုင်ပါ။

တစ်ခုသတိထား ရမှာကတနင်္လာနေ့ မွေးသော သူများနှင့် ပူး တွဲလုပ်ခြင်းမှ စိတ်အနှောင့်အယှက်ဖြစ်ရမည်။လူကြီးသူမတွေရဲ့ ဂရုဏာကိုရရှိတတ်ပါတယ်။ စက် ကားယန္တရားနဲ့ လုပ်ကိုင်နေရသူတွေ ဖြေးဖြေးမှန်မှန်လုပ်ပါ။ အလျင်လိုလေ ထိခိုက်မှုများလေဆိုတာသိထားပါ။ ကျန်းမာရေးကတော့ ဒေါင်ဒေါင်မြည်ကောင်းနေတတ်ပါတယ်။ အချစ်ရေးကံခေနေတတ်ပါတယ်။ အိမ်ထောင်ရေး မှာတော့ အိမ်ထောင်ဘက်အပေါ်သံသယတွေများနေတာမျိုးရှိရင်လျှော့ပါ။ ပညာရေးနယ်ပယ်ကောင်းမွန်နေတတ် ပါတယ်။

အကျိုးပေးဂဏန်း – 8/7/0
အထူးဟော – အခွင့်အလမ်းတွေရလာမဲ့ကာလပါပဲ။
ယတြာ – နဂါးမောက်သီး ဘုရားကပ်လှူပေးပါ

ဗုဒ္ဓဟူး၊ရာဟု သားသမီးများ

ဒီကာလအတွင်း သတိထားစရာအချက်တွေများပါတယ်။ဘာလုပ်လုပ်ဆင်ခြင်ဉာဏ်ကိုဦးစားပေးပြီးမှဆုံး ဖြတ် စေချင်ပါတယ်။နေအိမ်ဝန်း ကျင်တွင် ရန်ပွဲများရှိက ဝင်ရောက်ဖြန်ဖြေခြင်းမပြုနှင့်။ ဒဏ် ရာအနာတရ ဖြစ်ခြင်းနှင့် အမှု ဖြစ်ခြင်းများပင်ကြုံနိုင်သည်။ အသင်းအဖွဲ့ကိစ္စများနှင့်ပတ်သက်၍ အငြင်းပွားခြင်းရှောင်ပါ။ ပဋိပက္ခအကြီးစား ဖြစ်တတ်သည်။လက်စွပ်၊ နာရီ၊ ဆွဲကြိုးအစ ရှိသည့် ကိုယ်နှင့်မကွာဝတ်သောပစ္စည်းများ ပျောက် ရှတတ်သည်။ ငွေကြေးအပေးအယူကိစ္စမှန်သမျှ သတိနှင့်ဆောင်ရွက် ပါ။ ကုန်ပစ္စည်းများ ဝယ်ယူသည်ကအစ အကြွေး မဝယ် ပါနှင့်။ ပြဿနာများဖြစ်လာတတ်သည်။

အသက်အရွယ်ကြီးရင့်သောဆွေမျိုးသားချင်း များရောဂါ ကုသရန် နေအိမ် တွင် လက်မ ခံရ။ ရောဂါဝေဒနာကြီးမား၍ အသက်ဘေးအထိပင်ကြုံနိုင် သည်။ထီဝါသနာ ပါသူများလဲထီကံစမ်းလို့ကောင်းပါတယ်။ ဘာလုပ်လုပ် ခန္ဓာကိုယ်ကိုထိခိုက်အောင်မလုပ်မိပါစေနဲ့။ အနားယူချိန်ကို သတ်မှတ်ပြီးနားပါ။ ကျန်းမာရေးအရမ်းညံ့နေတာမျိုးမတွေ့ပါဘူး။ အချစ်ရေးမှာတော့ ချစ်ရသူကမိမိကိုအချစ်တွေ ပိုလာပါလိမ့်မယ်။ အိမ်ထောင်ရေးသာယာပျော်ရွှင်ရလိမ့်မယ်။ ပညာရေးကတော့စီးပွားရေးနဲ့ပတ်သက်တဲ့ပညာ တွေရလိမ့်မယ်။

အကျိုးပေးဂဏန်း – 3/6/9
အထူးဟော – အလုပ်များနေမည်။
ယတြာ – နီးစပ်ရာစေတီရဲ့မွေးနံထောင့်မှာ ဘုရားရှင်အားရေသပ္ပယ်ပါ။

ကြာသပတေးသားသမီးများ

လူမျိုးကွဲအကျိုး ပေးမည်။ စာရွက် စာတမ်းကိစ္စ၊ စကားပြောဆိုမှုများ အထူးအောင်မြင်မည်။ ယခုကာလ များအတွင်းကိုယ့်ကိစ္စကို ဘေးဖယ်ထား၍ သူတစ်ပါးကိစ္စများကို ကြားဝင်ကူညီ ဆောင်ရွက်ပေး ရင်း အထင်မှား၊ အမြင်မှား၊ စွပ်စွဲခံရခြင်းများ ရှိနေမည်။ မိမိ၏စာနာ သနားမှု၊ အားနာတတ်မှု၊ ယုံလွယ်မှုတို့ကို ခုတုံးလုပ်အသုံးချ၍ ကိုယ်ကျိုးရှာသူများ၊ ဒုက္ခပေးသောသူများ ကြုံ တွေ့နေရမည်။ အလှူမင်္ဂလာကိစ္စများလည်း ပါဝင်ပတ်သက်နေ ရမည်။ ပညာရေးကိစ္စ၊ သင်တန်းကိစ္စတွေမှာ ဆုံးဖြတ်ရခက်တဲ့ အခြေအနေမျိုးတွေ ကြုံတွေ့လာ ရတတ်ပါတယ်။ မိသားစုထဲက ဆွေမျိုးတွေထဲက နိုင်ငံခြားခရီးစီစဉ်နေသူများ အထူးအောင်မြင် အဆင်ပြေသွား ပါလိမ့်မည်။ ကျန်းမာရေး မှာတော့ အနည်းငယ်အားနည်းပါတယ်။ အဓိကတော့ သွေးပေါင်ကျ တာမျိုးဖြစ်လွယ်ပါတယ်။

မိန်းကလေးတွေဓမ္မတာနဲ့ပက်သက်သောရောဂါတွေရလွယ်ပါတယ်။ ဒီကာလမှာတစ်ခု သတိပေးချင်တာက စကား ပြောနည်းတာအကောင်းဆုံးပါပဲ။ အသံကြောင့် ဖားသေဆိုတာမျိုးဖြစ်တတ်လို့ပါ။ အဆင်မပြေခက်ခဲနေတဲ့ ဆရာသမားတွေကိုကူ ညီထောက်ပံ့ခွင့်တွေရလာတတ်ပါတယ်။အချစ်ရေးမှာတော့သည်းခံ နိုင်မှပြေလည်ပါလိမ့် မယ်။ အိမ်ထောင်ရေးအညံ့အဆိုးတွေကိုရင်ဆိုင်ရတတ်ပါတယ်။ ပညာရေးကံအထူးကောင်း နေမည်။စာမေးပွဲတွေ၊ အင်တာဗျူးတွေရလဒ်ကောင်းနေတတ်ပါတယ်။

အကျိုးပေးဂဏန်း – 2/5/9
အထူးဟော – စိတ်ပင်ပန်းရမည်။
ယတြာ – သပြေပန်းဘုရားကပ်လှူဆုတောင်းပါ။

သောကြာသားသမီးများ

ဘေးပတ်ဝန်းကျင်က မနာလိုဖြစ်လောက်အောင်ကိုပဲ လုပ်ငန်းတွေ အောင်မြင်ပြီး ငွေများ ရွှင်လာရတတ် ပါတယ်။ အောင်မြင်မှုကြီးတွေ၊ ဝမ်းသာစရာကြီးတွေ ကြုံတွေ့ရတတ်ပါတယ်။ ရာထူးတိုး၊ ဝင်ငွေတိုး၊ ထီပေါက်၊ မဲပေါက်၊ ဆုရသလိုမျိုး ကံထူးတတ်ပါတယ်။ ဦးတည်ချက်သစ်နှင့် ဆောင်ရွက် ခြင်းတို့မှ အကျိုးဆက်ကောင်းများ ဖြစ်ပေါ်လာမည်။ ကိုယ်စွမ်းကိုယ်စကို အသုံးချ၍ ဘဝတိုးတတ်မည်။ လုပ်ငန်းခွင်မှသူများ ရာထူးတိုးတတ်မည်။ ရပ်ဝေးက ဝမ်းသာစရာ ဧည့်သည်များ ရောက်ရှိလာတတ်ပါသည်။ အဖိုးတန်ပစ္စည်းများ အရောင်း အဝယ်ကိစ္စများ အဆင်ပြေ အောင်မြင်မည်။ နေရာ ထိုင်ခင်းကိစ္စ၊ အဆောက်အအုံ ကိစ္စတွေ၊ ဆုံးဖြတ်ရခက်နေတဲ့ အခြေအနေ မျိုးတွေလည်း ကြုံတွေ့နေရတတ်ပါသည်။ အောက်လက်ငယ်သားများ အတွက် ဝမ်းမြောက်ကြည်နူး ရလိမ့်မည်။

ကျန်းမာရေးကတော့ လူငယ်တွေလူလတ်ပိုင်း တွေအညံ့နည်းပါတယ်။ အသက်အရွယ်ကြီးရင့်သူတွေနာမကျန်းဖြစ် ရင်တော့ ချက်ချင်းသေချာကုသမှုခံယူပါ။ အချစ်ရေးမှာတော့ အညံ့အဆိုးနည်းပေမဲ့ ကိုယ့်အလုပ်နဲ့ကို သူကိုလဲ ဂရုမစိုက်နိုင်ဖြစ်ရတတ်ပါတယ်။ ချစ်သူမရှိသေးသူများကတော့ အချစ်သစ်နှင့် ဆုံစည်းခွင့် ရရှိ၍ သာယာပျော် ရွှင်ချမ်းမြေ့ ရပေမည်။အိမ်ထောင် ရေးကတော့ အဆင်ပြေသာယာပါလိမ့်မယ်။ ပညာရေးမှာတော့ ကြိုးစားမှုတွေက အရာ မရောက်သလိုဖြစ်နေမည်။

အကျိုးပေးဂဏန်း – 1/3/7
အထူးဟော – ကံမြင့်မားနေမည်။
ယတြာ – ထိုးမုန့်ဘုရားကပ်လှူပြီးလိုရာဆုတောင်းပါ။

စနေသားသမီးများ

အလောတကြီး ဆုံးဖြတ်မိခြင်းများကြောင့် အခက်အခဲများ ကြုံတွေ့ရနိုင်ပါသည်။ အပေါင်းအသင်း၊ မိတ် သင်္ဂဟကြောင့်အလုပ်အကြံအစည်များနှောင့်နှေးနေမည်။တွဲဖက်ဆောင်ရွက်သောသူ များ၏ မရိုးသားသောကြောင့် ပြဿနာများ ဖြေရှင်းပေးရတတ်သည်။ အိမ်ရှိအသက်အရွယ်ကြီးသူများ၏ ကျန်းမာရေးအညံ့များ ကြုံမည်။ ညာခြေ၊ ညာလက်တွင် မတော်တဆ ထိခိုက်မှုများ ဖြစ်စေရတတ်ပါသည်။ အရပ်ဝေးနှင့် ဆက်ဆံဆောင်ရွက်သော ကိစ္စများမှ ထူးခြားသော အောင်မြင်မှုများ ဖြစ်ပေါ်လာမည်။

တစ်ရပ်တစ်ကျေးက ဆွေမျိုးမိတ်ဆွေတစ်ဦးရဲ့ အသည်း အသန်ဖြစ်နေတဲ့ သတင်းများလည်း ကြားသိရတတ်ပါတယ်။ ပညာရေးကိစ္စ၊ သင်တန်းကိစ္စတွေမှာလည်း ထူးထူး ချွန်ချွန် အောင်မြင်မှု တွေလည်း ကြုံတွေ့နေရတတ်ပါတယ်။ ရန်အပြိုင်အဆိုင်များ၊ မနာလိုသူများကို ကျော်လွှားပြီး အလိုရှိရာသို့ ဆောင်ရွက်အဆင်ပြေမည်။

ကျန်းမာရေးကတော့အလွန်ကောင်းပါတယ်။ စားဝင်အိပ်ပျော်ပြီးနေသာ ထိုင်သာရှိပါလိမ့်မယ်။ အချစ်ရေးကတော့ ပန်းခင်းသောလမ်းမဟုတ်ပါဘူး။ အိမ်ထောင်ရေးကိစ္စတွေမှာတော့မိမိ ရဲ့သဘောထားကြီးမှုကြောင့်အဆင်ပြေပါလိမ့်မယ်။ ရပ်ဝေးသွားပြီးပညာရှာလို့ကောင်းတဲ့ကာလပါပဲ။

အကျိုးပေးဂဏန်း – 3/4/6
အထူးဟော – စိတ်ချမ်းသာစရာတွေပဲကြုံနေရမည်။
ယတြာ – ခင်ပွန်းကြီးဆယ်ပါးကိုရည်မှန်းပြီးဘုရားမှာဆွမ်းကပ်ပါ။

ခုနှစ်ရက် သားသမီးအပေါင်း ရန်သူမျိုးငါးပါး ဘေးနှင့် ကပ်သုံးပါးဘေးမှ ကင်းဝေးနိုင်ကြပါစေ။

ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)
0977 5555 695
0944 5555 695