ကပ်ရောဂါအတွင်း နေမကောင်း ဖြစ်ခဲ့သော် ဆရာဇင်ယော်နီ ပေးတဲ့ ဂမ္ဘီရ နည်းလမ်း

ဥုမ်ဖွဥုမ်ဖွ နာလန်ထ (ဇင်ယော်နီပေးတဲ့ဂမ္ဘီရလက်ဆောင်)

တနင်္ဂနွေသားသမီး နေထိုင်မကောင်းဖြစ်သော် …အိပ်ယာအောက်(ခြေထောက်အောက်မှာ) ဆလတ် ၇ ညွန့် ထည့်အိပ်ပါ။ နောက်နေ့မနက် အခြာတစ်ယောက်ယောက်က ထုတ်ယူပြီး အိမ်၏(အိပ်သောနေရာ၏) တောင်အရပ်မှာစွန့်ပါ။

တနင်္လာသားသမီး နေထိုင်မကောင်းဖြစ်သော် …အိပ်ယာအောက်(ခြေထောက်အောက်မှာ) ပရုပ် ၉ လုံး ထည့်အိပ်ပါ။ နောက်နေ့မနက် အခြားတစ်ယောက်ယောက်က ထုတ်ယူပြီး အိမ်၏(အိပ်သောနေရာ၏) အနောက်တောင်အရပ်မှာစွန့်ပါ။

အင်္ဂါသားသမီး နေထိုင်မကောင်းဖြစ်သော် … အိပ်ယာအောက်(ခြေထောက်အောက်မှာ) သပြေ ၁၁ ညွန့် ထည့်အိပ်ပါ။ နောက်နေ့မနက် အခြားတစ်ယောက်ယောက်က ထုတ်ယူပြီး အိမ်၏(အိပ်သောနေရာ၏) အနောက်အရပ်မှာစွန့်ပါ။

ဗုဒ္ဓဟူးသားသမီး နေထိုင်မကောင်းဖြစ်သော် … အိပ်ယာအောက်(ခြေထောက်အောက်မှာ) နှင်းဆီ ၇ ပွင့်+သ‌ပြေ ၆ ညွန့် ထည့်အိပ်ပါ။ နောက်နေ့မနက် အခြားတစ်ယောက်ယောက်က ထုတ်ယူပြီး အိမ်၏ (အိပ်သောနေရာ၏) အနောက်မြောက်အရပ်မှာစွန့်ပါ။

ကြာသပတေးသားသမီး နေထိုင်မကောင်းဖြစ်သော် … အိပ်ယာအောက်(ခြေထောက်အောက်မှာ) နှင်းဆီ ၇ ပွင့်+အုန်း ၁ ညွန့် ထည့်အိပ်ပါ။ နောက်နေ့မနက် အခြားတစ်ယောက်ယောက်က ထုတ်ယူပြီး အိမ်၏(အိပ်သောနေရာ၏) အရှေ့မြောက်အရပ်မှာစွန့်ပါ။

သောကြာသားသမီး နေထိုင်မကောင်းဖြစ်သော် … အိပ်ယာအောက်(ခြေထောက်အောက်မှာ) ကွမ်း ၂ ရွက်+အုန်း ၁ ညွန့် ထည့်အိပ်ပါ။ နောက်နေ့မနက် အခြားတစ်ယောက်ယောက်က ထုတ်ယူပြီး အိမ်၏ (အိပ်သောနေရာ၏) အရှေ့တောင်အရပ်မှာစွန့်ပါ။

စနေသားသမီး နေထိုင်မကောင်းဖြစ်သော် … အိပ်ယာအောက်(ခြေထောက်အောက်မှာ) ကန်စွန်း ၅ ညွန့် ထည့်အိပ်ပါ။ နောက်နေ့မနက် အခြားတစ်ယောက်ယောက်က ထုတ်ယူပြီး အိမ်၏ (အိပ်သောနေရာ၏) မြောက်အရပ်မှာစွန့်ပါ။

(အရေးကြီးလျှင် ညစဉ်ပြုလုပ်ပေးကြပါ။ စွန့်ပစ်ရန် အရပ်မျက်နှာ ခက်ခဲနေလျှင် အမှိုက်ပုံမှာသာ သွားပစ်လိုက်ပါလေ)

ဘေးကင်းကျန်းမာကြပါစေ …

ဇင်ယော်နီ ၂၀၂၁ ဇူလိုင် ၂၉။