ခုနှစ်ရက် သားသမီးများအတွက် ၂၀၂၁ ခုနှစ် ဩဂုတ်လ ၁၂ ရက်မှ ၁၈ ရက်နေ့အထိ ဟောစာတမ်း

🏵️တနင်္ဂနွေသားသမီးများ🏵️

ဒီကာလအတွင်းမှာ စိတ်ထဲလိုချင်တာတွေပြည့်ဝလာတတ်ပါတယ်။ မိမိတို့တောင်းဆုတွေပြည့်လာတတ်ပါ တယ်။ ကူညီမဲ့သူ၊မစမဲ့သူတွေပေါ်လာတတ်ပါတယ်။ အကြီးအကဲတွေနဲ့ အချိတ်အဆက်မိမိ အလုပ်လုပ်နိုင်ပါလိမ့်မယ်။ ကျန်းမာရေးမှာတော့ မကျန်းမာသူတွေ၊ ဝေဒနာပြင်းထန်စွာခံစားရသူတွေ ကောင်းစွာနေပြန်ကောင်းလာတတ်ပါတယ်။ ကျန်းမာရေးအထူးစိတ်ပူဖို့မလိုသေးပါဘူး။

အလုပ်ဟောင်းတွေ အလုပ်ပြန်ခေါ်တာမျိုး၊ မိတ်ဆွေဟောင်းတွေနဲ့ပြန်ဆုံပြီး မိမိအခက်အခဲကိုဖြေရှင်းပေးသွားတာမျိုးတွေကြုံဆုံရတတ်ပါတယ်။ ဒီကာလတွေမှာ သတိထားရမှာက အိမ်ထောင် ဘက်ရဲ့ကျန်းမာရေးနဲ့ သူစိတ်နဲ့ကိုယ်စိတ်မတိုက်ဆိုင်တာများနေတာကို သတိထားကိုင်တွယ်တတ်ဖို့ပါ။ ငွေရှာရလွယ်ပေ မဲ့ ငွေမမြဲတဲ့ကာလတွေပါပဲ။ တစ်ခုသတိထားရမှာက လောင်းကစားလုပ်မိရင် အရှုံးကြီး ရှုံးတတ်ပါတယ်။

ကျန်းမာရေး အားနည်းသူတွေကိုယ့်အိမ်လာတည်းပြီး ဆေးလာကုရင် ရောဂါက ပိုသည်းသွားတတ်ပါတယ်။ ရပ်ဝေးသွားတဲ့ကိစ္စတွေ ရပ်ဝေးကနေ ချိတ်ဆက်လုပ်တဲ့အလုပ်တွေ နိုင်ငံခြားသားနဲ့ဆက်စပ်လုပ်ကိုင်ရတဲ့အလုပ်တွေအဆင်မပြေဖြစ်ရတတ်ပါ တယ်။ အချစ်ရေးမှာတော့ ချစ်သူဟောင်းနဲ့ပြတ်သွားပြီး ချစ်သူသစ်ရတာမျိုးတွေ မထင်မှတ်တဲ့ အပြောင်းအလဲတွေ ဖြစ်လာရတတ်ပါတယ်။ ပညာရေးအတွက် ကြိုးစားသမျှအရာမထင်သေးပါဘူး။

အကျိုးပေးဂဏန်း – ၁၊၄၊၈
အထူးဟော – တောင်းဆုတွေပြည့်မည်။
ယတြာ – ငါးကြော်နှင့်ဘုရားရှင်ကိုဆွမ်းကပ်ပါ

🏵️တနင်္လာသားသမီးများ🏵️

စိတ်ပူစရာ၊ကြောင့်ကြစိုက်စရာလေးတွေတော့ များနေတတ်ပါတယ်။ သံယောဇဉ်နဲ့ပတ်သက်ပြီး ခံစားရတဲ့ကိစ္စ တွေက ဒီကာလမှာပြင်းထန်တတ်ပါတယ်။ ငွေကိုလွယ်လွယ်မသုံးမိပါစေနဲ့။ မလိုအပ်ဘဲ အပိုကုန်တာတွေလဲ များနေရ တတ်ပါတယ်။ အပြီးမသတ်သေးတဲ့ကိစ္စတွေ၊ အဆုံးမသတ်ရသေးတဲ့အလုပ်ကြွေးတွေပြီးသွားနိုင်တဲ့ကာလပါပဲ။ ကတိ စကားလွယ်လွယ်မပေးမိပါစေနဲ့။ ပေးတဲ့ကတိတည်ဖို့လွန်စွာမှခက်ခဲပါလိမ့်မယ်။

စက်ပစ္စည်း လျှပ်စစ်ပစ္စည်းဝယ်မယ် ဆိုရင် တစ်ခါတည်းစမ်းသပ်ပြီး ကောင်းမကောင်းစစ်ပါ။ အလွယ်မစစ်ဘဲ မဝယ်မိပါစေနဲ့။ အကြံအစည်၊ ဘဝတိုးတတ် ရေးကိစ္စတွေအတွက် ကြီးကြီးမားမားတွေးခေါ်ကြံစည်လို့မကောင်းသေးပါဘူး။လက်တလောလုပ်ရမဲ့အလုပ်တွေ အတွက်ပဲစိတ်နှစ်ထားလိုက်တာအကောင်းဆုံးဖြစ်ပါလိမ့်မယ်။ ကျန်းမာရေးကတော့ ပူဖို့မလိုပေမဲ့ လည်းချောင်းနာတာ အာသီးရောင်တာ အပူအားကြီးတာမျိုးတွေဖြစ်ရတတ်ပါတယ်။

အိမ်ထောင်ရေးမှာတော့ စိတ်ထဲမှာထားသင့်တဲ့မာန၊ မထားသင့်တဲ့မာနတွေကိုခွဲခြားသိဖို့လိုပါတယ်။ တလွဲမာနတွေကြောင့် အိမ်ထောင်ရေးမှာအဆိုးဆုံးအခြေအနေတွေဖြစ် လာရတတ်ပါတယ်။ လွတ်လပ်မှု၊ပျော်ရွှင်မှု၊ အလိုလိုက်မှုကို သိပ်လိုချင်တဲ့ ချစ်သူမျိုးကိုရထားသူတွေကတော့ဒီကာလ မှာချစ်သူရဲ့ဆန္ဒကိုမဖြည့်ဆည်းပေးနိုင်တာမို့ ပြဿနာလေးတွေဖြစ်ရတတ်ပါတယ်။

အကျိုးပေးဂဏန်း – ၂၊၅၊၄
အထူးဟော – အလုပ်တွေများနေတတ်သည်။
ယတြာ – ငါးစာ၊ငှက်စာကျွေးပါ

🏵️အင်္ဂါသားသမီးများ🏵️

ရှေ့တိုးဆောင်ရွက်ပြီးအရာရာကို ပြင်းပြင်းထန်ထန်လုပ်ချင်စိတ်ရှိပေမဲ့…ငွေအားလူအားမလိုက်နိုင်တာမျိုးတွေ ဖြစ်နေရတတ်ပါတယ်။ ဒါကြောင့် ချင့်ချင့်ချိန်ချိန်သာလုပ်ပါ။ မနိုင်ဝန်တွေမထမ်းမိအောင်လို့ သတိထားဆောင်ရွက်ပါ။ မိမိမှာရှိတဲ့ စက်၊ကား၊ကွန်ပျူတာ၊ဖုန်းစတာတွေ ခြူခြာနိုင်တာကိုတွေ့ရတယ်။ပျက်ရင်တောင်ပြင်ဖို့ အခက်အခဲတွေရှိ နေတတ်တာကိုတွေ့ရပါတယ်။ကျန်းမာရေးကတော့ လွယ်လွယ်ကူကူမဟုတ်ပေမဲ့ နေကောင်း၊ကျန်းမာလာပြီလို့ပြောလို့ ရတဲ့ကာလပါပဲ။

ကျန်းမာရေးအတွက်ဝေဒနာတွေခံစားနေရလဲ နလန်ပြန်ထလာပြီလို့ပြောချင်ပါတယ်။ ငွေကတော့ အလွန်အထွက်များတဲ့ကာလပါပဲ။ လူမှုရေး၊ကျန်းမာရေးကြောင့် ငွေကုန်ကြေးကျများနေရတတ်ပါတယ်။ ငွေကြေးနဲ့ ကံ တစ်ခုကောင်းတာက ဝင်စရာရှိတဲ့ငွေတွေလဲ ဝင်လာတတ်ပါတယ်။ လူမှုရေးကိစ္စ ပေါင်းသင်းဆက်ဆံရေးကိစ္စတွေမှာ ကိုယ့်ဘက်ပါအောင် ကိုယ်ပြောသမျှနားလည်လက်ခံနိုင်အောင်စည်းရုံးနိုင်မဲ့ကာလပါပဲ။

အချစ်ရေးအတွက်စိတ်ချမ်းသာ ရမယ်။ ချစ်သူမရှိသေးသူများချစ်သူသစ်ရတတ်ပါတယ်။ အချစ်ရေးအတွက်ကူညီမဲ့သူတွေလဲ ရှိလာတတ်ပါတယ်။ အိမ်ထောင်ရေးကိစ္စတွေမှာ ထင်သလောက်အဆင်မပြေပါ။ အိမ်ထောင်ဘက်နဲ့အလုပ်ကြောင့်ဖြစ်စေ အခြားကိစ္စကြောင့် ဖြစ်စေခွဲနေရတတ်ပါတယ်။ပညာရေးမှာတော့ စိတ်ရှည်ဖို့လိုပါတယ်။

အကျိုးပေးဂဏန်း – ၃၊၆၊၉
အထူးဟော – ငွေကံအားနည်းမယ်။
ယတြာ – ငွေ ၂၀၀ခန့် ပံ့သကူပစ်ပါ။

🏵️ဗုဒ္ဓဟူး/ရာဟု သားသမီးများ🏵️

ဒီကာလအတွင်း မိမိလုပ်ငန်းတွေပြန်လည်ဦးမော့လာတတ်ပါတယ်။ အလုပ်အကိုင်အခွင့်အလမ်းတွေပေါ်လာ တတ်ပါတယ်။ အလုပ်ရှာနေသူများ အလုပ်သစ်၊စီးပွားသစ်ရနိုင်ပါတယ်။ တစ်ခုသတိထားရမှာကကြီးမားတဲ့ရင်းနှီးမြုပ် နှံမှုတွေကိုတော့ မလုပ်မိဖို့ လိုပါအပ်တယ်။ ကုန်တွေလှောင်လို့မကောင်းသေးပါ။

ကျန်းမာရေးကတော့ ထင်ထားသည် ထက်ပိုမိုအားနည်းစွာ ရပ်တည်နေပါတယ်။ ကျန်းမာရေးကိုအထူးဂရုစိုက်ပေးစေချင်ပါတယ်။သွေးပေါင်ကျတာ၊ရုတ်တ ရက်သွေးတိုးတာတွေကို ဂရုစိုက်ပေးဖို့လိုပါတယ်။ ကျန်းမာရေးအတွက်စိတ်ဖိစီးမှုတွေလျှော့ချထားဖို့လိုပါလိမ့်မယ်။ လူအများနဲ့တွဲဖက်လုပ်ရတဲ့အလုပ်တွေ၊စပ်တူအလုပ်တွေ အကျိုးမပေးသေးပါဘူး။ ကိုယ့်စိတ်ကူး၊ကိုယ့်အကြံနဲ့ကိုယ် ထူ ကိုယ်ထသာဆောင်ရွက်လုပ်ကိုင်ပါ။

အချစ်ရေးကိစ္စတွေမှာတော့ ချစ်သူခင်သူတွေပေါများပါလိမ့်မယ်။ ဒါပေမဲ့ တကယ်ကိုယ်ချစ်သူနဲ့ကတော့ ပဋိပက္ခလေး အနည်းငယ်ရှိနေနိုင်ပါတယ်။ အိမ်ထောင်ရေးကတော့ ငွေကြေးနဲ့ဆက်နွယ် ပြီး အိမ်ထောင်ဘက်နဲ့စကားများပြဿနာဖြစ်ရတတ်ပါတယ်။ အပေါင်းအသင်းမိတ်ဆွေတွေဆီကဖြစ်စေ၊ဆွေမျိုးသား ချင်းတွေဆီကဖြစ်စေ အကူအညီကောင်းတွေရလာတတ်ပါတယ်။ ပညာရေးမှာတော့ ကျောင်းပညာထက် အလုပ်တိုး တက်စေဖို့ အထောက်အကူဖြစ်စေမဲ့ပညာရေးကံအားကောင်းပါတယ်။

အကျိုးပေးဂဏန်း – ၈၊၇၊၀
အထူးဟော – ကံမြင့်မားနေမယ်။
ယတြာ – ကိတ်ခြောက်ဝယ်ပြီး လူကြီးသူမတစ်ဦးဦးကိုလှူလိုက်ပါ။

🏵️ကြာသပတေးသားသမီးများ🏵️

ဘာဖြစ်ချင်နေလဲ။ ဘာလုပ်ချင်နေတာလဲ ဆိုတာကိုဦးစားမပေးဘဲ လုပ်သင့်တာတွေကိုဦးစားပေးလိုက်ပါ။ ဒီကာလကအချိန်ကိုကောင်းစွာစီမံခန့်ခွဲနိုင်မှတော်ကာကျပါလိမ့်မယ်။ အလုပ်တွေကို မနိုင်ဝန်မဖြစ်ပါစေနဲ့။ တစ်နေ့ အလုပ်တစ်နေ့ပြီးအောင်လုပ်ပါ။ ပစ္စည်းအော်ဒါများအချိန်မှီမပို့နိုင်တာကြောင့်နာမည်ပျက်တတ်ပါတယ်။ အကြီး အကဲဆရာသမားတွေကျန်းမာရေးညံ့နေတတ်ပါတယ်။

ငွေကြေးဝန်ဆောင်မှုလုပ်ငန်းများ၊ အလုပ်မှာ မိမိက ငွေကိုင်လုပ်ရသူများ ငွေအပေးအယူကိစ္စတွေမှာ အငြင်းပွားဖွယ်ရာကြုံရတတ်ပါတယ်။ သတိထားစေချင်ပါတယ်။ ခရီးသွားဖို့ ကြုံပါက ယရလ၀ နဲ့စတဲ့မြို့တွေသွားရမယ်ဆိုရင်တော့ အလွန်မှအခက်အခဲများတတ်ပါတယ်။ စပ်တူ လုပ်ကိုင်တဲ့အလုပ်ရှင်များ ငွေကြေးစာရင်းဇယားကိုရှင်းလင်းစွာလုပ်ထားစေချင်ပါတယ်။ကျန်းမာရေးကတော့အညံ့ ကတော့ များနေတတ်ပါတယ်။ ရောဂါနာမည်တပ်မရပေမဲ့တရှောင်ရှောင်ဖြစ်နေတတ်ပါတယ်။

အချစ်ရေးကံမြင့်မား နေပါတယ်။ ချစ်သူမရှိသေးသူများလဲချစ်သူသစ်ရလွယ်နေတာကိုတွေ့ရပါတယ်။ အိမ်ထောင်ရေးလဲ အညံ့အဆိုး မရှိသလောက်နည်းပါတယ်။ ပညာရေးကတော့ အညံ့ဆုံးအချိန်ပါ။ ရင်လောက်မှန်းမှ ဒူးလောက်တင်မဲ့ကာလပါ။

အကျိုးပေးဂဏန်း – ၂၊၇၊ဝ
အထူးဟော – အရာရာ တွက်ဆပြီးမှလုပ်ကိုင်ဆောင်ရွက်ပါ။
ယတြာ – ငါးသေတ္တာဟင်းချက်ပြီး ရဟန်းသံဃာတွေကိုလောင်းလှူလိုက်ပါ။

🏵️သောကြာသားသမီးများ🏵️

ဒီကာလအတွင်း အနည်းငယ်စိတ်တိုဒေါသထွက်စရာတွေကြုံနေရတတ်ပါတယ်။မျက်စိရှေ့မြင်သမျှလဲ စိတ် တိုင်း မကျစရာတွေဖြစ်နေတတ်တယ်။စက်ကားမောင်းသူများ ယာဉ်စည်းကမ်း၊လမ်းစည်းကမ်းမလိုက်နာမှုကြောင့် အရေး ယူခံရတတ်ပါတယ်။ ရွှေဝယ်ဖို့မသင့်ပေမဲ့ ရွှေရောင်း ချင်တယ်ဆိုရင်တော့ဒီကာလသင့်ပါတယ်။ အလုပ်လျှောက် ထားသူများ အလုပ်ရ လွယ်ပါတယ်။

ကုန်သည်အလုပ်များ အဆင်ပြေတတ်ပါတယ်။ ကျန်းမာရေးကတော့ အညံ့သိပ် မတွေ့ပါဘူး။ ဝမ်း မကောင်းသလိုတော့ဖြစ်တတ်ပါတယ်။ လုပ်ချင်နေတဲ့ကိစ္စတွေက လုပ်ခွင့်မရဘဲ နှောင့်နှေးကြန့် ကြာမှုတွေ ဖြစ်နေတတ် ပါတယ်။ ရှောင်လွှဲလို့မရတဲ့ လူမှုရေးကိစ္စတွေကြုံရတတ်ပါတယ်။ ကိုယ်ဝန်ဆောင်သည်များ တတ်နိုင်သမျှအသွား အလာသတိထားပါ။ မိုးတွင်းကာလမို့ချော်လဲ တတ်လို့ပါပဲ။ ရပ်ဝေးကဧည့်ဆိုးတွေ ရောက်လာ တတ်ပါတယ်။မိမိအတွက် အိမ်မကပ် ရသလို အလုပ်ထဲလဲစိတ်နှစ် လို့မရတာမျိုးတွေဖြစ်ရတတ်ပါတယ်။

အလုပ်မှာ တော့ အထက်လူကြီးကို ကလန်ကဆန် မလုပ်မိပါစေနဲ့။ တတ်နိုင် သမျှသူပြောတာကငြင်းဆန်ရမဲ့ကိစ္စဆိုရင်တောင်မှ အေးဆေးပြောပြီး ငြင်းဆန်လိုက်ပါ။ အချစ်ရေးမှာတော့ ချစ်သူရဲ့ အားပေးစကားတွေ၊ကြင်နာမှုတွေရပါလိမ့်မယ်။ အိမ်ထောင်ရေး ပိုမိုအညံ့များနေတတ် ပါ တယ်။ ပညာရေးအခက်အခဲများပါတယ်။

အကျိုးပေးဂဏန်း – ၁၊၈၊၆
အထူးဟော – စိတ်အနည်းရှုပ်ရတတ်ပါတယ်။
ယတြာ – အသုပ်စုံတစ်ပွဲဘုရားကပ်လှူလိုက်ပါ။

🏵️စနေသားသမီးများ🏵️

ဘာပဲဖြစ်ဖြစ် မိမိမစဉ်းစားဘဲလုပ်ရင်တောင်မှလမ်းမှန်ကို ရောက်တတ်ပါတယ်။ သွားလိုတဲ့ခရီးမျိုးတွေကို တော့ ကောင်းစွာသွားခွင့်ကြုံရတတ်ပါတယ်။ ခရီးတိုလေးတွေနေ့ ချင်းပြန်ခရီးလေးတွေ သွားရတတ်ပါတယ်။ စီမံ အုပ်ချုပ်သူများ အောက်လက်ငယ်သားတွေကိုကောင်းစွာစည်းရုံး သိမ်းသွင်းနိုင်ပါလိမ့် မယ်။အလုပ်ကိုစနစ်တကျ လုပ် ကိုင်နိုင်တာကြောင့်အလုပ်အကြွေးတွေရှိရင် ပြီးသွားပါလိမ့်မယ်။

မီးဖိုချောင် ပစ္စည်းများ၊ဆန်ဆီစတဲ့ စားသောက် ကုန်များ ဝယ်မယ်ဆိုဒီကာလကအထူးကောင်းပါတယ်။မိမိစိတ်ကိုယ်က လုပ်ချင်ကိုင်ချင်စိတ်များနေတတ်ပါတယ်။ ပျင်းရိတတ်သူတောင် တတ်တတ်ကြွကြွလုပ် ကိုင်နေမိတတ်ပါတယ်။ ဒါကြောင့် ကိုယ်ပိုင် အလုပ်များသိသာထင်ရှား စွာတိုးတတ်နိုင်ပါတယ်။ ဝန်ထမ်းများ အချိန် မဖြုန်းဘဲ အလုပ်အပေါ်ပဲစိတ်နှစ် လုပ်ကိုင်တာကြောင့် အများရဲ့အသိ အမှတ်ပြုခြင်း၊ အထက်လူကြီးသတိထားမိ ခြင်းကိုခံရတတ်ပါတယ်။ ကျန်းမာရေး အညံ့မရှိပါဘူး။

ဖြစ်နေတဲ့ရောဂါ တွေလဲစတင်ပြီး လျော့ပါးသက်သာလာတော့မှာဖြစ်ပါတယ်။အချစ်ရေးမှာတော့ စိတ်အပြောင်းအလဲမြန်တဲ့ ချစ်သူ ကြောင့်စိတ်ညစ်ရတတ်ပါတယ်။ အိမ်ထောင် ရေးကတော့ အိမ်ထောင်ဘက်ကျန်းမာရေးညံ့နေတတ်ပါ တယ်။ပညာရေး အထူးကောင်းနေချိန်ပါပဲ။

အကျိုးပေးဂဏန်း – ဝ၊၃၊၅
အထူးဟော – အလုပ်စီးပွားကောင်းမွန်တိုးတတ်ပါလိမ့်မယ်။
ယတြာ – ထမင်းသုပ်ဘုရားကပ်လှူဆုတောင်းပါ။

ခုနှစ်ရက် သားသမီးအပေါင်း ရန်သူမျိုးငါးပါး ဘေးမှ ကင်းဝေးနိုင်ကြပါစေ။

ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)
0977 5555 695