ခုနှစ်ရက် သားသမီးများအတွက် ၂၆.၈.၂၀၂၁ မှ ၁.၉.၂၀၂၁ အထိ ဟောစာတမ်း

🏵️တနင်္ဂနွေသားသမီးများ🏵️

ဒီကာလအတွင်းဖြတ်သန်းရမဲ့အချိန်တွေမှာ သတိဆိုတာကိုအမြဲကပ်ထားဖို့လုပ်ငန်းခွင်အတွင်းအတိမ်း အစောင်းအမှားအယွင်းလေးတွေများနေတတ်ပါတယ်။အလုပ်နေရာအပြောင်းအလဲတွေ၊အလုပ်နားရတာတွေဖြစ်ရတတ်ပါတယ်။ စီးပွားရေးအတွက် ကိုယ်တစ်ယောက်ထဲ မနိုင်လို့အများရှယ်ယာခေါ်တာမျိုး စပ်တူလုပ်တာမျိုးတွေကပိုဆိုးသွားတတ်ပါတယ်။ဆွေမျိုးသားချင်းတွေထဲက ကူညီမဲ့သူတွေပေါ်လာတတ်ပါတယ်။

လေလှိုင်းထဲကနေ စကားနဲ့ ဒုက္ခပေးမဲ့သူတွေနဲ့ကြုံနေရတတ်ပါတယ်။ ဆရာတွေ အကြီးအကဲတွေ၊ လူလေးစားတဲ့ပုဂ္ဂိုလ်တွေအနေနဲ့ ဒီကာလအတွင်း လူအများအထင်အမြင်လွဲစရာ ကိစ္စတွေကြုံနေရတတ်ပါတယ်။ ကျန်းမာရေးအားနည်းချက်အနည်း ငယ်ရှိပါတယ်။ ငန်လွန်းတဲ့အစားအသောက်နှင့် ဝမ်းပျက်စာများအထူးရှောင်လိုက်ပါ။ အချစ်ရေးမှာအနေဝေးနေသူ တွေ အဆင်ပြေကြပေမဲ့ အနေနီးသူတွေ ခဏခဏစကားများရတတ်ပါတယ်။

ရပ်ဝေးခရီးကိစ္စလေးတွေ အခက်အခဲ များတတ်ပါတယ်။ အလှူနဲ့ဆိုင်သောခရီးများရက်ရွှေ့ရတတ်ပါတယ်။ အိမ်ထောင်ရေးသာယာပြေလည်တာများမဲ့ ကာလပါပဲ။ ပညာရေးကိစ္စတွေမှာတော့ ထင်တိုင်းမပေါက်ဖြစ်ရတတ်ပါတယ်။ စိတ်ကူးထားသလို ပညာရေးမှာ ပုံဖော်လို့မရနိုင်သေးပါ။

အကျိုးပေးဂဏန်း – 1/5/6
အထူးဟော – အနည်းငယ်အခက်အခဲလေးတွေကြုံရမယ်။
ယတြာ – ပေါက်ဆီ ၃လုံးဘုရားကပ်ပါ

🏵️တနင်္လာသားသမီးများ🏵️

ကိစ္စများမြောင် လူတို့ဘောင်ဆိုသလိုပဲ တနင်္လာသားသမီးတွေအတွက် အလုပ်များကိစ္စများမဲ့ကာလပါပဲ။ ပိုက်ဆံရမဲ့အလုပ်ရော၊မရဘဲအကျိုးဆောင်ရတဲ့အလုပ်တွေရော ရောလုပ်နေရတတ်ပါတယ်။ ဒီကာလအတွင်း ကျန်း မာရေးမကောင်းသူတွေကို ပြုစုရစောင့်ရှောက်ရတတ်ပါတယ်။ စပ်တူငွေကြေးကိစ္စတွေကိုတော့ရှောင်သင့်တဲ့အချိန် ပါပဲ။

ဒီကာလအတွင်း အထိုင်ချမဲ့ကိစ္စတွေ ဆိုင်သစ်ဖွင့်မှာတွေ၊ အိုးအိမ်သစ်မှာစနေတာတွေအနည်းငယ်အဆင်မပြေဖြစ်ရတတ်ပါတယ်။ ကိုယ်ပိုင်စီးပွားလုပ်ငန်းများ ဝန်ထမ်းတွေကို ကျစ်ကျစ်လစ်လစ် ပြန်လည်ဖွဲ့စည်းသင့်တယ် လို့မြင်ပါတယ်။ လိင်မတူသူတွေဆီကနေဖြစ်စေ၊ မိမိကို တစ်ဖက်သတ်ချစ်ကြိုက်နေသူဆီကဖြစ်စေ အကူအညီတွေ ရလာတတ်ပါတယ်။ အလုပ်မှာ မပျော်သူတွေအတွက်ခဏသည်းခံနေဖို့ ပြောလိုပါတယ်။ အလုပ်သစ်ရှာလဲအဆင် မပြေနိုင်သေးပါ။

ကျန်းမာရေးကတော့ အထူးမညံ့ပေမဲ့ အနေအထိုင် ပေါ့လျော့လိုက်တာနဲ့ ရောဂါဝင်လာတတ်တဲ့ ကာလပါပဲ။ အချစ်ရေး ပြေလည်မှုတွေရရှိလာနိုင်သလို အချစ်ရေးကြောင့်ပဲ စီးပွားရေးမှာတစ်ဖက်တစ်လမ်းက အကျိုးရှိပါလိမ့်မယ်။ အိမ်ထောင်ရေးမှာတော့ အလုပ်ကိစ္စနဲ့ပတ်သက်ပြီး အိမ်ထောင်ဘက်နဲ့စကားများရတတ်ပါ တယ်။ ပညာရှာနေသူများ ပညာရေးအတွက်စိတ်ချမ်းသာပျော်ရွှင်ရပါလိမ့်မယ်။

အကျိုးပေးဂဏန်း – 6/9/0
အထူးဟော – စိတ်ပင်ပန်းစရာလေးတွေအနည်းငယ်ရှိမယ်
ယတြာ – သစ်တော်သီးဘုရားကပ်လှူပေးပါ

🏵️အင်္ဂါသားသမီးများ🏵️

ဒီကာလအတွင်း အဘက်ဘက်ကကံကောင်းမှုတွေဝင်လာတတ်ပါတယ်။ စိတ်ချမ်းသာစရာကိစ္စတွေတစ်ခု ပြီးတစ်ခုကြုံရတတ်ပါတယ်။ ငွေကြေးရစရာရှိတာတွေရလာတတ်ပါတယ်။ငွေရှာနေသူများ ငွေကြေးရပေါက်ရ လမ်းကောင်းတွေကြုံရတတ်ပါတယ်။ စိတ်ထဲမကျေနပ်စရာအစိုင်အခဲတွေပြေပျောက်ပါလိမ့်မယ်။ ခရီးတိုလေးတွေ နေ့ချင်းပြန်ခရီးတွေကြုံနေရတတ်ပါတယ်။

သတိထားစရာကိစ္စကတော့ ကိုယ်အဆင်ပြေလေ လူမုန်းများလေဆိုတာ ပါပဲ။ မိမိကို ပြဿနာရှာမဲ့သူတွေဝိုင်းနေတတ်ပါတယ်။ အလုပ်အကိုင်တွေအနေနဲ့ မိတ်ဟောင်း၊မိတ်သစ်တွေနဲ့ ကောင်းစွာချိတ်ဆက်နိုင်လိမ့်မယ်။သတိထားရမှာက ဒီကာလမှာတစ်ဦးတစ်ယောက်ကိုဆရာတင်မိရင် ဆရာတင် မှားတတ်ပါတယ်။ ဒီကာလအတွင်းမှာ ဆီးဝမ်းသွေးလေမမှန်တာမျိုးဖြစ်တတ်ပါတယ်။ အရေပြားနဲ့ပတ်သက်ပြီး အဖုအပိန့်တွေထွက်လာတာမျိုးဖြစ်နိုင်ပါတယ်။

ကျန်းမာရေးမှာအရမ်းကြီးညံ့နေတာမျိုးတော့ မတွေ့ရနိုင်ပါဘူး။ စက်ပစ္စည်းအသစ်တွေဝယ်ချင်တာဆိုဒီကာလမှာဝယ်တာက ပစ္စည်းကောင်းရနိုင်ပါတယ်။ အချစ်ရေးမှာတော့ ထင်သလောက် အဆင်မပြေဖြစ်ရတတ်ပါတယ်။ ချစ်သူနဲ့လူကြီးတွေကိုအကြောင်းပြုပြီးစကားများရတတ်ပါတယ်။ အိမ်ထောင်ရေးမှာတော့ အရာရာအသုံးမကျဘူးလို့ အိမ်ထောင်ဘက်ကိုထင်နေမိတတ်ပါတယ်။

အကျိုးပေးဂဏန်း – 1/7/3
အထူးဟော – ကံမြင့်မားမှုတွေရှိမယ်။
ယတြာ – အုန်းနို့ခေါက်ဆွဲဘုရားကပ်ပါ

🏵️ဗုဒ္ဓဟူး၊ရာဟု သားသမီးများ🏵️

စိတ်လက်ချမ်းသာစွာနဲ့ ဖြတ်သန်းရမဲ့ကာလတွေပဲဖြစ်ပါတယ်။ မိမိအထိုင်ချချင်တဲ့အလုပ်တွေ၊စီးပွားရေး တွေစတင်လို့ကောင်းပါတယ်။ ငွေကြေးရှာဖွေရလွယ်ကူတာ ချေးရငှားရလွယ်တာ..ရစရာရှိတာတွေပြန်ရတာမျိုး တွေကြုံရတတ်ပါတယ်။ ဒီအပတ်ထဲ အိမ်ပူနေတာတွေ၊ အိမ်တွင်းရေးမပြေလည်တာတွေရှိရင် ညှိနှိုင်းဆောင်ရွက်လို့ အဆင်ပြေပါလိမ့်မယ်။ ငွေရှာလွယ်ပေမဲ့ အသုံးအစွဲအကုန်အကျလေးတွေများနေတတ်ပါတယ်။

လူမှုရေးကိစ္စတွေ မှာ ကူညီခွင့်တွေ၊လှူဒါန်းခွင့်တွေရလာတတ်ပါတယ်။ သားသမီးတွေအတွက် စိတ်ချမ်းသာစရာ သတင်းစကားတွေ ကြားရတတ်ပါတယ်။ ကျက်သရေမင်္ဂလာနှင့်ပြည့်စုံသော ဘာသာရေးကိုးကွယ်ရာပစ္စည်းများဝင်လာရင်ကံအလွန် ကောင်းတတ်ပါတယ်။ စီးပွားရေးကိစ္စတွေမှာတော့ ဆရာသမားတွေနဲ့ စပ်ပြီးလုပ်တဲ့အလုပ်တွေအဆင်မပြေဖြစ်ရ တတ်ပါတယ်။

ကျန်းမာရေးကတော့ အညံ့မရှိသလောက်နည်းပါတယ်။ လက်ရှိကျန်းမာရေးအားနည်းသူတောင် ဆေးကောင်းတွေ့ပြီး နလန်ပြန်ထလာနိုင်ပါတယ်။ အချစ်ရေးမှာတော့ အရာရာပူဆာနေတဲ့ချစ်သူကြောင့် ငွေကုန်နေရ တတ်ပါတယ်။ အိမ်ထောင်ရေးမှာတော့စိတ်ချမ်းသာစရာများပါတယ်။ အိမ်ထောင်ဘက်နဲ့ နားလည်မှုရှိရှိရှေ့ဆက် နိုင်ပါလိမ့်မယ်။ ပညာရေးကံကတော့ အားနည်းချက်များပါတယ်။

အကျိုးပေးဂဏန်း – 1/2/8
အထူးဟော – အကူအညီအထောက်အပံ့ပေါများမယ်
ယတြာ – ပုစွန်ကြော်ဘုရားကပ်လှူပေးပါ

🏵️ကြာသပတေးသားသမီးများ🏵️

တစ်ခါတလေ တွေးထားတာတွေမဖြစ်ဘဲ မရည်ရွယ်တာတွေဖြစ်လာတတ်တဲ့ကာလပါပဲ။မထင်မှတ်တဲ့ အပြောင်းအလဲတွေကြုံလာရတတ်ပါတယ်။ ထိုပြောင်းလဲခြင်းက အချို့သူတွေအတွက် ကောင်းသောပြောင်းလဲခြင်း ဖြစ်ပေမဲ့ အချို့အတွက် ဆိုးဖို့ဖြစ်လာနိုင်ပါတယ်။ ဂြိုဟ်တူတွေပူးနေတဲ့အချိန်ကာလဖြစ်တာမို့ ကံကြမ္မာအတိုင်း မီးစင်ပြီးကဖို့လိုပါတယ်။ စိတ်ထဲထင်ရာလုပ်လေ အမှားများလေကြုံရတတ်ပါတယ်။

ငွေကြေးစီမံခန့်ခွဲနိုင်မှု ကိုယ် တိုင်ကအားနည်းတတ်ပါတယ်။ ငွေကို မသုံးသင့်တဲ့နေရာမှာသုံးမိနေပြီးတော့ သုံးသင့်တဲ့နေရာမှာတော့ မသုံးမိဖြစ် နေတတ်ပါတယ်။ ကြီးပွားတိုးတတ်ရေးကိစ္စတွေမှာဖြတ်လမ်းလိုက်တာ၊အောက်ဆိုက်ရှာတာ လောင်းကစားလုပ် တာမျိုးတွေအထူးရှောင်ပါ။ ငွေကိုလူငယ်တွေအနေနဲ့အပျော်အပါးအတွက်သုံးတာမျိုးအထူးရှောင်လိုက်စေချင်ပါ တယ်။ ခင်မင်သူတွေ ရင်းနှီးသူတွေဆီက အကူအညီတွေရလာတတ်ပါတယ်။ အလုပ်ရှာနေသူများ အင်တာဗျူးအောင်ပြီးအလုပ်ရတတ်ပါတယ်။

အချစ်ရေးအတွက် ကောင်းသောအတွေးအခေါ်အမြင်သစ်တွေရလာမယ်။ ချစ်သူပေါ်ကောင်းသောအမြင်တွေရလာတတ်ပါတယ်။ အိမ်ထောင်ရေးမှာလဲ အဆင်မပြေတဲ့ အိမ်ထောင်ရေးသောကတွေ ပြန်လည်ပြေလည်ခွင့်ရလာနိုင်ပါတယ်။ ကျန်းမာရေးမှာတော့ ဂရုစိုက်ရမယ်။ ဝမ်းဗိုက်၊အစာအိမ်၊အဆုတ် ၊အသည်း အားနည်းချိန်ပါ။

အကျိုးပေးဂဏန်း – 2/3/5
အထူးဟော – မထင်မှတ်တာတွေဖြစ်လာလိမ့်မယ်။
ယတြာ – ကန်စွန်းရွက်ကြော်နဲ့ဘုရားဆွမ်းကပ်ပါ

🏵️သောကြာသားသမီးများ🏵️

ဒီကာလအတွင်းမိမိအတွက် ဆိုင်အထားအသိုပြောင်းခြင်း၊နေရာထိုင်ခင်းပြင်ဆင်ခြင်းတွေအထူးအလေးပေး ဆောင်ရွက် နိုင်ပါတယ်။မိသားစုအတွင်း ကျန်းမာရေးညံ့တာမျိုးတွေဖြစ်နေတတ်ပါတယ်။ ပြဿနာတွေရှုပ်ထွေးနေပေမဲ့ ဖြေရှင်းနိုင်ပါလိမ့်မယ်။ မရေရာနဲ့ အချိန်ကုန်လူပန်းမဖြစ်အောင်တော့ မိမိကိုယ်တိုင်သတိထားရပါလိမ့်မယ်။ မိမိရဲ့ကျန်းမာရေးကတော့ ဒီကာလမှာ ခြေ ထောက်၊ခါးနဲ့ ပတ်သက်ပြီးဥပဒ်ဖြစ်လွယ်ပါတယ်။

ပစ္စည်းအလဲ အထပ်တွေဆောင်ရွက်နိုင်သလို အရောင်းအဝယ်ကိစ္စ တွေကိုလဲ အထူးပဲအရေးပေးဆောင်ရွက်နိုင်ပါတယ်။ စီးပွားရေးလုပ်ကိုင်ရာမှာတော့ မိမိကိုယ်တိုင်နားလည်ဖို့လို ပါတယ်။ ဟုန်းကနဲထပြီးမအောင်မြင်နိုင်ပါဘူး။ အချိန် ယူကြိုးစားရလိမ့်မယ်။ဘာမှလွယ်လွယ်မရပါဘူး၊ ဇွဲတော့ မလျှော့လိုက်ပါနဲ့။ စီးပွားရေးကံကဒီကာလကောင်းပါ တယ်။ ဒါပေမဲ့စိတ်ရှည်ဖို့လိုတယ်လို့ပြောချင်တာပါ။

အချစ်ရေး ကိစ္စတွေအဆင်ပြေနိုင်ပါတယ်။ ချစ်သူကိုပိုးပန်း နေသူများ အခြေအနေရလဒ်တွေကောင်းပါလိမ့်မယ်။ အိမ်ထောင်ရေးကိစ္စတွေမှာတော့ တစ်ယောက်နဲ့တစ်ယောက် စကားများ ရန်မဖြစ်ဖူးသူတွေ တောင် ကတောက်ကဆတွေများနေရတတ်ပါတယ်။ ပညာရေးကံကောင်းပါတယ်။ ဆရာသမားတွေရဲ့ ဂရုစိုက်သင် ပြမှုကိုလဲ ရရှိပါလိမ့်မယ်။

အကျိုးပေးဂဏန်း – 3/4/8
အထူးဟော – ဖြေးဖြေး အေးအေး သာဆောင်ရွက်လိုက်ပါ
ယတြာ – စတုမတု လူကြီးသူမတစ်ဦးကိုလှူလိုက်ပါ

🏵️စနေသားသမီးများ🏵️

ဒီကာလလအတွင်း အိမ်နီးချင်းတွေနဲ့မသင့်မတင့်ဖြစ်ရတတ်ပါတယ်။ အလုပ်နဲ့ ပတ်သက်ပြီးတော့လဲ အား ကိုးစရာမိမိသာရှိပါတယ်။ အောက်လက် ငယ်သားတွေကို အားကိုးလို့မရပါဘူး။ ပတ်ဝန်း ကျင်မှာလုပ်ငန်းပြိုင်တွေရှိ နေမယ်ဆိုရင်တော့ ပိုမိုစိတ်ညစ်ရတတ်ပါတယ်။

မိသားစုအတွင်း၊လုပ်ငန်းခွင်အတွင်း အထင်မြင်လွဲစရာများပေါ် ပေါက်လာ တတ်ပါတယ်။ အခြေအနေနဲ့ အချိန်အခါကိုစောင့်ဆိုင်းလုပ်ကိုင်ခြင်းတွေ၊ လုပ် ငန်းသစ်များအတွက် ကြိုတင်ပြင်ဆင်ခြင်းများကိုဦးစားပေးဆောင်ရွက်နိုင်ပါတယ်။ အတိုက်အခံတွေများနေတတ် ပါတယ်။ တရားသဖြင့် ပဲပြန်လည်တုန့်ပြန်တတ်ဖို့လိုပါတယ်။ အဝေးရောက်မိတ်ဆွေတွေက မိမိကိုဒုက္ခပေးတာမျိုး တွေခံရတတ်ပါတယ်။

ကျန်းမာရေးညံ့ဖျင်းနိုင်တာမျိုးတော့တွေ့ရပါတယ်။ အစားမှား၊ဆေးမှား၊ဖြစ်လွယ်ပါတယ်။ ရောဂါအဖြေတစ်ခုထဲကို ကောက် ချက်ချပြီး ဆေးစားတာမျိုးမလုပ်ပါနဲ့။ အချစ်ရေးတွေမှာတော့ ချစ်သူနဲ့ဝေးနေရတဲ့အချိန်က ပိုများပါတယ်။ တွေ့ဖို့ဆုံဖို့ခက်ခဲတတ်ပါတယ်။ အိမ်ထောင်ရေးကံကောင်းနေပါလိမ့်မယ်။ အိမ်ထောင်ရေးသာယာအဆင်ပြေပါ လိမ့်မယ်။ အိမ်ထောင် ဘက်ထံမှအကူအညီတွေကောင်းစွာရရှိပါလိမ့်မယ်။ ပညာရေးကတော့ ဒါပေမဲ့မိမိကိုယ်တိုင် ကသင်ယူလိုစိတ်တွေ၊သင်ကြားလိုစိတ်တွေလျော့ရဲနေတတ်ပါတယ်။

အကျိုးပေးဂဏန်း – 4/5/0
အထူးဟော – စီးပွားရေးကိုယ်တိုင်ကိုယ်ကျသာ လုပ်ပါ
ယတြာ – ပြောင်းဖူးကြော်ဘုရားကပ်ပါ

ခုနှစ်ရက် သားသမီးအပေါင်း ရန်သူမျိုးငါးပါးဘေးမှ ကင်းဝေးနိုင်ကြပါစေ။

ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)
0977 5555 695