ခုနှစ်ရက် သားသမီးများအတွက် ၂၀၂၁ ခုနှစ် စက်တင်ဘာလ ၂ ရက်မှ ၈ ရက်နေ့အထိ ဟောစာတမ်း

🏵️တနင်္ဂနွေသားသမီးများ🏵️

စိတ်ထဲကြည်လင်နေသလိုအရာရာအဆင်ပြေမဲ့ကာလဆိုလဲမမှားပါဘူး။ကြီးမားတဲ့မျှော်လင့်ချက်တွေပြည့်ဝတတ်တဲ့ကာလလဲဖြစ်ပါတယ်။ မိဘအကြီးအကဲတွေဆီက အထောက်အပံ့တွေရလာနိုင်သလို လုပ်ငန်းအနာဂတ် အတွက် မျှော်လင့်ချက်ကောင်းတွေရလာနိုင်တဲ့ကာလလဲဖြစ်ပါတယ်။ အားနည်းချက်က ရန်များ၊လူမုန်းများ၊မနာလို သူများတဲ့ကာလပါ။ လုပ်ငန်းခွင်အတွင်း မျက်နှာသာပေးခြင်းခံရသူတွေပိုမိုသတိထားလိုက်ပါ။ ချောက်ချမဲ့သူတွေ ရှိ နေတတ်ပါတယ်။

ငွေကြေးအကြပ်အတည်းဖြစ်နေသူများ သေချာပေါက်ထွက်ပေါက်ရလာမဲ့ကာလလဲဖြစ်ပါတယ်။ အိမ်ထောင်ရေးမှာတော့ အိမ်ထောင်ဘက် ရပ်ဝေးသွားတာ၊ခရီးသွားတာမျိုးတွေကြုံရတတ်ပါတယ်။ ကျန်းမာရေး ကတော့ စိုးရိမ်ပူပန်စိတ်၊တစ်ဦးတစ်ယောက်ကို စိတ်တိုင်းမကျတဲ့စိတ်တွေကြောင့် ရောဂါတိုးလာတတ်ပါတယ်။ တတ်နိုင်သ၍ ဥပေက္ခာတရားနဲ့နေထိုင်သင့်တဲ့ကာလပဲဖြစ်ပါတယ်။

ဒီအချိန်မှာ ဘာမှ အတိုက် အခံ မလုပ်ဘဲစိတ်ကို လျှော့ချ ထားလိုက်ပါ။လုပ်လက်စအလုပ်တွေ မပြီးမပြတ်ဖြစ်နေမယ်။ ပတ်ဝန်း ကျင်နဲ့ လိုက်လျော ညီထွေနေလိုက် တာနဲ့ အစစအဆင်ပြေလာပါလိမ့်မယ်။အချစ်ရေးအဆင်ပြေပါလိမ့်မယ်။ ပညာရေးကတော့ သင်ယူ လွယ်၊ တတ် မြောက်လွယ်တဲ့ကာလပါပဲ။

အကျိုးပေးဂဏန်း – 2/5/4
အထူးဟော – ကံအကောင်းများပါတယ်။
ယတြာ – ထီးနီ(၇)လက်ကို ဘုရားကပ်လှူပါ

🏵️တနင်္လာသားသမီးများ🏵️

တစ်ချိန်ချိန်မှာ ဖြစ်လာမဲ့ကိစ္စကို ကြိုတင်မှန်းဆနိုင်လိမ့်မယ်။ အနာဂတ်ကို တွက်ဆလုပ်ဆောင်ရမဲ့ ကိစ္စတွေ မှာ အကြံကောင်းထွက်လာတတ်တဲ့ကာလပါ။ ဒီကာလမှာ ရလာတဲ့ စိတ်ကူးကောင်း၊အကြံဉာဏ်ကောင်းတွေက သေချာပေါက်အသုံးတည့်ပါလိမ့်မယ်။ ငွေပေးငွေယူ၊ ကြွေးတောင်းကြွေးယူကိစ္စများဆောင်ရွက်လို့အဆင်ပြေမဲ့ကာ လလဲဖြစ်ပါတယ်။

ကျန်းမာရေးဒေါင်ဒေါင်မြည်ကောင်းနေတတ်ပြီး ကျန်းမာရေးအတွက် စိတ်ပူရတဲ့အခြေအနေက နေ လျော့ကျသွားပါလိမ့်မယ်။ တစ်ခုခုကို စတင်တဲ့ကိစ္စတွေကောင်းတယ်။ အိမ်ဆောက်၊ဆိုင်ဆောက်၊ အလုပ်သစ်စ၊ အိမ်အသစ်နေ၊နေရာသစ်ပြောင်း စတဲ့ကိစ္စတွေပေါ့။ခိုင်မာ သေချာတဲ့ ရင်းနှီးမြုပ်နှံမှုတွေကိုစတင်နိုင်မဲ့ ကာလပါပဲ။ မိမိကို တစ်ဖက်သက် စွပ်စွဲပုတ်ခက် ပြောဆိုတာတွေ ကြုံရင်လည်းစိတ်ရှည်ပေး လိုက်ပါ။

သူများနဲ့မတူဘဲ စွန့်ဦး ထီထွင်ကြိုးစားတာမျိုး ကပိုမိုအဆင်ပြေနိုင်ပါတယ်။ စက်ကားများကိုပြုပြင် ထိန်းသိမ်းခြင်း၊အသစ်ဝယ်ခြင်းတွေကို အလေးပေးဆောင် ရွက်နိုင်ပါလိမ့်မယ်။ သတိထားရမှာက အချစ်ရေးမှာ တစ်ယောက်မကချစ်သူရှိသူ တွေ ချစ်သူ တွေ ကိုလှည့်စားနေသူတွေသတိထားပါ။ ကိုယ်ချစ်သူတစ်ယောက်ကပဲ ကိုယ့်ကို ကောင်းကောင်းဒုက္ခ ပေးသွား တတ်ပါတယ်။ အိမ်ထောင်ရေးအဆင်ပြေပေမဲ့ အိမ်ထောင်ဘက်ရဲ့ အလုပ်အကိုင်အဆင်မပြေမှုကြောင့်မိမိ ပါစိတ် ညစ်ရတတ်ပါတယ်။

အကျိုးပေးဂဏန်း – 3/6/5
အထူးဟော – စိတ်ချမ်းသာအောင်နေနိုင်ပါလိမ့်မယ်။
ယတြာ – ဘုရားတစ်ဆူမှာ ရွှေဆိုင်းကပ်လှူပါ။ ပြီးရင်း ခေါင်းလောင်းထိုးပြီး အမျှဝေပေးပါ။

🏵️အင်္ဂါသားသမီးများ🏵️

အနည်းငယ်တော့ ပင်ပန်းရလိမ့်မယ်။ တတ်နိုင်သလောက် လူလဲသက်သာပြီး အလုပ်လဲပြီးနိုင်မဲ့နည်းလမ်းကို စဉ်းစားပါ။ အနည်းငယ်စိတ်ရှုပ်စရာလေးတွေကြုံနေရတတ်ပါတယ်။ နလန်ထခါစလူများ ပြင်းပြင်းထန်ထန် အလုပ် လုပ်မိတာကြောင့် အိပ်ရာထဲပြန်လဲသွားတာမျိုးတွေဖြစ်လွယ်ပါတယ်။

လူမှုရေးကိစ္စတွေမှာ တတ်နိုင်သမျှကိုယ်နဲ့ တိုက်ရိုက်မသက်ဆိုင်ရင် ဝင်မပါပါနဲ့။ ပိုရှုပ်သွားတတ်လို့ပါ။ဒီကာလတွင် ကြံစည်တွေးတောမှု များနေမည်။ သို့သော် ထင်တိုင်းမဖြစ် နိုင်သေးပါ။ စိတ်ရှည်ပါ။ ဇွဲရှိပါ။ သို့မှသာ အောင်မြင်မှု၏ အကျိုးကို သင်ခံစားရပါလိမ့်မည်။ ဒေါသ မကြီးပါနှင့်၊ လောဘမကြီးပါနှင့်။ တစ်ယူသန်မလုပ်ပါနှင့်၊ ဦးတည်ချက်အပျောက်မခံဘဲ ဖြည်းဖြည်းမှန်မှန် ကြိုးစား သွားပါက ဘဝအခြေအနေ မြင့်မားလာပါလိမ့်မယ်။ စန်းအားကောင်းပြီး စန်းပွင့်နေတတ်ပါတယ်။ တိတ်တိတ်ပုန်း ဝင်လာတဲ့ စုတ်ကိစ္စတွေကို သတိ၊အသိနဲ့ဆင်ခြင်ရှောင်ရှားပါ။

ယုန်ကမတိုး ပိုက်ကတိုးအခြေအနေ ကြောင့် မိမိ ကိုယ်တိုင် လိင်ကိစ္စတွေကို မပတ်သက်မိဖို့လိုပါတယ်။ ကျက်သရေမင်္ဂလာရှိလေကံကောင်းလေမို့ ဒီလို နေ့ရက်တွေ မှာတတ်နိုင်သလောက် ဂုဏ်တော်ပွားနေတာက ပိုမိုကံကောင်းနိုင်ပါတယ်။ မိတ်ဆွေရင်းတွေရဲ့ သာရေး နာရေး အတွက် ငွေကုန်စရာပေါ်လာတတ်ပါတယ်။

အကျိုးပေးဂဏန်း – 6/7/8
အထူးဟော – ကံအားနည်းလေးတွေရှိနေတတ်ပါတယ်။
ယတြာ – အုန်းသီးအခွံကျွတ် တစ်လုံးကို လကွယ်နေ့မှာ ရေမျှောပြီးလိုရာဆုတောင်းပါ

🏵️ဗုဒ္ဓဟူး၊ရာဟု သားသမီးများ🏵️

အနည်းငယ် စိတ်ညစ်စရာလေးတွေရှိနေပေမဲ့ ကြီးမားတဲ့အခက်အခဲတော့ မကြုံနိုင်သေးတဲ့ကာလပါပဲ။ ရန် အတိုက်အခိုက်နှင့်ယှဉ်တဲ့ အောင်မြင်မှုတွေကိုတော့ ရလာလိမ့်မယ်။ အချို့ကိစ္စတွေက အရမ်းစဉ်းစားတွေးတောဆုံး ဖြတ်တာထက် ရိုးရိုးလေးတွေးတာကအဖြေတွေ့ပါလိမ့်မယ်။ အားကိုးမရှာပါနဲ့။ အကူအညီမတောင်းပါနဲ့ ။ ကိုယ့် အားကိုယ်ကိုးတာအကောင်းဆုံးဖြစ်မဲ့ကာလပါပဲ။

နေရာထိုင်ခင်းကံ၊ရာထူးကံ၊ အလုပ်ဌာနကံအားကောင်းမဲ့ အချိန် ပါပဲ။ အကျိုးတူပူပေါင်းဆောင်ရွက်ကြတဲ့ အလုပ်အကိုင်မျိုးတွေ အဆင်ပြေဖို့ခက်ခဲပါတယ်။ မကြာမီခရီးထွက်ဖို့ အကြောင်းဖန်လာတတ်ပါတယ်။ကျေးဇူးရှိသူတွေကိုလဲ ကျေးဇူးဆပ်ခွင့်ရလာတတ်ပါတယ်။ မိမိချစ်ခင်ရသူတွေဆီ ကနေ လက်ဆောင်တွေလဲရတတ်ပါတယ်။ ဒီကာလ ထဲမှာမိမိကိုတမင်မြှောက်ပင့် ပြောဆိုမယ့် လူတစ်ချို့နဲ့ တွေ့ရ တတ်တယ်။ လူမှုရေးအရှုတ်အထွေး တစ်ချို့လည်း ကြုံတွေ့ရတတ်တယ်။ အလုပ်ကိစ္စ အဆင်ပြေမယ်။

သူတစ်ပါး စကားမှာမျောပြီးလုပ်မိတယ်ဆိုရင်တော့အမှားများနိုင်ပါတယ်။ကျန်းမာရေးကတော့အစားမှန်၊အအိပ်မှန်ဖို့လိုပါ တယ်။ အရမ်း နရီစည်းဝါးမမှန်သည်အထိ နေထိုင်စားသောက်ပါကသေချာပေါက်ရောဂါရလွယ်နိုင်တဲ့ကာလပါ။ အချစ်ရေးမှာတော့ အမှောင်ဂြိုဟ်တွေစိုးမိုးနေချိန်မို့ ကောင်းတဲ့လက္ခဏာမဟုတ်ပါ။ အခုကာလမိမိဆီချဉ်းကပ်လာ သူကလဲကောင်းတဲ့ ရည်ရွယ်ချက်မဟုတ်ပါဘူး။

အကျိုးပေးဂဏန်း – 1/7/6
အထူးဟော – ကံသင့်ပါတယ်။
ယတြာ – ပဲနို့ဗူးလေးတွေဝယ်ပြီးနီးစပ်တဲ့ကလေးတွေကို ဝေပေးလိုက်ပါ။

🏵️ကြာသပတေးသားသမီးများ🏵️

အိမ်တွင်းစီးပွားရေးလုပ်ငန်းများ တိုးတတ်လာနိုင်တဲ့ကာလပါပဲ။ လုပ်ငန်းစီးပွားတွေဦးမော့လာနိုင်တယ်လို့ သုံးသပ်ရမဲ့အချိန်ပါပဲ။ အသံနှင့်ဆိုင်သောလုပ်ငန်းများ၊အလှအပ၊ ဇိမ်ခံပစ္စည်းနဲ့ဆိုင်သောအလုပ်များ တိုးတတ်လာ လိမ့်မယ်။လှောင်ထားတဲ့ပစ္စည်းများ ၊ရောင်းလိုတဲ့ အိမ်ခြံတိုက်ခန်း ရောင်းထွက်လွယ်ချိန်မို့ အားစိုက်ပြီး အရောင်း စပ်ဖို့လိုပါလိမ့်မယ်။ ရစရာရှိတဲ့ငွေ‌တွေ ရလာဖို့ရှိတယ်။ အကြွေးယူသူတွေ နိုင်သလောက်လာဆပ်ကြလိမ့်မယ်။

ကျန်းမာရေးကတော့ အဆိုးမရှိသလောက်နည်းပါတယ်။ ကျန်းမာရေး ဒေါင်ဒေါင်မြည်ကောင်းနေပါလိမ့်မယ်။ ဖြစ်နေတဲ့ ရောဂါတွေ လျော့ပါးသက်သာလာပါလိမ့်မယ်။အခြေအနေတစ်ခုကြောင့် သင်တန်းတွေ တက်ရမယ်ဆို ရင်လဲဒီကာလမှာ စတင်သင်ယူနိုင်ရင် အထူးကောင်းပါတယ်။ ဟိုအရင်ကဆုံးရှုံးထားတာတွေပြန် လည် ပိုင်ဆိုင် တတ် ချိန်ပေါ့။

မိမိသာ လုပ်ငန်းရှင်များ၊မန်နေဂျာများဆိုရင်တော့ အောက်လက်ငယ်သားတွေကို ကောင်းစွာစီမံ အုပ်ချုပ်နိုင်ပါလိမ့်မယ်။ ဒီကာလထဲမှာ ရွှေထည် ဝင်တက်သလို၊ ဝင်ငွေတွေလည်း ပိုကောင်းမဲ့ ရက် တွေပါပဲ။ အချစ်ရေးမှာတော့ ချစ်သူက မိမိကိုတစ်ဦး တစ်ယောက်နဲ့ စွပ်စွဲတာမျိုးခံရတတ်ပါတယ်။ အချစ်ရေးအတွက် အပူ သောကလေးတွေရှိနေပါလိမ့်မယ်။

အကျိုးပေးဂဏန်း – 1/2/6
အထူးဟော – အလုပ်အကိုင်တိုးတတ်အောင်မြင်မည်။
ယတြာ – ဘုရားရှေ့တွင် သီလခံယူပြီး အရဟံဂုဏ်တော်ကိုပုတီး (၉)ပတ်စိတ်ပါ။

🏵️သောကြာသားသမီးများ🏵️

စိတ်ပူပင်စရာတွေအနည်းငယ်ရှိနေတတ်ပါတယ်။ အလုပ်အတွက်ကြိုးစားမှုတွေကအဖျက်ဝင်လာတတ်ပါ တယ်။ မိတ်ဆွေရင်းတွေရဲ့စကားကိုယုံပြီးလုပ်မိတဲ့ကိစ္စတွေကလွဲချော်သွားနိုင်ပါတယ်။ တတ်နိုင်သမျှဒီကာလမှာ ခရီးတို၊ခရီးရှည်မလိုအပ်ရင်မသွားပါနဲ့။ စီးပွားရေးကိစ္စတွေမှာ အတိတ်ကအခြေအနေကိုသုံးသပ်ပြီး အနာဂတ်ကို မှန်းဆလုပ်ဆောင်တာတွေမလုပ်ပါနဲ့။ လွဲသွားတတ်ပါတယ်။

မိသားစုဆွေမျိုးအသိုင်းအဝိုင်းနဲ့ ဆက်စပ်ပြီးအလုပ် တွေ ဖြစ်ထွန်းလာလိမ့်မယ်။ စိတ်ရှည်ရမည့်ကာလပါ။ သတိထားရမှာကလုပ်ဖော်ကိုင်ဖက်တွေနဲ့ အပေးအယူမမျှ တာမျိုး တွေဖြစ်ရ တတ်ပါတယ်။ မိတ်ဆွေ ရင်းတွေနဲ့လဲ စိတ်ဝမ်းကွဲစရာပေါ်လာတတ်ပါတယ်။ တစ်ခါတစ်ရံ မိမိ ဖြစ်ချင်သည်များ ဖြစ်ရန် အချိန်စောင့်ဆိုင်း ရသည်ဆိုသည်ကို နားလည်ထားရန် လိုအပ်ပါသည်။ ယခုကာလ မှာ လုပ်ငန်းသစ်မစ သင့်ပါ။

ကျန်းမာရေးကတော့ သွေးအားနည်းတာမျိုး ၊ဓမ္မတာမမှန်တာမျိုးတွေ အလွန်ဖြစ်လွယ်ပါ တယ်။ ခရီးပန်းပြီးဖျားနာတာ၊ရောဂါကူးလာတာတွေဖြစ်တတ်ပါတယ်။ အချစ်ရေးမှာတော့ အနည်းငယ်စိတ်ရှုပ် ထွေး ရ တတ်ပါတယ်။ စိတ်အပြောင်းအလဲမြန်နေတဲ့ချစ်သူကို ထိန်းရခက် လိမ့်မယ်။ ပညာရေးမှာတော့ သေချာ အားစိုက်ဖို့ လိုပါတယ်။ ရလဒ်တွေနည်းနေတတ်ပါတယ်။

အကျိုးပေးဂဏန်း – 9/3/0

အထူးဟော – အလုပ်များ၊ကိစ္စများနေမည်။

ယတြာ – နေ့စဉ် မေတ္တာနှင့် ယှဉ်သော စိတ်ကို မွေးမြူပါ။ မေတ္တသုတ်ကိုရွတ်ပွားပါ။

🏵️စနေသားသမီးများ🏵️

အနည်းငယ် အလုပ်ပင်ပန်းရတတ်ပေမဲ့ ပင်ပန်းမှုနဲ့အတူ အကျိုးလဲများပါလိမ့်မယ်။ လုပ်သလောက်ဝင်ငွေ တိုးလာနိုင်ပါတယ်။ သတိထားရမှာကလုပ်ငန်းပြိုင်တွေ၊လုပ်ငန်းခွင်အတွင်းမိမိကိုပြိုင်ဆိုင်နေသူတွေရဲ့ တိုက်ခိုက်မှု တွေသတိထားရမယ်။ လက်လီထက် လက်ကားစီးပွားရေးတွေက အားရစရာအနေအထားကြုံလိမ့်မယ်။ ဒီအပတ်ထဲ သင်တန်းတွေတက်ခွင့် ၊ပညာသင်ခွင့်တွေကြုံရင် သင်ယူလိုက်ပါ။

မိမိအတွက်လက်တွေ့အသုံးတည့်လိမ့်မယ်။ ကျန်း မာရေးမညံ့ပေမဲ့ ရောဂါဟောင်း ဝေဒနာဟောင်းတွေကတော့ ပေါ်လာတတ်ပါတယ်။ အလုပ်ပို ကိစ္စပိုတွေကြုံလာရ တတ်ပါတယ်။ ငွေကြေးဝင်တယ်…ပြန်ထွက်တယ်…နဲ့ ငွေကြေးရဲ့အနိစ္စသဘောကိုမြင်ရလိမ့်မယ်။ လိင်မတူသူတွေနဲ့ ဆက်ဆံ ရာမှာသတိထားပြောဆိုဆက်ဆံပါ။ စကား မှားသွားတတ်ပါတယ်။

ကိုယ်ပိုင်စီးပွားရေး တွေကတော့ စိတ် ကူးသစ်အကြံအစည်သစ်တွေကိုဦးစားမပေးသင့်ပါဘူး။ လူကြီးတွေ၊ဌာနဆိုင်ရာတွေနဲ့ပတ်သက် ဆက်နွယ်လုပ် ကိုင် ခြင်းများအခက်အခဲများပါတယ်။ အချစ်ရေးကံ မဆိုးပါ။ စိတ်ချမ်းသာစရာ အချစ်ရေးကိစ္စတွေပေါ်လာတတ် ပါတယ်။ အိမ်ထောင်ရေးကံကတော့ အိမ်ထောင်ဘက် အပေါ်စိတ်တိုင်းမကျစရာတွေများနေတတ်ပါတယ်။

အကျိုးပေးဂဏန်း – 2/7/9

အထူးဟော – စေတနာကောင်းရင်ကံကောင်းမည်။

ယတြာ – နေအိမ် ဘုရားကျောင်းဆောင်မှာ စပယ်ပန်းကိုပန်းမွေ့ယာခင်းပြီး ပူဇော်ပါ။

ခုနှစ်ရက် သားသမီးအပေါင်း ကောင်းသော လိုအင်ဆန္ဒတွေ ပြည့်ဝပါစေ။

ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)
09 77 5555 695
09 44 5555 695