ကျန်းမာရေးညံ့ပြီး ဘုန်းကံနိမ့်နေသည်ဟု ထင်နေပါလျှင် ခေါင်းဆေးမင်္ဂလာ ပြုလုပ်ပါ

ငွေဖလား (ဒါမှမဟုတ်) ကြေးဖလား တစ်လုံးအတွင်း ရေသန့်အနည်းငယ်နှင့် တရော်ကင်ပွန်း ထည့်ပါ။ သံပုရာသီးတစ်လုံး ခွဲခြမ်းထည့်ပါ။ ဆနွင်းအနည်းငယ်ထည့်ပါ။ နွားနို့ အနည်းငယ် ရောပါ။ မိမိမွေးနံပန်းများလည်း သင့်သလို ထည့်ပါ။

၎င်းဖလားအတွင်း
အောင်သပြေ (၁) ညွန့်
မာလကာ (၁) ညွန့်
သြဇာ (၁) ညွန့် ရောမွှေထားပါ။

ထို့နောက် ဘုရားရှင်နှင့်တကွ ရဟန္တာအရှင်မြတ်များ ထွက်ရပ်ပေါက်ဝိဇ္ဇာကြီးများထံသို့ ကပ်လှူ၍ ဖလာရှေ့ချထားပြီး မြတ်စွာဘုရားအား

– နမောတဿ (၉) ခေါက်
– သရဏဂုံသုံးဆယ် (၁) ခေါက် (ဇာတိပရိယန္တံ အစချီသော)
– သံမ္ဗုဒ္ဓေဂါထာ (၉) ခေါက်
– ဂုဏ်တော်ကိုးပါး (၉) ခေါက် ရွတ်ဖတ်ပူဇော်ကာ ဤ အောင်ဖလားအတွင်း၌ ရှိသော မင်္ဂလာပန်းများအား ဆေးတော်အဖြစ်၎င်း လာဘ်လာဘအတွက်၎င်း မေတ္တာဓါတ်များဖြင့် ချီးမြှောက်ပေးသနားတ်ာမူပါဘုရားဟု (၃) ကြိမ် ရွတ်ဆိုပါ။ ၎င်းအောင်ဖလား အတွင်းမှ တရော်ကင်ပွန်း အောင်ပန်းများဖြင့် ရေချိုး ရပါမည်။

အရင်ဦးစွာ တရော်ကင်ပွန်းဖြင့် ဦးခေါင်းကိုပွတ်လျှော်၍ မျက်နှာသစ်ပါ။ ထို့နောက် မာလကာရွက် တစ်ရွက်အား ဆေးအဖြစ် ဝါးစားပေးပါ။

ကျန်နေသော အရွက်တို့အား မွချေလျှက် တရော်ကင်ပွန်းတို့နှင့် ရောနှောကာ ခေါင်းပေါ်မှ လောင်းချ၍ လာဘ်လာဘများပွင့်ပါစေကြောင်း ဘုန်းကံပွင့်ပါစေကြောင်း ကျန်းမာရေးများကောင်းမွန်ပါစေကြောင်း ဆုတောင်းပါ။ ထို့နောက် ရေမိုးချိုး သန့်စင်ပါ။

အထူးသတိပေး မှာကြားလိုသည်မှာ-

အမျိုးသမီးများအနေဖြင့် မိမိတို့၏ ဓမ္မတာကိစ္စ ပြီးသောနေ့အခါမှသာ လုပ်ဆောင်ရပါမည်။

မှတ်ချက် ။ ။ Happy New year ၌၎င်း မြန်မာနှစ်ဆန်းတစ်ရက်နေ့၌၎င်း ယင်းခေါင်းဆေးမင်္ဂလာအားလည်း ပြုလုပ်နိုင်ပါသည်။

Credit : မူရင်းရေးသားသူ