ခုနှစ်ရက် သားသမီးများအတွက် ၂၀၂၁ ခုနှစ် စက်တင်ဘာလ ၁၆ ရက်မှ ၂၂ ရက်နေ့အထိ ဟောစာတမ,်း

တနင်္ဂနွေသားသမီးများ

ဒီတစ်ပတ်အတွင်းမိမိအရင်က ကြိုးစားလုပ်ဆောင်ခဲ့တဲ့အသီးအပွင့်တွေပြန်ခံစားရတတ်ပါတယ်။ အကြီး အကဲတွေရဲ့ ကြည့်ရှုစောင့်ရှောက်မှုကိုရတဲ့သူပါ။အလုပ်သစ်ရှာနေသူများအလုပ်ရလိမ့်မယ်။ အိမ်တွင်းစီးပွားလုပ်သူ များအနည်းငယ်အားထည့်ကြည့်လိုက်ပါ။ ထူးခြားတဲ့တိုးတတ်မှုတွေကိုရလိမ့်မယ်။ မင်းအစိုးရ ဌာနဆိုင်ရာနဲ့ပတ် သက်သောအလုပ်များ တိုးတတ်နိုင်ပါတယ်။

အိမ်၊မြေ၊ခြံ၊ရတနာ ရောင်းခြင်း၊ဝယ်ခြင်းကိစ္စများအတွက် ဒီအပတ်မှာ အဆင်ပြေချောမွေ့ပါလိမ့်မယ်။ စပ်တူလုပ်ခြင်းများ၊ ငွေစုမဲစုခြင်းများ၊အကျိုးတူပူးပေါင်း ဆောင်ရွက်ခြင်းများ ဒီကာလမှာအထူးရှောင်ရှားသင့်ပါတယ်။ ကျန်းမာရေးမှာတော့ ပုံမှန်ဖြစ်နေကျရောဂါလောက်သာဖြစ်နိုင်ပြီး သောက် နေကျ ဆေးမှီဝဲလိုက်ရုံနဲ့လဲ ပျောက်သွားတတ်ပါတယ်။အချစ်ရေးကိစ္စတွေမှာတော့ အနည်းငယ်စိတ်ပူစရာရှိပါ တယ်။

ချစ်သူက ဘာမဟုတ်တဲ့ ပြဿနာလေးကို ပုံကြီးချဲ့ပြီးမိမိကို နစ်နာစွာအပြစ်တင်ပြောဆိုတတ်ပါတယ်။ အိမ်ထောင် ရေးမှာတော့ စီးပွားရေးအဆင်မပြေလို့ စိတ်ဓာတ်ကျနေတဲ့ အိမ်ထောင်ဘက်ကို နှစ်သိမ့်ပေးနေရတတ် ပါတယ်။ ပညာကိစ္စ၊သင်တန်းကိစ္စတွေပေါ်လာရင် တက်လိုက်ပါ။ အကျိုးရှိတဲ့ပညာတွေရတတ်ပါတယ်။

အကျိုးပေးဂဏန်း – 0/2/5
အထူးဟော – ငွေကြေးအရှုပ်အရှင်းဖြစ်ရတတ်ပါတယ်။
ယတြာ – ကလေးတွေကို မုန့်ဝယ်ကျွေးပါ။

တနင်္လာသားသမီးများ

ဒီအပတ်ထဲမှာတော့ အပျော်လွန်တဲ့သူတွေ၊ပေါ့ပေါ့နေ ပေါ့ပေါ့စားသူတွေ၊ မလိုအပ်ဘဲအပြင်ထွက်သူတွေ သတိထားရမဲ့ကာလပဲဖြစ်ပါတယ်။ အဖမ်းအဆီအချုပ်အနှောင်တွေ ခံရလွယ်တဲ့ကာလပဲဖြစ်ပါတယ်။ ငွေကြေးကျ ပျောက်တာမျိုးတွေဖြစ်လွယ်ပါတယ်။ မိတ်ဆွေကောင်းတွေရဲ့ အကူအညီတွေရလာတတ်ပါတယ်။ ခက်ခဲနေတဲ့ ငွေကြေးကိစ္စတွေကတော့ ပြေလည်ဖို့မလွယ်သေးဘူးဗျ။ အလုပ်တွေနဲ့ပတ်သက်ရင် အနည်းငယ်ဖိအားတွေနဲ့လုပ် ရတတ်ပါတယ်။

လုပ်ငန်းခွင်တွေမှာ လုပ်ဖော်ကိုင်ဖက်တွေနဲ့ စကားများစိတ်ညစ်ရတတ်ပါတယ်။ အောက်လက်ငယ် သားတွေ၊ မိမိခန့်ထားတဲ့ ဝန်ထမ်းတွေ အလုပ်ထွက်သွားတာ အလုပ်ပြောင်းသွားတာမျိုးတွေကြုံရတတ်ပါတယ်။ တတ်နိုင်သမျှ လုပ်ငန်းချဲ့တာ၊ ရင်းနှီးမြုပ်နှံတာမျိုးတွေကိုတော့ ဒီအပတ်ထဲရှောင်လိုက်စေချင်ပါတယ်။ ခရီးတိုလေး တွေ၊မရည်ရွယ်ဘဲ အလုပ်ကြောင့် မဖြစ်မနေ ခရီးထွက်ရတာမျိုးတွေကြုံရတတ်ပါတယ်။

အစားအသောက်တွေ သတိထားစားပါ။ အစားမှားတတ်ပါတယ်။ မိုးမိမခံပါနဲ့။ ဖျားနာတတ်ပါတယ်။အချစ်ရေးမှာတော့ အနေဝေးသူများ အဆက်အသွယ်ထိပြတ်သွားတတ်ပါတယ်။ အိမ်ထောင်ရေးကိစ္စတွေမှာတော့ အဘက်ဘက်ကစိတ်ချမ်းသာစရာ တွေများနေတတ်ပါတယ်။ပညာရေးအတွက် အားထည့်လို့မကောင်းသေးပါ။မိမိကလဲစိတ်မပါဘူးဖြစ်နေမယ်။

အကျိုးပေးဂဏန်း – 1/3/6
အထူးဟော – စိတ်လေလွင့်နေတတ်ပါတယ်။
ယတြာ – သစ္စာပန်းဘုရားကပ်လှူလိုက်ပါ။

အင်္ဂါသားသမီးများ

အနည်းငယ် စိတ်ပင်ပန်းရတာလေးတွေဖြစ်တတ်ပါတယ်။ မိမိလက်ထဲရှိတဲ့ ဖုန်း၊ကွန်ပျူတာ၊ နာရီစတာတွေ ပျက်စီးတာ၊ပြုတ်ကျပြီးမှန်ကွဲတာတွေကြောင့် ငွေထွက်တတ်ပါတယ်။ မိမိနားမလည်ဘဲ စက်ပစ္စည်းတွေကိုကလိ တာမျိုးလဲမလုပ်ပါနဲ့။ ပျက်စီးတဲ့အခြေအနေထိရောက်သွားတတ်ပါတယ်။အနီးအနားမှာ လိင်မတူသူတွေနဲ့ နီးကပ်စွာ အလုပ်တွဲလုပ်ရတာမျိုးတွေရှိရင် သတိထားပါ။ မထင်မှတ်ဘဲ ငြိစွန်းသွားတာမျိုးတွေဖြစ်ရတတ်ပါတယ်။ အဲလိုဖြစ် သွားရင် ကောင်းကျိုးထက်ဆိုးကျိုးကများပါတယ်။

ငွေကြေးကံကတော့ အဝင်များအထွက်များဖြစ်နေတတ်ပါ တယ်။ ဘာဝယ်ဝယ်တကယ်လိုအပ်မှပဲဝယ်ပါလို့အကြံပြုချင်ပါတယ်။ ခရီးသွားပြီးဆောင်ရွက်ရတဲ့အလုပ်ကိစ္စတွေ မှာတော့ ထင်သလောက် အဆင်ပြေမှုမရှိနိုင်သေးပါဘူး။ ကျန်းမာရေးမှာတော့ ဆိုင်ကယ်စီးသူများသတိထားပါ။ ဆိုင်ကယ်စလစ်ဖြစ်ပြီးလဲရာမှာ ဒဏ်ရာအနာတရဖြစ်တတ်ပါတယ်။ မိန်းကလေးများ ဓမ္မတာနဲ့ဆိုင်သောရောဂါများ ကိုသတိထားစေချင်ပါတယ်။အချစ်ရေးကိစ္စတွေမှာတော့ စိတ်ချမ်းသာစရာများနေတတ်ပါတယ်။

အိမ်ထောင်ရေးမှာ တော့ကိုယ့်အလုပ်နဲ့ကိုယ် မအားလပ်တာနဲ့ပြဿနာတွေလဲမဖြစ်အားကြပါဘူး။ ပညာရေးမှာတော့ ထင်သလောက် မကောင်းတာတွေ့ရပါတယ်။ သင်ယူတဲ့ပညာတွေခေါင်းထဲရောက်ဖို့ခဲယဉ်းပါတယ်။

အကျိုးပေးဂဏန်း – 2/4/7
အထူးဟော – အနည်းငယ်ကိုယ်ပင်ပန်း၊စိတ်ပင်ပန်းရမည်
ယတြာ – ဘုရားရှင်အားရွှေဆိုင်းရွှေသင်္ကန်းကပ်လှူလိုက်ပါ။

ဗုဒ္ဓဟူး၊ရာဟု သားသမီးများ

ဒီကာလအတွင်း စိတ်ထဲမှာသူတော်ကောင်းစိတ်လေးကိန်းအောင်နေတတ်ပါတယ်။ ဒါကြောင့်ပဲ သူတော် ကောင်းစိတ်နဲ့ နေထိုင်လုပ်ကိုင်ခြင်းမျိုးတွေအထူးကောင်းပါတယ်။ ဘာသာရေးကိစ္စများ ဦးစားပေးလုပ်ကိုင်လေ အဘက်ဘက်ကအဆင်ပြေလေပါပဲ။ အမိအဘဘိုးဘွားတွေကို၊ကျေးဇူးရှိဖူးသူတွေကို ကန်တော့တာမျိုးဆောင် ရွက်သင့်တဲ့ကာလပါပဲ။

အလုပ်နဲ့ပတ်သက်သော အကြံအစည်များ၊ အရေးကြီးတဲ့ဆုံးဖြတ်ချက်များ၊ အရေးကြီးတဲ့ စာချုပ်စာတန်းချုပ်ဆိုခြင်းများ အထူးကောင်းပါတယ်။ အလုပ်များနေတာကြောင့်စိတ်ဝင်စားစရာကိစ္စတွေလုပ်နိုင် မှာ မဟုတ်ပါဘူး။ မိမိရဲ့ကိုယ်ပိုင်အချိန်လေးတွေနည်းသွားတတ်တဲ့ရက်သတ္တပတ်လဲဖြစ်ပါတယ်။ ကျန်းမာရေး ကတော့ အထူးအဆင်ပြေပါလိမ့်မယ်။ ဆေးစား ဆေးသောက်အထူးကောင်းပါတယ်။

ကျန်းမာရေးဒေါင်ဒေါင်မြည်ပါ လိမ့်မယ်။ အချစ်ရေးနဲ့ပတ်သက်ပြီး စိတ်ချမ်းသာရပါလိမ့်မယ်။ အိမ်ထောင်ရေးကတော့ အထူးကောင်းပါတယ်။ အိမ်ထောင်ရေးသာယာပျော်ရွှင်ပါလိမ့် မယ်။ ပညာရေးကတော့ အားရစရာကောင်းတဲ့ကာလပါပဲ။ ပညာအသစ်ရှာ ဖွေ လို့ အထူးကောင်းပါတယ်။ ကိုယ်တိုင် self-study လုပ်ခြင်းမျိုးတွေကိုလဲစတင်သင့်တဲ့ကာလပါပဲ။

အကျိုးပေးဂဏန်း – 1/3/5
အထူးဟော – ကံမြင့်မားနေမည်။
ယတြာ – ကျေးဇူးရှိသူကို ထောက်ပံ့လိုက်ပါ။

ကြာသပတေးသားသမီးများ

ဒီကာလ မှာစိတ်ကူးထားတဲ့အတိုင်း လက်တွေ့မှာအကောင်အထည်ဖော်ဆောင်ရွက်နိုင်ပါ လိမ့်မယ်။ သူငယ် ချင်း မိတ်ဆွေ တွေနဲ့အတူ ပျော်စရာအချိန်တွေကိုဖြတ်သန်းနိုင်ပါလိမ့်မယ်။ မိသားစုနဲ့ဘုရားဖူး ခရီးထွက်ရတာမျိုး တွေကြုံ ရတတ်ပါတယ်။ စပ်တူအလုပ်များနှင့် ပွဲစားအလုပ်များ အထူးကောင်းပါလိမ့်မယ်။ အနုစိပ်အသေးစိပ် လုပ်ငန်း များလဲ အဆင်ပြေ အောင်မြင်ပါလိမ့်မယ်။

online စီးပွားရေးလုပ်ငန်းများလဲ ဒီကာလမှာအရောင်း သွက်ပါ လိမ့် မယ်။ ဖုန်းနဲ့ဆက်စပ် ပစ္စည်းများဝယ်ယူလို့အထူးပဲကောင်းမွန်ပါတယ်။ ဝန်ထမ်းများရာထူးတိုးခြင်း ၊မျက်နှာသာ ပေး ခြင်းမျိုးတွေ ဖြစ်လာ ပါလိမ့်မယ်။ဒီကာလဟာ ဒေသန္တရ ဗဟုသုတတွေရလွယ်ပါတယ်။မရောက်သော ဒေသ တွေ ကိုခရီးထွက်ဖြစ်ပါလိမ့် မယ်။ လောင်းစကားလုပ်မိရင် ရှုံးမဲမဲပြီးထပ်လောင်းမိတာကြောင့် ငွေကြေးနစ်နာ မှု တွေ အထူးဖြစ်ရတတ်ပါတယ်။ လောင်းကစားမလုပ်မိပါစေနဲ့။

ကျန်းမာရေးကတော့ အညံ့နည်းပါတယ်။ ကျန်းမာ ရေး ကတော့ဒီကာလ မှာနာတာ ရှည် ရောဂါခံစားရသူတွေတောင် ထူထူထောင်ထောင်ဖြစ်လာတတ်ပါတယ်။ အချစ် ရေးနှင့်ပတ်သက် သောအထူးကောင်းပါတယ်။ချစ်သူဆီကလိုချင်တဲ့အဖြေမျိုးတွေရလာတတ်ပါ တယ်။အိမ်ထောင် ရေးကတော့ စိတ်ပူစရာမရှိသေး ပါဘူး။ ပညာရေးကတော့ သင့်ရုံတော့ ကောင်းပါတယ်။

အကျိုးပေးဂဏန်း – 2/8/6
အထူးဟော – စိတ်ချမ်းသာရမည်
ယတြာ – သစ်သီးဆွမ်းဘုရားကပ်လှူလိုက်ပါ။

သောကြာသားသမီးများ

ဒီကာလအတွင်း အတွေးအခေါ်တွေ၊ ဆုံးဖြတ်ချက်တွေမှားနေတတ်ပါတယ်။ ဒါကြောင့်ပဲအရေးကြီးတဲ့ လုပ်ငန်းကိစ္စများ ဆုံးဖြတ်လုပ်ကိုင်ရတော့မယ်ဆိုရင်နားလည်သူကို တိုင်ပင်ပါ။ အလုပ်တွေကို မသေချာဘဲစတင် တာမျိုးတွေရှောင်သင့်ပါတယ်။တစ်ယောက်ထဲ ချွန်ပြီးဘာမှမလုပ်ပါနဲ့၊ အဖွဲ့အစည်းနဲ့ လုပ်ဖော်ကိုင်ဖက်တွေနဲ့ အပေးအယူမျှမျှလုပ်ကိုင်လိုက်ပါ ။ အဆင်ပြေသွား ပါလိမ့်မယ်။ အရွယ်ရောက်ပြီးတဲ့သားသမီးတွေရှိရင်တော့ သားသမီးကြောင့်ပူပန်ရတာ ငွေကုန်ရတာမျိုးတွေရှိ တတ်ပါတယ်။

မိမိတို့အတွက်ကောင်းသောအကျိုးဆက်တွေ ရဖို့ ဒီကာလမှာအားနာတာမျိုးကိုရှောင်လိုက်စေချင်ပါတယ်။ ဆိုင်များဈေးရောင်းကောင်းပေမဲ့ အကြွေးကျနေတာ မျိုး၊ ကန်ထရိုက်များ အလုပ်ရှိပေမဲ့ ငွေမကျသေးတာ မျိုးတွေဖြစ်တတ်ပါတယ်။ ကျန်းမာရေးကတော့ အလွန် ကောင်း ပါတယ်။ နာမာကျန်း ဖြစ်နေသူတောင်မှ နေ့လို့ထိုင်လို့ကောင်းပြီး ထူထူထောင်ထောင်ဖြစ်လာပါလိမ့် မယ်။ အချစ် ရေး မှာ ချစ်သူရဲ့ အထင်လွဲမှုက ကြီးမားလွန်းနေတတ်ပါတယ်။

အိမ်ထောင်ရေးမှာတော့ အိမ်ထောင်ဘက်က ခရီး များနေတာကြောင့်ဆုံချိန်နည်းပါးနေတတ်ပါတယ်။ အိမ်တွင်းရေး၊ မိသားစုအတွင်းအပူလေးတွေရှိ နေတတ်ပါ တယ်။ ပညာရေး ကတော့ အထူးကြိုးစားဖို့လိုအပ်ပါတယ်။

အကျိုးပေးဂဏန်း – 3/5/7
အထူးဟော – ကံအားနည်းနေမည်။
ယတြာ – ပရဟိတအလုပ်တွေများများလုပ်ပါ။

စနေသားသမီးများ

ဒီကာလအတွင်း မိမိစိတ်ကူးနဲ့ အကောင်အထည်ဖော်ထားတဲ့ကိစ္စတွေရှိရင်တော့ လက်တွေ့လုပ်ဆောင်လို့ သင့်တော်တဲ့အချိန်ပါပဲ။ အသစ်သစ်များကိုဖန်တီးခြင်း၊ လုပ်ငန်းသစ်၊ဆိုင်သစ်စတင်ဖွင့်လှစ်ခြင်း၊ ဘုရားပင့်ဆောင် ကိုးကွယ်ပူဇော်ခြင်းများအထူးဆောင်ရွက်နိုင်ပါလိမ့်မယ်။ အလုပ်စီးပွားနဲ့ပတ်သက်လာရင် ရဲရဲရှေ့တိုးဆောင်ရွက် မှပဲအဆင်ပြေမှုတွေကိုရရှိပါလိမ့်မယ်။ ကျန်းမာရေးစောင့်ရှောက်မှုနဲ့ပတ်သက်သောအလုပ်အကိုင်များ တိုးတတ်ပါ လိမ့်မယ်။

အလုပ်ဟောင်းထက်အသစ်ထပ်မံတိုးချဲ့ထားတဲ့အလုပ်သစ်တွေမှ အကျိုးအမြတ်တွေရရှိပါလိမ့်မယ်။ ဝန်ထမ်းများ နယ်ထွက်ရတာ၊အခြားရုံးခွဲမှာယာယီတာဝန်ထမ်းဆောင်ရပါလိမ့်မယ်။ မိမိရဲ့ကျန်းမာရေးကတော့ အနည်းငယ်အားနည်းနေတတ်ပါတယ်။ ခရီးထွက်ရလို့ ရေပြောင်းမြေပြောင်းဖြစ်ရကာစလို့ ကျန်းမာရေးညံ့သွား တတ်ပါတယ်။ အချစ်ရေးနဲ့ပတ်သက်ပြီးတော့လဲ အထူးကောင်းပါတယ်။ အဆင်မပြေလမ်းခွဲရမလိုဖြစ်နေတဲ့အချစ် ရေးတွေပြန်လည်ပြေလည်တတ်ပါတယ်။

အိမ်ထောင်ရေးနဲ့ပတ်သက်ပြီး သာယာမှုတွေကိုပေးပါလိမ့်မယ်။ ပညာ ရေးနဲ့ပတ်သက်ပြီးတော့လဲ ကံပေးတာကြောင့်မိမိသာဝီရိယနည်းနည်းပိုစိုက်လိုက်ရင် အလွန်ကောင်းပါလိမ့် မယ်။

အကျိုးပေးဂဏန်း – 1/4/6
အထူးဟော – ကံသင့်ပါတယ်။
ယတြာ – မြေပဲလေးကြော်ပြီး ဘုရားကပ်လှူလိုက်ပါ။

ခုနှစ်ရက် သားသမီးအပေါင်း ကောင်းသော လိုအင်ဆန္ဒတွေ ပြည့်ဝပါစေ။

ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)
0977 5555 695
0944 5555 695