တင်းတိတ်တွေကို ယူပစ်သလို ပျောက်ကင်းစေမည့် သဘာဝ နည်းလမ်း (၅) မျိုး

မျက်နှာပေါ် အမည်းစက် ရှိနေတာက မျက်နှာအလှကို မပေါ်လွင်စေပါဘူး။ တင်းတိတ်ဖြစ်နေရင် အရမ်းကို စိတ်ညစ် ရ ပါတယ်။ တင်းတိတ်ကို မိတ်ကပ်ရည်နဲ့ ဖုံးဖို့ ကြိုးစားနေတာထက်စာရင် သဘာဝအတိုင်း ပျောက်ကင်းသွားအောင်လုပ်နိုင်ပါတယ်။တင်းတိပ်တွေ ကို ပျောက်ကင်းစေနိုင်တဲ့ သဘာဝ နည်းလမ်းတွေ ကတော့..

(၁) သံပရိုရည်

ပါဝင်ပစ္စည်းများ – သံပရိုရည် ၊ ဂွမ်း ။

သံပရိုသီးကို အရည် ညှစ်ထုတ်ပေးပါ ရလာတဲ့ အရည်ကို ခွက်ထဲ ထည့်ပေးပါ။ ဂွမ်းနဲ့ သံပရိုရည်ကိုတို့ပြီး တင်းတိတ်ပေါ် လိမ်းပေးပါ။ (၁၅-၂၀) မိနစ်လောက် နှပ်ထားပေးပြီး မျက်နှာသစ်ပေးပါ။ တစ်ပတ်ကို (၂) ကြိမ်လုပ်ပေးပါ။

(၂) ရှားစောင်းလက်ပပ်

ပါဝင်ပစ္စည်းများ – ရှားစောင်းလက်ပပ်အနှစ် (စားပွဲတင်ဇွန်း ၁ ဇွန်း) ။

ရှားစောင်းလက်ပပ်အနှစ် ကို မျက်နှာ နဲ့ လည်ပင်း ပေါ် လိမ်းပေးပါ။ (၁၅-၂၀) မိနစ်လောက် နှပ်ထားပေးပြီး ရိုးရိုးရေနဲ့ ဆေးပေးပါ။ နေ့တိုင်းလုပ်ပေးပါ။

(၃) ဒိန်ချဉ်

ပါဝင်ပစ္စည်းများ – ဒိန်ချဉ် (စားပွဲတင်ဇွန်း ၂-၃ ဇွန်း)

ဒိန်ချဉ်ကို တင်းတိတ်နေရာမှာ လိမ်းပေးပါ။ (၁၅-၂၀) မိနစ်လောက် နှပ်နယ်ပေးပါ။ ရေနဲ့ မျက်နှာသစ်ပေးပါ။ နေ့တိုင်း လုပ်ပေးပါ။

(၄) ပျားရည်

ပါဝင်ပစ္စည်းများ – သံပရိုရည် (လက်ဖက်ရည်ဇွန်း ၁ ဇွန်း) ၊ ပျားရည် (စားပွဲတင်ဇွန်း ၁ ဇွန်း) ။

အနှစ်ပြစ်ပြစ်ဖြစ်အောင် ပျားရည် နဲ့ သံပရိုရည်ကို ရောပေးပါ။ ရလာတဲ့အနှစ်နဲ့ တင်းတိတ်နေရာကို လိမ်းပေးပါ။ (၁၅-၂၀) မိနစ်နေရင် မျက်နှာသစ်ပေးပါ။ တစ်ပတ်ကို (၂) ကြိမ်လုပ်ပေးပါ။

(၅) နနွင်းမှုန့်

ပါဝင်ပစ္စည်းများ – နနွင်းမှုန့် (လက်ဖက်ရည်ဇွန်း ၁ ဇွန်း) ၊ သံပရိုရည် (လက်ဖက်ရည်ဇွန်း ၁ ဇွန်း) ။

အနှစ်ဖြစ်အောင် နနွင်းးမှုန့် နဲ့ သံပရိုရည်ကို ရောပေးပါ။ အနှစ်ရလာရင် တင်းတိတ်ပေါ် လိမ်းပေးပြီး ခြောက်အောင်စောင့်ပေးပါ။ ရေနဲ့ ဆေးပေးပါ။ အပတ်တိုင်း (၁) ကြိမ်လုပ်ပေးပါ။

Credit : မူရင်းရေးသားသူ