ဆံပင် နီကြောင်ကြောင် ဖြစ်နေသူများ၊ ဖြူနေသူများအတွက် ဆေးတလက်

ဆေးနည်းက လွယ်ပါတယ် ဘာမှမခက်ပါဘူး။ အရင်ဦးဆုံး အိမ်သုံး လက်ဖက်ခြောက် (အဖန်ခြောက်) ကို ဒယ်အိုးထဲထည့်ပြီး တူးခြစ်သွားအောင် လှော်ပါ။ ညက်မှုန့်နေအောင် ထောင်း၊ ပန်းကန်ထဲထည့်ပြီး အုန်းဆီနဲ့ ဖျော်ပါ။

ထို့နောက် ဒန်အိုးထဲ ရေထည့်ပါ။ ဒန်အိုး အလယ်မှာ အုန်းဆီနဲ့ လက်ဖက်ခြောက်မှုန့် ဖျော်ထားတဲ့ ပန်းကန်ထည့်ပြီး ဆီပွက်လာတဲ့အထိ ပေါင်းပါ။ ဆီပွက်ရင် မီးဖိုမှချပြီး အအေးခံကာ လေလုံသော ပုလင်းထဲသို့ ထည့်ပြီး နေ့စဉ်မှန်မှန် (၆) လလောက် လိမ်းပေးပါ။

ဆံပင်များ နက်မှောင် သန်စွမ်းလာပါလိမ့်မယ်။ ဖြူသော ဆံပင်လည်း နက်လာပါလိမ့်မယ်။ ဆေးဆိုးစရာ မလိုပါ။ ဆေးဆိုး၍ ဆံပင်များ နီကြောင်ကြောင် ဖြစ်နေပါက ဤနည်းကို ယုံကြည်စွာ လုပ်ကြည့်ပါ။ ပြန်လည် ကောင်းမွန်လာပါလိမ့်မယ်။

Credit : Original Writer