မီးတွင်းထဲမှာ မိခင် ဆုံးသွားတာကြောင့် မိဘမဲ့ဖြစ်သွားတဲ့ ကလေး သုံးယောက်ကို မွေးစားမယ့် ခိုင်နှင်းဝေ

မီးတွင်းထဲမှာ မိခင် ဆုံးသွားတာကြောင့် မိဘမဲ့ဖြစ်သွားပြီး အကူအညီလိုနေတဲ့ ကလေး သုံးယောက်ကို မွေးစားဖို့ ခိုင်နှင်းဝေက အခုလိုပဲ သူမရဲ့ လူမှုကွန်ယက် စာမျက်နှာမှာ ရေးသားထားပါတယ်။

ကျွန်မကို စာတွေ အများကြီး ပို့ပြီး အကူအညီတောင်းကြတဲ့ အတွက် ကျန်ရစ်သူ ကလေး (၃) ယောက်ကို ခေါ်ယူမွေးစားဘို့ ဆက်သွယ်ထားပါတယ်။

လောလောဆယ် ဦးလေး အရင်းမှ ခေါ်ယူ စောင့်ရှောက်ထားကာ အကြောင်းပြန်မဲ့ အကြောင်း ပြောပါတယ်ရှင်။ ကျွန်မဆီသို့ မွေးစားခွင့် ပေးပါက တာဝန်ယူ စောင့်ရှောက်သွားပါမယ်။

လောလောဆယ် အုပ်ထိန်းသူ ဦးလေး ရှိသည့် အတွက် အရမ်း စိတ်မပူကြပဲ ကလေးတွေ အုပ်ထိန်းသူ နဲ့ ဆက်သွယ်ထားတဲ့ အကြောင်း ဒီကနေပဲ အားလုံးကို အသိပေးပါတယ်ရှင်။

Source : Khine Hnin Wai’s Facebook