
ဘိလပ်မြေ အုတ်သဲကျောက် ဘယ်လောက်ကုန်မလဲမေးတတ်လို့ အကြမ်းတွက်လို့ရအောင်ပါ။ မြန်မာပြည် ဆောက်လုပ်ရေးမှာ ကျင်းနဲ့ ပြောကြပါတယ်။ကုဗကျင်းနဲ စကွဲယားကျင်း ဆိုပြီးရှိပါတယ်။
🏵️“ကုဗကျင်း”🏵️
ကုဗကျင်းက အလျား အနံ အမြင့် ၃ ခု မြှောက်တာပါ။ ၃ ခုမြှောက်လို့ ၁၀၀ ရရင် ၁ ကျင်းပါ။ ၅၀ ဆို ကျင်းဝက်၊ ၂၅ ဆို ကျင်းတစ်မတ် စသဖြင့်ပါ။ ကုဗကျင်းကို ၉ လက်မနဲ့ အထက် အုတ်စီခြင်းတို့ကွန်ကရစ်လောင်းခြင်းတို့ မြေကြီးတူးခြင်းတို့မှာ အများဆုံး သုံးပါတယ်။
ရှိသမျှ အလျားအနံအမြင့်တွေ လိုက်မြှောက် ပေါင်းလိုက်ရင်ကုဗကျင်းထွက်လာပါပြီ။ မြေကြီး၁ ကျင်းဆို ၁၀ ပေ ပတ်လည် ၁ ပေ အနက် ရှိရပါမယ်။
1:3:6 အချိုးကွန်ကရစ် ဘိလပ်မြေ ၁၃ အိတ်ခန့်သဲကျင်းဝက် ကျောက် ၁ ကျင်း1:2:4 အချိုး
ကွန်ကရစ် ဘိလပ်မြေ ၁၈ အိတ်ကျော်ခန့်သဲကျင်းဝက် ကျောက် ၁ ကျင်း
1: 1-1/2 အချိုး
ကွန်ကရစ် ဘိလပ်မြေ ၂၅ အိတ်ခန့်
သဲကျင်းဝက် ကျောက်၁ ကျင်း
အုတ်ဖိနပ်တွေမှာ အသုံးများတဲ့ ၉ လက်မအထက် အုတ်စီခြင်း
ကုဗတစ်ကျင်းဆို ၁၃၅၀ လုံး၊
ဘိလပ်မြေကတော့ သုံးတဲ့အချိုးမှာမူတည်ပါတယ်။
အများသုံးတဲ့ 1:4 အချိုးဆို
ဘိလပ်မြေ ၆ အိတ်နီးပါး၊ သဲ .၂၈ ကျင်းတစ်မတ် သာသာလောက်။
🏵️“စကွဲယားကျင်း”🏵️
စကွဲယားကျင်း အလျားနဲ့ အနံ ပဲမြှောက်ပြီး ၁၀၀ ဆို ၁ ကျင်း။
– ၄လက်မခွဲ အုတ်စီခြင်း
ဆေးသုတ်ခြင်းတို့
အမိုးမိုးခြင်းတို့
ကြွေပြားကပ်ခြင်းတို့မှာ သုံးပါတယ်။
– နံရံတွေမှာ အသုံးများတဲ့ ၄.၅ လက်မ အုတ်စီခြင်း မှာ အုတ် ၅၅၀ လုံး
– 1:4 အချိုး ဘိလပ်မြေ 2.7 အိတ် သဲ .11 ကျင်း
🏵️“သံချောင်း”🏵️
– သံချောင်းတစ်ချောင်းဟာ ဆိုက်မှန်ပါက
ပေ ၄၀/ ၁၂ မီတာရှိရပါတယ်။
သို့ပေမယ့် ၃၉ပေ ၆ လက်မလောက်ဆို မှန်တယ်ပြောရပါမယ်။
ဘာမားဖြစ်ကတော့ အတိအကျပြောလို့ မရပါဘူး။
တစ်တန်မှာရှိရမယ့် အချောင်းရေက
– 10 မီလီ ၃မူး ( ၃/၈) မှာ ပေ၄၀ အရှည် ၁၃၅ ချောင်း
– ၁၂ မီလီ ၅မူး ( 1/2) မှာ ၈၈ ချောင်း
– ၁၆ မီလီ ၆မူး ( 5/8) မှာ ၅၃ ချောင်း
– ၂၀ မီလီ ၃မတ် (3/4) မှာ ၃၃ ချောင်း
– ၂၅ မီလီ ကျပ်လုံးမှာ (1) မှာ ၂၁ ချောင်း ရှိပါတယ်။
🏵️“ဘိလပ်မြေ”🏵️
– ဘိလပ်မြေ ၁ အိတ်ဟာ ၅၀ ကီလိုလေးပြီး
အိတ်၂၀ ဟာ ၁ တန်ပါ။
– သံချောင်းတွေဆက်ဖို့လိုရင် တိုင်တွေမှာ
အနည်းဆုံး အဆ ၄၀ ထပ်မိနေစေ ရပါမယ်။
– ထုပ်တွေ ယက်မတွေမှာတော့ အဆ ၆၂ လောက်ထိ သုံးတတ်ပါတယ်။ ခိုချင်ရင်တော့ ၅၀ဆလောက် ဆို ရလောက်ပါတယ်။ အခုနောက်ပိုင်း မီတာနဲ့သုံးလာပါတယ်။
ဆက်သွယ်ချက်က
၁မီတာ 1M မှာ ၃ ပေ ၃ လက်မ ၃ မူးရှိပါတယ်။
လက်သမားနဲ့ ယှဉ်ပြောလို့ရတဲ့အခေါ်ပါ။
1 M မီတာ= 3.281 ပေ
1 လက်မ= 25.4 mm မီလီမီတာ
1 ( 1m X 1m) မီတာ စကွဲယား= 10.78 ပေစကွဲယား
ကွန်ကရစ် 1 (1mX 1mX 1m) မီတာကျု = 35.32 ကုဗပေ Cuft
Credit : မူရင်းရေးသားသူ