လက်သမားဆရာတွေ ပြောပြောနေကြတဲ့ အိမ်တစ်လုံးရဲ့ မြန်မာအခေါ်များ

အဆောက်အဦတစ်ခုရဲ့ အပေါ်ကနေ စပြောရရင် လက်သမားအခေါ် `ခေါင်လျောက်´ ဆိုတာဟာ ဒိုင်းများရဲ့အပေါ် ခေါင်အုပ်ရဲ့အောက်မှာ ရေပြင်ညီ ခေါင်တန်းနဲ့အပြိုင် ထည့်ထားတဲ့ ခေါင်တန်းကို ခေါ်တယ်။ အဲဒီခေါင်လျောက်ကို rafter plate လို့ခေါ်တယ်။ များသောအားဖြင့် ပျဉ်းကတိုး ၄”×၂” ၊ ၅”×၂” တို့ကိုသုံးလေ့ရှိတယ်။

မြန်မာအခေါ် ဒိုင်းကိုတော့ အင်္ဂလိပ်လို rafter လို့ခေါ်တာကိုတော့ သိကြပြီး ဖြစ်ပါလိမ့်မယ်။ မြင့်မိုရ်ပိတ်ဆိုတာကတော့ အဆောက်အဦ ဘေး ၂ ဘက်ရဲ့နံရံအပေါ်ပိုင်း တြိဂံပုံ နံရံကို ခေါ်တယ်။ အင်္ဂလိပ်လို gable wall လို့ခေါ်တယ်။ ပျဉ်ထောင်အိမ်ဆိုရင် ပျဉ်နဲ့ကာပြီး တိုက်အိမ်ဆိုရင် အုတ်နဲ့ပိတ်တယ်။

မြန်မာအခေါ်`ထုပ်´ဆိုတာက ၂ ဘက်ချ ဒိုင်းများရဲ့ အောက်ဖက် အဖျား ၂ ဘက်ကို ရေပြင်ညီချုပ်ထားတဲ့တန်း ဖြစ်တယ်။ အင်္ဂလိပ်လို tie beam သို့မဟုတ် roof tie လို့ခေါ်တယ်။ များသောအားဖြင့် ပျဉ်းကတိုးသစ် ၄”×၂”၊ ၅”×၂” တို့ကိုသုံးလေ့ရှိတယ်။ အင်ဂျင်နီယာကျောင်းသားများ အများဆုံးမှားတတ်တယ်။

လျောက်ဆိုတာကတော့ ထုပ်နဲ့ ကန့်လန်ဖြတ် အနေအထားအတိုင်းရှိတဲ့ သစ်သားကို ခေါ်တယ်။ လျောက်တန်းကို အများအားဖြင့် ထုပ်အပေါ်မှာ ထားလေ့ရှိတယ်။ ဒိုင်းများနားခိုနိုင်အောင် ထားတဲ့ရေပြင်ညီတန်း ဖြစ်တယ်။ သူ့ကိုလည်း များသောအားဖြင့် ၅”×၂” နဲ့ ပြုလုပ်လေ့ရှိတယ်။ အင်္ဂလိပ်လိုတော့ wall plate လို့ခေါ်တယ်။ သူ့အောက်မှာ နံရံရှိလို့ ဖြစ်တယ်။

ပျဉ်ထောင်အိမ်များမှာ သစ်သားကြမ်းခင်းခင်းဖို့ ဆင့်မတင်မီ အရင်ဆုံးတင်ရတဲ့ သစ်သားက ရက်မဖြစ်တယ်။ ကြမ်းခင်းကို တောင့်စေဖို့ ရက်မကို ၅”×၂” နဲ့တင်လေ့ရှိတယ်။ အင်္ဂလိပ်လို ရက်မကို beam လို့ခေါ်တယ်။ အိမ်တစ်အိမ်မှာ ကြမ်းခင်းတောင့်တင်းဖို့အတွက် ရက်မကို ၅ ပေထက်ပို မဝေးရဘူး။

ရက်မရဲ့အပေါ်မှာ ပျဉ်းကတိုး ၄”×၂”နဲ့ ဆင့်ကိုတင်လေ့ရှိတယ်။ ဆင့်ကို အင်္ဂလိပ်လို joist လို့ခေါ်တယ်။ ကြမ်းခင်း မညွှတ်ဖို့အတွက် ဆင့်များကိုလည်း ၁၀ လက်မ ခြားထားလေ့ရှိတယ်။

ကြမ်းခင်းဆင့်များကို ပိတ်တဲ့ ပျဉ်ပြားကို ခါးပန်းလို့ခေါ်တယ်။ ၁ လက်မထုရှိတဲ့ ပျဉ်ပြားဗျက်ကတော့ အမျိုးမျိုးရှိတယ်။ ၆ လက်မကနေ ၁၂ လက်မအထိ ရှိတတ်တယ်။ ဒါကို အင်္ဂလိပ်လို facia board လို့ခေါ်တယ်။ ပန်းဆွဲကိုလည်း facia, fascia နဲ့ eaves board လို့လည်းခေါ်တယ်။

ဒိုင်းများရဲ့အပေါ်မှာ မြားတန်းများတင်ရတယ်။ ဒိုင်းရဲ့ အစိုင်းကြောင့် မြားတန်း လဲမကျအောင် ဖားများ (cleats) ခံပေးရပါသေးတယ်။ အဲဒီမြားကို purlin လို့ခေါ်တယ်။ ပျဉ်းကတိုး ၃”×၂”နဲ့ ၄”×၂” တို့ကို ၃ ပေခွဲထက် မဝေးအောင် တင်ပေးရတယ်။

တချို့ မြားတန်းပေါ်မှာ အုတ်ကြွတ်မိုးဖို့အတွက် ၂”×၁” သစ်သားနဲ့ အခြင်တန်းတင်ရတယ်။ အဲဒီအခြင်တန်းကို batten လို့ခေါ်တယ်။ batten အစိတ်အကြဲကို အုတ်ကြွတ်အမိုးပြားရဲ့ ချိတ်အပေါ်မူတည်ပြီး ထည့်ရတယ်။

တချို့ ဒိုင်းများကို ထောက်ပေးတဲ့ တိုင်ကို မြာတိုင်လို့ခေါ်တယ်။ ဒါကိုအင်္ဂလိပ်လို king post လို့ခေါ်တယ်။ အများအားဖြင့် ၄”×၄” တိုင်များနဲ့ ပြုလုပ်လေ့ရှိတယ်။

အဆောက်အဦတစ်လုံးဆောက်လို့ နံရံများ မတက်မီ အဖြူထည်ကို အင်္ဂလိပ်လို framework လို့ခေါ်တယ်။

Credit : မူရင်းရေးသားသူ