ဆိုလာတပ်သူတွေ မြေစိုက်ကြိုး (အပ်ကြိုး) ထည့်သွင်း တပ်ဆင်သင့်တဲ့ အကြောင်းအရင်း

ဆိုလာတပ်သူတွေ မြေစိုက်ကြိုး (အပ်ကြိုး) ထည့်ကြပါ။ တခြားမီးစက်နဲ့ အမြင့်မှာ တပ်ဆင်တဲ့ ဆက်သွယ်ရေးနဲ့ စလောင်းလို ပစ္စည်းများမှာလဲ လိုအပ်ပါတယ်။

မြေစိုက်ကြိုးက မိုးကြိုးလျှပ်စီး lightning thunder strike နဲ့ တည်ငြိမ်လျှပ်စစ် static charge ကြောင့် ပျက်စီးစေခြင်းနဲ့ လက်နှင့်ထိမိကကျင်ခြင်း static charge induce ရုတ်တရပ်နှလုံးရပ် သေဆုံးခြင်းတို့ကို ကာကွယ်ပေးပါတယ်။

ဆိုလာအပါအဝင် လျှပ်စစ်ပစ္စည်းတပ်ဆင်လျင် တတ်မြောက်ကျွမ်းသူနဲ့ တိုင်ပင်ဆွေးနွေးပြီး လျှပ်စစ် ကျွမ်းကျင်သူနဲ့ တပ်ဆင်ပါ။ အရည်အသွေးကောင်းမွန်တဲ့ ပစ္စည်းကိုသုံးပါ။ တတ်နိုင်ရင် အခုခေတ်ပေါ် စွမ်းအင် ချွေတာတဲ့ တီဗွီ၊ အဲယားကွန်း ရေခဲသေတ္တ၊ ကွန်ပျုတာ အစရှိသည်တို့ကိုသာ သုံးပါ။

ဆိုလာတပ်သူတွေ မီးကြိုးဆွဲမယ်ဆိုရင်

၅ ကေဗွီအေ အင်ဗာတာဆိုရင် ၆ စတုရန်းမမ ဝါယာကြိုး 5KVA – 6 SqMM (10 AWG)

၃ ကေဗွီအေ အင်ဗာတာဆိုရင် ၄ စတုရန်းမမ ဝါယာကြိုး 3KVA – 4 SqMM (12AWG)

မီးကြိုးနှစ်ချောင်းအပြင် ဖြူ/စိမ်း ground/earth wire ကိုလည်း မီးကြိုးဆွဲရာမှာ တပ်ဆင်ပါ။ ground/earth wire နဲ့ earthing wire system မတူပါဘူး။

Gauge ပြည့်တဲ့ wire ကိုသာ သုံးပါ။ (များသောအားဖြင့် မပြည့်တတ်ပါ)။ လိုအပ်တဲ့ နေရာတိုင်းမှာ နှစ်လိုင်းဖြတ် (two-poles) circuit breakers တွေကိုဘဲသုံးပါ၊ ဒါမှ အပြင် လျှပ်စီးပါတ်လမ်းနဲ့ အတွင်းလျှပ်စီးပါတ်လမ်းကို ခွဲထားနိုင်မှာပါ။ တချို့ အင်ဗာတာတွေ အဲသလို မလုပ်ရင် ကောင်းစွာ အလုပ်မလုပ်ပါ။

ဓါတ်လိုက်တာက earth fault ကာကွယ်ဖို့က လျှပ်စီးဖြတ်ခလုပ် breaker နေရာမှာ earth leakage circuit breaker လို့ခေါ်တဲ့ ELCB မီးဖြတ်ခလုပ် တပ်ပေးပါ။

Credit : Original Writer