ဘိလပ်မြေ အတုနှင့်အစစ် ခွဲခြားနိုင်တဲ့ နည်းလမ်း

လုပ်ငန်းခွင်ဝင်နေကြသော အင်ဂျင်နီယာများ၊ ကန်ထရိုက်တာများ၊ ပန်းရံသမားများစသဖြင့် ဘိလပ်မြေနဲ့ ပတ်သက်ဆက်နွယ်နေသူအားလုံး သိစေဖို့အတွက် ဘိလပ်မြေ အတုအစစ် ခွဲခြားနည်းကို ဖော်ပြပေးလိုက်ပါတယ်။

၁။ ဘိလပ်မြေအမှုန့် အနည်းငယ်ကို ရေဖျော်ပြီး အလုံးကလေး (၂) လုံး၊ (၃) လုံးခန့် လုံးပြီး ခဏအခြောက်ခံထားပါ။ (၂) မိနစ်ခန့်ကြာသော် ထိုဘိလပ်မြေလုံးများအား လက်ဖြင့် ဖိခြင်း ဖျစ်ကြည့်ခြင်းများ ပြုလုပ်ပါ။ လုံး၀ ကွဲအက်မသွားဘဲ သံခဲ၊ ကျောက်ခဲကဲ့သို့ မာနေလျှင် ဘိလပ်မြေ အစစ်ဖြစ်သည်။ ကွဲအက်သွားပါက ဘိလပ်မြေ အတုဖြစ်ပါသည်။

၂။ ဘိလပ်မြေအမှုန့် အနည်းငယ်ပေါ်သို့ သံပရာရည် (သို့) ရှောက်ရည် အနည်းငယ် ညှစ်ကြည့်ပါ။ ပွက်ပွက်ဆူလာလျှင် ဘိလပ်မြေ အစစ်ဖြစ်ပြီး လုံးဝဆူပွက်မလာပါက အတုဖြစ်ကြောင်းသိရှိနိုင်ပါသည်။

အထက်ပါ နည်းများမှာ ဘိလပ်မြေစက်ရုံ အမှတ် (၁) သရက်မြို့ အမျိုးအစား စစ်ဆေးရေးဌာနမှ ဦးအေးကျော်၏ ပြောပြချက် ဖြစ်ပါသည်။

Credit : မူရင်းရေးသားသူ