မိသားစု တစ်နိုင်တစ်ပိုင်နဲ့ စီပွားဖြစ် ရောင်းချလို့ရတဲ့ ဆန်ချိုအေး ပြုလုပ်နည်း

ရင်ထဲကိုအေး ဆန်ချိုအေးအေးလေး ခံတွင်းရှင်းလို့ ထမင်းစားပြီး သောက်ကြစို့

ပါဝင်ပစ္စည်းများ

– ကောက်ညင်းဆန် နို့ဆီဘူး -၂ဘူး
– ဆန်ချိုဆေးမှုန့် ၁ဇွန်း (စားပွဲတင်ဇွန်း) (ရန်ကုန်မှာဆိုရင် သံစျေးမှာ မေးဝယ်လို့ ရပါတယ် )
– သကြား -၂၅ကျပ်သား

ပြုလုပ်နည်း

ပထမ ကောက်ညင်းကို ရေစိမ်ထားပြီးပေါင်းပါ။ ခပ်တင်းတင်းအနေထားပေါင်းရပါမယ်။ပေါင်းပြီးအအေးခံကာ ရေဆေးချပါ။ သန့်ရှင်းသော ဆီကင်းသော အဝကျယ်ပုံး သို့ ဘူးတခုတွင်ထည့်ပါ ။ ကောက်ညင်း နှစ်ဘူးလျှင်ရေ ၅လီတာခန့် ထည့်ပါ။

ဆန်ချိုဆေးကိုပိတ်စပါးတခုဖြင့်ထုတ်ပြီး ရေစိမ်ထားသော ကောက်ညှင်းဆန်အတွင်းထည့်ကာ ဆေးအရည်ပျော်ရန် အနည်းငယ် ခြေပေးပြီးအထက်အောက် မွေပါ။ အဖုံးလုံအောင်ပိတ်ပြီး ပူနွေးသော နေရာတွင် ဖောက်ထားပါ ။ ရာသီဥတု ပူနွေးပါက ၁ရက်ခွဲခန့်တွင် ရပါပြီ ။

ဖောက်ထားသော ကောက်ညင်းဆန်ဖတ်များ ရေပေါ် ပေါလောပေါ်လာပါက ဆန်ချိုအေး ပြုလုပ်ရန် အသင့်ဖြစ်ပါပြီ။

ကောက်ညင်းဆန်ဖတ်လေးတွေ ဖျော်စပ်တဲ့အခါ ပိုပီး ပေါလောပေါ်စေချင်ရင်တော့ သကြားရည်နဲ့ အဆိုပါ ကောက်ညှင်းဆန်ဖတ်ကို ရောပီး ပေါင်းအိုးထဲထည့်၊ အနွေးခလုတ်ကို နှိပ်ပြီး ၁၀ နာရီလောက်ပစ်ထားလိုက်ပါ။

ဆန်ဖတ်လေးတွ ပေါလောပေါ်လာရင် ဆယ်ပြီး သကြားရည်၊ ရေခဲ၊ သံပုရာသီး၊ ဂျင်း၊ သဖန်းသီးခြောက် နှစ်သက်ရာ အရသာချိုချဉ် အနေထား ဖျော်စပ်ပီး အမောပြေ သောက်ကြစို့နော်။

အရသာပြင်းရှတဲ့ ဆန်ချိုအေးကိုမှ သောက်ချင်တယ်ဆိုရင်တော့ ဖျော်စပ်ပြီးသား ဆန်ချိုအေးကို အပြင်မှာ တစ်ရက်ထားပါ။

Credit : မူရင်းရေးသားသူ