စားလို့ အရမ်းကောင်းတဲ့ ကိုကာကိုလာ ကြက်တောင်ပံကြော်နည်း

ကိုကာကိုလာ ကြက်တောင်ပံကြော်ဖို့ လိုအပ်တာများကတော့

– ကြက်တောင်ပံ ၁ ကီလို
– ကိုကာကာလာ (300ml)
– ချင်း
– ကြက်သွန်မြိတ်
– ကြက်သွန်ဖြူ
– ဆား
– နှမ်း
– ငရုတ်ကောင်းမှုန့်တို့ လိုအပ်ပါတယ်။

အရင်ဆုံး ကြက်တောင်ပံတွေကို သန့်စင်ဆေးကြောပြီး နှစ်ပိုင်းပိုင်းကာ ငရုတ်ကောင်းမှုန့်၊ ဆားအနည်းငယ်ထည့်ပြီး ခဏ နှပ်ထားပါ။ ဒယ်အိုးထဲ ဆီအနည်းငယ် ထည့်ပြီး ဆီပူလာရင် ကြက်တောင်ပံတွေကို ရွှေအိုရောင် အနည်းငယ် သမ်းသွားတဲ့အထိ တဖက်ကို ၅ မိနစ်ခန့်စီ ကြော်ပေးပါ။

ကြက်တောင်ပံတွေ ရွှေအိုရောင် သမ်းလာပြီဆိုရင် မီးလျှော့ပြီး ကိုကာကိုလာ 300 ml တဘူး လောင်းထည့်ပါ။ ပဲငံပြာရည် စားပွဲတင်ဇွန်း ၃ ဇွန်း ထည့်ပါ။ ကြိတ်ထားတဲ့ ချင်း၊ ကြက်သွန်ဖြူ အနည်းငယ်ထည့်ပါ။

၅ မိနစ် လောက်တည်ပြီးရင် အထက်အောက်ညီအောင် တဖက်ကို လှန်ပေးပါ။ ၁၀ မိနစ်လောက်ကြာလို့ အသား နူးပြီးဆိုရင် မီးအေးအေးနဲ့ အချိုရည်တွေ ပျစ်သွားတဲ့အထိ နောက်ထပ် ၃ မိနစ်လောက် ထပ်တည်ထားပါ။

အသားလည်းနူးအိပြီး ကိုကာကိုလာတွေ ကြက်သားထဲ စိမ့်ဝင်သွားပြီဆိုရင် အရသာရှိတဲ့ နာမည်ကျော် ကိုကာကိုလာ ကြက်တောင်ပံကြော် ရပါပြီ။ ပန်းကန်ထဲထည့်ပြီး ပါးပါးလှီး ထားတဲ့ ကြက်သွန်မြိတ်နဲ့ နှမ်းလေး ဖြူးလိုက်ရုံပါပဲ။

Ref: Yummy Kitchen
Credit: Irrwaddy