လုပ်ရောင်းချင်လည်း လုပ်ရောင်းလို့ရအောင် လုပ်စားချင်လည်း လုပ်စားလို့ရအောင် ရေခဲမုန့်လုပ်နည်းကို မျှဝေပေးလိုက်ပါသည်

လုပ်ရောင်းချင်လည်း လုပ်ရောင်းလို့ရအောင် လုပ်စားချင်လည်း လုပ်စားလို့ရအောင် ရေခဲမုန့်လုပ်နည်းကို မျှဝေပေးလိုက်ပါသည်။

ရေခဲမုန့်ကို နွားနို့နဲ့လည်း လုပ်လို့ရသလို နို့မှုန့်နဲ့လည်း လုပ်လို့ရပါတယ်။ နွားနို့ဆိုရင် နို့စစ်စစ်နဲ့ ပိုကောင်းပါတယ်။

နွားနို့စစ်စစ် ၁ ပိသာကို ဆူပွက်အောင်ကြိုပါ။ နို့မှုန့်ဆိုရင် ဂရမ် ၂၀၀ ကို ရေတစ်လီတာဘူးရှိတဲ့ ပွက်ပွက်ဆူနေတဲ့ ရေနွေးနဲ့ဖျော်ပါ။

ကျောက်ကျောမှုန့် စတီးဇွန်း ၁ ဇွန်း ၊ ပြောင်းဖူးမှုန့် စတီးဇွန်း ၂ ဇွန်းလောက်ကို ရေနည်းနည်းထည့်ပြီး အရည်ပျစ်ပျစ် ဖျော်ပါ။

ပြီးရင် ဆူပွက်နေတဲ့ နို့အိုးထဲကို လောင်းထည့်ပါ။ သကြားစတီးဇွန်း ၅ ဇွန်းနဲ့ ဆားနည်းနည်း ထည့်ပါ။မပြတ်မွှေပေးပြီး ပျစ်လာအောင် ကျိုပါ။

ပျစ်ပျစ်လေး ဖြစ်လာရင် မီးဖိုပေါ်ကချပြီး အအေးခံပါ။ အေးတဲ့အခါ ရေခဲသေတ္တာ အပေါ်ကန့်မှာ ၄ နာရီလောက် ထည့်ပြီး အအေးခံပါ ။ ပြီးရင် ရေခဲသေတ္တာထဲက ထုတ်ပြီး သစ်သီးမွှေစက် (Blender) ထဲထည့်ပြီး တစ်မိနစ်လောက်မွှေပါ။

တကယ်လို့ ချောကလက် ရေခဲမုန့် လိုချင်ရင် ချောကလက်မှုန့် စတီးဇွန်း ၁၀ ဇွန်း ထည့်မွှေပါ။

ဒူးရင်းသီး ရေခဲမုန့် လိုချင်ရင် ဒူးရင်းသီးအသား ထည့်မွှေပါ။ နည်းနည်းထည့်ရင် နည်းနည်းမွှေးမယ်။ များများထည့်ရင် များများမွှေးမယ်။ နှစ်သက်သလောက် ထည့်နိုင်ပါတယ်။ ရေခဲမုန့် အနေအထားကြည့်ပြီး ချင့်ချိန်ထည့်ပါ။

သီးစုံ ရေခဲမုန့် လိုချင်ရင်တော့ ကျောက်ဖရုံယို ၊ စပျစ်သီးခြောက် ၊သီဟိုဠ်စေ့ တို့ကို မွှေပြီးမှ ထည့်ပါ။ သမအောင် ဇွန်းနဲ့မွှေပါ။ Blender ထဲ ထည့်မွှေရင် ကြေကုန်ပါမယ်။

ကိုယ်လိုချင်တဲ့ရေခဲမုန့်ကို ဉာဏ်ရှိရင် ရှိသလို ဆန်းသစ်တီထွင်နိုင်ပါတယ်။ မွှေပြီးရင် ရေခဲသေတ္တာအပေါ်ခန်း (ရေခဲခန်း) ထဲ ပြန်ထည့်ပါ။ ၈ နာရီ ပြည့်ရင် ရေခဲမုန့် ကောင်းကောင်း ခဲပါပြီ။

Credit : မူရင်းရေးသားသူ