အချိုမှုန့်ထက် အဆတစ်ရာ ကောင်းပြီး ကျန်းမာရေး မထိခိုက်တဲ့ သဘာဝ ဟင်းခပ်မှုန့် ပြုလုပ်နည်း

အခုခေတ်မှာ ကြက်သားအမှုန့်ဆိုတဲ့ ဈေးချိုချို အထုပ်တွေဟာ နေရာယူလာပါတယ်။ အချိုမှုန့်အစားထိုး သုံးကြပေမယ့် ရောင်းတန်းဖြစ်တဲ့အတွက် သူတို့ဟာလည်း အချိုမှုန့်တွေ နည်းနည်းပါနေသေးတယ်ဆိုတဲ့ သတင်းကို ဖတ်မိကြမှာပါ။

ဒါကြောင့် အန္တရာယ်ကင်းတဲ့ အချိုမှုန့် ပြုလုပ်နည်းလေးကို မိသားစုတွေ အတွက် ပေးချင်ပါတယ်။ အိမ်မှာလည်း သုံးနေတဲ့ နည်းလေးပါ။

၁။ ကန်ဇွန်းဥ – ၅၀သား
၂။ ကြက်သွန်နီ -၂၀သား
၃။ ကြက်သွန်ဖြူ- ၅ကျပ်သား
၄။ ဆား၊ထမင်းစားဇွန်း – ၁ဇွန်း
၅။ သကြား ထမင်းစားဇွန်း -၃ဇွန်း
၆။ အုန်းထန်းလျက် – ၅လုံး
၇။ ငရုပ်ကောင်းထမင်းစားဇွန်း – ၁ဇွန်း

ကန်းဇွန်းဥ၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူတို့ကို ”ခြစ်” နဲ့ ပါးပါး ခြစ်ပါ။ နေပူပူမှာ နေလှန်းပါ။ မီးအေးအေးနဲ့ မွှေပါ။ ကြွပ်နေအောင်မွှေပါ။

ကန်ဇွန်းဥ ကြက်သွန်မွှေးနံလေး ရပြီဆိုတာနဲ့ ဆား၊ သကြား၊ ငရုပ်ကောင်း၊ ထန်းလျက်တို့ကို ထုချေပြီးထည့်ပါ။ အအေးခံပါ။ ပြီးရင်Blander နဲ့ မှုန့်နေအောင် ကြိတ်ပါ။ ပြီးရင် ပုလင်းထဲထည့်ပြီး လေလုံအောင် သိမ်းထားပါ။ ဒါဆိုရင် အသင့်သုံးဖို့ အန္တရာယ်ကင်းတဲ့ အချိုမူန့် ရပါပြီ။

ဈေးထဲက ဝယ်ထားတဲ့ (မီးဖိုချောင် လူသတ်သမားကြီး) အချိုမူန့်ကို အမိူက်ပုံးထဲသို့ လွှတ်ပစ်လိုက်လို့ ရပါပြီ။

Credit : မူရင်းရေးသားသူ