ချဥ်ဖတ်စိမ်နည်းလေးပါ

ချဉ်ဖတ်စိမ်ရင် စဥ့်အိုးလေးနဲ့ထည့်ပြီး စိမ်ကြည့်နော်။ အရသာမှာ သိသိသာသာ ကွာပါတယ်။ တစ်ချို့က ဆန်းဆေးရည်နဲ့ စိမ်ကြတယ်။ ဆန်းဆေးရည်က အစိမ်းဆိုတော့ ပုပ်လွယ်တယ်။ ထမင်းရည်နဲ့ စိမ်ပါနော်။ ထမင်းရည်က ချက်ထားတာဆိုတော့ ချဉ်ဖတ်အိုးက ပိုပြီးခံတယ် ပိုးပြီးစားကောင်းပါတယ်။

ထမင်းရည်ကို အအေးခံထားပါ။ ချဉ်ဖတ်ထည့်မည့် အိုးထဲကို ထမင်းရည် အအေးခံထားတာ ထည့်ပေးပါ။ ဆားထည့်ပါ။ ပြီးရင် အဖုံးပိတ်ပြီး တစ်ရက်လောက် ထားပေးပါ။ နောက်ရက်မှ ကိုကြိုက်တဲ့ အသီးအရွက်ထည့်ပါ။ အဖုံး ပိတ်ထားပေးပါ။

ထမင်းနဲ့ စိမ်မယ်ဆိုရင် ထမင်းကို နေခြောက်လှန်းလိုက်ပါ။ ရေနွေးတည်ပြီး အအေးခံထားပါ။ ကိုယ်ထည့်မယ့် အိုးထဲကို ထမင်းခြောက်ထည့်ပါ။ အအေးခံထားတဲ့ ရေနွေးထည့်ပါ။ ဆားထည့်ပါ။ ပြီးရင် အဖုန်းပိတ်ပြီး တစ်ည သိပ်ထားလိုက်ပါ။ နောက်ရက်မှ အသီးအရွက် ထည့်ပါဗျ။

ထမင်းနဲ့စိမ်ရင် ချဉ်အိုးက ပိုပြီးခံပါတယ်။ ကတက်ချဉ်ဆို တစ်လလောက်ထိကို ခံပါတယ်ဗျ။ ၂ ရက် ၃ ရက်လောက်နေရင် စားလို့ရပါပြီ။ စဥ့်အိုးနဲ့တည်ရင် အဖုံးအုပ်ပြီး နေရောင်အောက်မှာ ထားပေးရင် မြန်မြန်ချဉ်ပြီး စားကောင်းပါတယ်။

ချဉ်ဖတ်မစိမ်တတ်တဲ့ သူတွေအတွက် ချဉ်ဖတ်စိမ်နည်းလေး မျှဝေပေးလိုက်ပါတယ်။

Foodie Phone Min Ko