ဒိန်ချဉ် ကြိုက်သူများအတွက် ဒိန်ချဉ် လုပ်နည်း

နွားနို့ ၁ ပိသာကို ဆူအောင်ကျိုပါ ။ ကျိုတဲ့အခါ ဆူရုံလေးပဲ မထားပါနဲ့ ။ ကြာကြာလေး ကျိုပါ ။ တအားလည်း မပျစ်ပါစေနဲ့ ။ ပြီးရင် မီးဖိုပေါ်က ချပြီး အအေးခံပါ ။ လုံးဝ အေးသွားတဲ့အထိ မစောင့်ရပါ ။ (နွေးနွေးလေးမှာ အချဉ်ကို ထည့်ရမှာမို့ပါ) လက်ညိုးကိုထည့်ကြည့်လို့ အပူခံနိုင်တယ်ဆိုရုံလေးပေါ့ ။

အချဉ် (ဟင်းခတ်ဇွန်း ၁ ဇွန်း) ထည့်ပြီး မွှေပေးပါ ။
ပြီးရင် အုပ်ဆောင်းနဲ့အုပ်ပြီး မရွေ့လျားစေဘဲ ၂၄ နာရီ ထားပါ ။ အခန်းအပူချိန်မှာပဲ ထားရမှာပါ ။ ၂၄ နာရီပြည့်ရင် ဒိန်ချဉ် ဖြစ်ပါပြီ။

သတိပြုရမှာတွေက လေလုံအောင် အိုးကိုပိတ်မထားရပါဘူး ။ ခဏခဏလည်း မမွှေရပါဘူး ။ အချဉ်ထည့်ချိန်မှာသာ မွှေပေးရတာပါ ။ အချဉ်ထည့်ချိန်မှာ လုံးဝအေးမနေရဘူး ။

အချဉ်ကို ဘယ်လိုလုပ်ရတာလဲဆိုတော့ နွားနို့ အစိမ်း အကြမ်းပန်းကန် ၁ လုံးစာကို ဘာမှမလုပ်ဘဲ ဘာမှမထည့်ဘဲ အခန်းအပူချိန်မှာ ၂၄ နာရီထားရင် အချဉ် ဖြစ်ပါပြီ ။ အဲဒီအချဉ်ကို အပေါ်ယံပဲဖြစ်ဖြစ် မွှေပြီးပဲဖြစ်ဖြစ် သုံးနိုင်ပါတယ် ။

ဒိန်ချဉ်ရပြီဆိုရင်တော့ နောက်ထပ်လုပ်မဲ့ ဒိန်ချဉ်အတွက် ဒိန်ချဉ်အဟောင်းကိုပဲ အချဉ်အဖြစ်သုံးနိုင်ပါတယ် ။

အချိုးအဆကတော့ နွားနို့ ၁ ပိဿာ အချဉ် ၁ ဇွန်းပါပဲ (ဟင်းခတ်ဇွန်း)။ ဒိန်ချဉ်ဖြစ်သွားပြီဆိုရင် ရေခဲသေတာထဲမှာ အကြာကြီးထားလို့ရပါတယ် ။

ဒိန်ချဉ်နဲ့စားဖို့ သကြားရည်ပဲကျိုကျို ၊ ထန်းလျက်ရည်ပဲကျိုကျို ဆားလေး နည်းနည်းထည့်ကျိုပါ ။ ရေကိုတော့ အများကြီးမထည့်ပါနဲ့။ သကြားရော ထန်းလျက်ရောက အပူပေးရင် ပျော်ပါတယ် ။ အိုးမကပ်ရုံသာ ရေထည့်ပါနော် ။ ကဲမိတ်ဆွေတို့ ကျန်းမာရေးနဲ့ညီညွတ်တဲ့ ဒိန်ချဉ်လေး လုပ်စားကြည့်မယ်နော် ။

Credit : MyFood Myanmar