တဆေး (yeast) ဖော်စပ်နည်း

တဆေး ထည့်ပါလို့ ပြောခြင်းက အချဉ်ဖောက်ခြင်းလုပ်ငန်း မြန်စေခြင်လို့ပါ။ တဆေးဆိုတာ Yeast လို့အင်္ဂလိပ်လို ခေါ်ပါတယ်။ အဲ့ဒီ Yeast ရအောင် နည်းလမ်းတွေက ဒီလိုရှိမယ်ဗျ။

ကဲ စမ်းကြည့်ရအောင်

ဂျူံမုန့် – နို့ဆီဗူးထက်ဝက်
သကြား – ထမင်းစား ဇွန်း ၄ ဇွန်း
ပျားရည် ရနိုင်ရင် – ၁ ဇွန်းထည့်
ဒိန်ချဉ်ရနိုင်ရင် – ၂ ဇွန်းထည့်
ရေ ခပ်နွေးနွေးလေးနဲ့ မပျစ် မကြဲ မွှေ။ ပြီးရင် ဇကာလေး တစ်ခုနဲ့ အုပ်ထားလိုက်။ ၂၄ နာရီဆို တဆေး ဖြစ်ပြီ။ သူ့သက်တမ်းက ၇ ရက် အလွန်ဆုံးဘဲ။ အဲ့ဒီအတောအတွင်း ကုန်အောင်သုံးပေတော့။

နောက်တနည်းက

ထန်းရေ စစ်စစ် ပင်ကျကို နို့ဆီ တစ်ခွက်ခပ်ယူ။
ရေသန့်ဗူးထဲထည့် သကြား ၄ ဇွန်းထည့်။
အဖုံး လုံအောင် မဖုံးနဲ့ လျှံကျမယ်။
၂ ရက် နေရင် အာ့လဲ Yeast ဘဲ ၅ ရက်အတွင်း အသုံးပြု။

နောက်တနည်းက

မှည့်နေတဲ့ အရည်ရွှမ်းတဲ့ ဘယ်အသီးကို မဆို ၂၀ သားလောက်ယူ။ အတုံးသေးလေးတွေ တုံး။ သကြား အစိပ်သားထည့်။ ဆန်ဆေးရည် နို့ဆီဗူး နှစ်ဗူး ထည့်။ ၇ ရက်ကြာရင် အာ့လဲ yeast ဘဲ။ နေပူလေ မြန်လေ ကောင်းလေ။ နေပူထဲတော့ မထားနဲ့ပေါ့ဗျာ။ ဒီကောင်ကြတော့ အကြာကြီး ထားလို့ရတယ်။ ၆ လ လောက်အထိ ထားလို့ရပါတယ်။

Credit : မူရင်းရေးသားသူ