အီကြာကွေး ကြိုက်သူတွေအတွက် အီကြာကွေး လုပ်နည်း

အီကြာကွေးကို စင်္ကာပူ မလေးရှားမှာလည်း နေရာတိုင်းမှာ ရောင်းချထားတာ တွေ့နိုင်ပါတယ်။ ပဲနို့နဲ့လိုက်ဖက်တဲ့ မနက်ခင်းစာလည်း ဖြစ်ပါတယ်။ အီကြာကွေး လုပ်နည်းကတော့ တစ်ယောက်နဲ့ တစ်ယောက် မတူတဲ့ လုပ်နည်းတွေ ရှိပါတယ်။ အိမ်ရှင်မများ မိမိ အိမ်သားတွေကို သန့်ရှင်းလတ်ဆတ်စွာ လုပ်ကျွေးနိုင်ဖို့ မိရိုးဖလာလုပ်လာတဲ့နည်းကို မျှဝေပေးလိုက်ပါတယ်။

ပါဝင်ပစ္စည်း (အီကြာကွေး ၁၅ ချောင်းစာ)

ဂျုံ – ၅၀၀ ဂရမ်
ရေ သို့ နွားနို့ – ၃၅၀ ml
ဆား – လ္ဘက်ဇွန်း တစ်ဇွန်း
သကြား – ၃ ဇွန်း စားပွဲဇွန်း
ဆီ – ၂ဇွန်း စားပွဲဇွန်း
Yeast – လ္ဘက်ဇွန်းတဝက်
Baking powder – လ္ဘက်ဇွန်းတဇွန်း
ကြက်ဥ – တစ်လုံး

ပြင်ဆင်ပြုလုပ်ပုံ

၁။ ခွက်တခုတွင် နွားနို့ကို ခပ်နွေးနွေး အပူပေးပြီး yeast ထည့်ကာ ဖျော်ထားပါ။ ဇလုံတစ်ခုတွင် ပါဝင်ဂျုံ၊ ဆား၊ သကြား၊ ကြက်ဥဆီ၊ baking powder တို့ကိုထည့်ပြီး သမအောင် မွေပေးပါ။ နို့နွေးနွေးနှင့် yeast ရောစပ်ထားသည်ကို ထည့်ပြီး သမအောင် မွှေပေးပါ။ ဂျုံသားများဟာ အလွန်ပျော့နေရပါ့မည်။ဤအဆင့်တွင် ပလပ်စတစ်ဖြင့် အုပ်ပြီး ရေခဲသေတ္တာတွင် တစ်ညနှပ်ထားပြီး ကျန်အဆင့်များကို မနက်ကြော်ခါနည်း အချိန်မှသာ ဆက်လုပ်နိုင်သည်။

၂။ ပြီးလျှင် ဂျုံသားအားလုံးကို စားပွဲပေါ်တင်ကာလက်ဖြင့် ဖိချေပြီး ရေခြောက်လာသည်အထိ (၁၅) မိနစ်ခန့် နှယ်ပေးပါ။ အီကြာကွေး ပြုလုပ်ရာမှာ အရေးကြီးဆုံး အချက်က ဂျုံနှယ်တဲ့အချိန် ဖြစ်ပါတယ်။

၃။ ရေခြောက်ပြီး လက်တွင် မကပ်၊ စားပွဲတွင် မကပ်တော့သော အနေထားရပါက ဂျုံဖြူးပြီး လေးထောင့် အနေခေါက်ကာ ရေစိုဖန့်ဖန့် အဝတ် သို့မဟုတ် ပလပ်စတစ်ဖြင့် အုပ်ပြီး မိနစ် ၃၀ မှ ၄၅ မိနစ်ထိ အပွခံထားပါ။

၄။ လိုအပ်သော အပွအနေထားရပါက စားပွဲတွင် ဂျုံမှုန့်ဖြူးကာ ခေါက်ထားသော လေးထောင့် အနေထားအတိုင်း အောက်ဘက်မှ လက်လျိုပြီး လိုအပ်သော အထူအနေထားထိ ဆွဲဖြန့်ပေးပါ။ အထူးအပါး ညီအောင်ဖြန့်ပါ။ လိုအပ်ပါက ၁၀ မိနစ်ခန့် ပြန်ပွအောင်ထားပါ။

၅။ အပေါ်ယံ မျက်နှာပြင် မခြောက်အောင် အဝတ်ပါး အုပ်ထားပါ။ ကြော်ရန် ဆီအိုး အဆင်သင့်တည်ထားပါ။

၆။ ဆီပူပါက ဖြန့်ထားသော ဂျုံကို တစ်လက်မ အကျယ်ခန့် ဖြတ်ပေးပါ။ ဖြတ်ပြီးသား ဂျုံကို အလယ်မှ ထပ်ပိုင်းပိုင်းကာ တစ်ပိုင်းကို ရေစွတ်ပေးပြီး ကျန်တပိုင်းကို အပေါ်မှ ထပ်တင်ပေးပါ။

အရှည် ပြုလုပ်လိုပါက နှစ်ချောင်းထပ်ပါ။ ပြီးလျှင်ခေါက်ဆွဲစားသော တူဖြင့် ထပ်ထားသော ဂျုံသားကို အပေါ်မှ ဖိပေးပါ။ ပြီးလျှင် လက်ဖြင့်ကိုင်ပြီး မိမိလိုချင်သော အရှည်အနေထားထိ သာသာဆွဲပြီး ဆီပူ ထည့်ချကြော်ပါ။

၇။ ဆီပူထဲ ချကြော်စဉ် တူဖြင့် မုန့်ကို ပွလာစေရန်လှုပ်ခပ် ထိုးဆွပေးရပါမယ်။ ရွှေဝါရောင် ရသည်ထိကြော်ပြီး ဆယ်ယူ ဆီစစ်ကာ ပူပူနွေနွေး သုံးဆောင်နိုင်ပါပြီ။

ရာသီဥတု အရမ်းမပူပြင်းပါက ညတွင် နယ်ထားပြီးအပွခံထားကာ မနက်မှ ပြန်နယ် အပွခံကာ ပြုလုပ်နိုင်ပါတယ်။ ရေခဲသေတ္တာ အလွန်မအေးသော အထပ်တွင်လည်း ထားနိုင်ပြီး ကျန်လုပ်နည်း အဆင့်များ အားလုံး တူတူပင် ဖြစ်ပါတယ်။

Credit – မူရင်းရေးသားသူ